Friday, January 11, 2013

အကြင်နာစိမ်း

 

တကယ်လို့..
နင့်အပေါ် ငါ့ထက်ပိုချစ်တဲ့သူ တွေ့သွားပြီလို့ နင်ယူဆမိတဲ့အခါ
နင့် နှလုံးသားက နောင်တတွေနဲ့ ငိုကြွေးနေလိမ့်မယ်
"နင့်သူ့ကို အစောကြီးကတည်းက မတွေ့မိလို့ " ဆိုပြီးပေါ့

တကယ်လို့
ငါ့အပေါ် နင့်ထက်ချစ်နိုင်တဲ့သူ တွေ့တဲ့ တနေ့
ငါနှလုံးသားက ဂုဏ်ယူစွာနဲ့ ပြုံးနေမိလိမ့်မယ်
"ငါနင့်အပေါ် သိပ်ချစ်လွန်းတာပဲ " ဆိုပြီးပေါ့..

ဟုတ်တယ်.. ချစ်သူရေ
နင့်ကိုမချစ် မိခင်ကတည်းက
ငါ့အပေါ် နင့်ထက်ချစ်တဲ့ သူတွေ အများကြီးရှိမှာပါ
ဒါပေမယ့် ..
သူတို့က နင်မှ မဟုတ်တာလေ..

တကယ်ချစ်မိတော့လဲ သိသိကြီးနဲ့ မိုက်နေမိတာ
ငါပါပဲဟာ..

(လွမ်းဝေ)

 

စွန့်လွှတ်ခြင်းက မြင့်မြတ်ပါတယ်...ဟုတ်လား.....ဒါဆိုရင်...

တစ်သက်စာကျပျောက်သွာတဲ့ငါ့ညတွေထဲမှာ


အကြင်နာတရားတွေတော့ ရှိနေဦးမှာသေချာတယ်။
မျက်စိတစ်ချက်အကြည့်မှားပြီး
နှလုံးသားလေးပြူကြည့်ယုံရှိသေး
နင်ပိုင်ဆိုင်သွားတာက များလွန်းတယ်....။
ပြန်တောင်းလို့ ရတဲ့အရာတွေလား....
ငါ့နှလုံးသားချိတ်ပိတ်ခံလိုက်ရတာကို တွေးမိတိုင်း....
ငရဲမီးတွေကပဲ ငါ့အလွမ်းကို ငြိမ်းချမ်းစေနိုင်တယ်..။
ပြီးပြီးရောလုပ်ခဲ့လို့ ပေါပေါကြီးရလိုက်တာဆိုတော့လဲ
မှတ်ကျောက်အတင်မခံလိုက်ရတဲ့ ရူးသွပ်မှုကို နင်အားနာနေမှာ မဟုတ်ပါဘူးလေ...။
သွေးညစ်ညစ်နင့်အချစ်တွေကို ဖောက်မထုတ်ပြစ်ရက်ပေမဲ့
နင်သွေးသစ်လောင်းဖို့ အတွက်....
တစ်သက်စာကျပျောက်သွားတဲ့ ငါ့ညတွေထဲမှာ
အကြင်နာတရားတွေတော့ ရှိနေဦးမှာသေချာတယ်။
နန်းရှင် 

1 comment:

စံပယ်ချို said...

ခုလက်ရှိလောကကြီးကိုက
ပြန်တောင်းမရတဲ့အရာတွေနေရာတကာသိပ်များတယ်