Thursday, January 17, 2013

အချစ်ဆိုတာ (ကျမ နဲ့ နန်းရှင် ၏ ခံယူချက်)

ချစ်သူလျှောက်မယ့် ဘ၀ခရီး လှပစေဖို့ ဖိနပ်လေးတစ်ရံဖြစ်ခွင့်ရမယ်ဆိုလည်း ကျေကျေနပ်နပ်ခေါင်းငြိမ့်လိုက်ကြတာလည်း အချစ်လို့အမည်တွင်တာပါပဲ 
အချစ်ဆိုတာ ..တခါတရံ မာန်မာနတွေကင်းပြီးပကထိ ဖြူစင်နေတတ်ပါတယ်
အပြစ်လို့ အမြဲတမ်းမြင်နေတဲ့ လူတယောက်အဖို့ အမြင်ကြည်လင်ဘို့ လည်းလိုပါတယ်
သက်ဆိုးရှည်ခြင်းအစာမကြေခြင်းသည်ကာယကံရှင်ပေါ်တွင်သာမူတည်ပါသည်။ အပြစ်မြင်လျှင်အချစ်မ၀င်ပါ။ အချစ်ဝင်လျှင်အပြစ်မ၀င်ပါ။

အချစ်ဆိုတာ နှစ်ယောက်ထဲရှိတဲ့အခါမှာ အလွန်တရာချိုမြိန်လှပါတယ် တတိယလူလို့ အမြင်ရှိလာတဲ့အခါမှာ အစာမကြေခြင်းတွေဖြစ်လာပြီး သေသွားနိုင်တာပါ။ အချစ်စစ်အချစ်မှန်သည် သေရိုးထုံးစံမရှိပါ။
အချစ်ဆိုတာ စတင်ဖို့ လွယ်ကူတယ် တဲ့လား အဆုံးသတ်ဖို့  အရမ်းခက်တယ်တဲ့လား အိမ်ထောင်တခုထူထောင်ပြီးတဲ့ ဗုဒ္ဓဘာသာဝင်ယောင်္ကျားကောင်းတယောက်မှာ သစ္စာတရားသာရှိခဲ့ရင် မလွယ်ကူတော့ပါဘူး
 (အချစ်ကိုချစ်၍စစ်ကိုမုန်းပါသည်။   သို့ သော်...အချစ်စစ်အတွက်စစ်ဖြစ်နေရသည်။)
နန်းရှင်

No comments: