Thursday, January 17, 2013

"ရင်မှာတောင်းသောဆု"






ရှိသမျှဝဋ်တွေ
ကျေပါစေလို့
အစိန္တေယျ... အစိန္တေယျ အစနဲ့
မြတ်ဗုဒ္ဓရဲ့ ခြေတော်ကိုခပြီး
ဆုတောင်းရပြီသခင်။

ပြုသမျှကောင်းမှု
အစုစုကိုရည်ပြီး
ခုဘဝကစလို့
နောင်ဘဝတို့ ရှိခဲ့လျှင်
သစ်ပင်ဖြစ်ရင်တောင်မှ
အမြစ်တွေ မပြတ်ပါစေသားသခင်။

မဆိတ်သုဉ်းတဲ့မေတ္တာ
သစ္စာရဲ့အရိပ်နဲ့
အထိတ်တလန့် အမုန်းများ
ဖုံးမသွားပဲ ချစ်ပါရစေသားသခင်။

မချစ်တဲ့သူနဲ့နီး
ချစ်တဲ့သူနဲ့ အဝေးကြီးမဖြစ်ပါရစေသား။

ချစ်သူချစ်လျှက်နဲ့
ပြစ်မယူမုန်းမစွက်ပဲ
တစ်ရက်ပဲဖြစ်ဖြစ်
တစ်သက်ပဲနေနေ
တစ်မြေစီမဝေးပဲ
အမြဲအတူနေဘဝနဲ့
သခင်ရေ....ဖြစ်ပါရစေသား...။ ။

မင်းကြည်ညို

"ရင်မှာတောင်းသောဆု"


ရှိသမျှဝဋ်တွေ
ကျေပါစေလို့
အစိန္တေယျ... အစိန္တေယျ အစနဲ့
မြတ်ဗုဒ္ဓရဲ့ ခြေတော်ကိုခပြီး
ဆုတောင်းရပြီသခင်။

ပြုသမျှကောင်းမှု
အစုစုကိုရည်ပြီး
ခုဘဝကစလို့
နောင်ဘဝတို့ ရှိခဲ့လျှင်
သစ်ပင်ဖြစ်ရင်တောင်မှ
အမြစ်တွေ မပြတ်ပါစေသားသခင်။

မဆိတ်သုဉ်းတဲ့မေတ္တာ
သစ္စာရဲ့အရိပ်နဲ့
အထိတ်တလန့် အမုန်းများ
ဖုံးမသွားပဲ ချစ်ပါရစေသားသခင်။

မချစ်တဲ့သူနဲ့နီး
ချစ်တဲ့သူနဲ့ အဝေးကြီးမဖြစ်ပါရစေသား။

ချစ်သူချစ်လျှက်နဲ့
ပြစ်မယူမုန်းမစွက်ပဲ
တစ်ရက်ပဲဖြစ်ဖြစ်
တစ်သက်ပဲနေနေ
တစ်မြေစီမဝေးပဲ
အမြဲအတူနေဘဝနဲ့
သခင်ရေ....ဖြစ်ပါရစေသား...။   ။


                                                           


                                                         မင်းကြည်ညို
အချစ်မှာ ဂုဏ်ဒြပ်တွေ မရှိဘူး
ဒါပေမယ့် အချစ်မှာ အသွားအပြန်ဆိုတဲ့ နှစ်ဦးနှစ်ဖက်အချစ်တော့ရှိတယ်
အချစ်မှာ စွန့်လွတ်ခြင်းဆိုတာ မရှိဘူး
ဒါပေမယ့် အချစ်မှာ သူပျော်ရင်ကျေနပ်တယ်ဆိုတဲ့ ပေးဆပ်အချစ်တော့ ရှိတယ်
အချစ်မှာ မာန်မာနဆိုမရှိဘူး 
ဒါပေမယ့် ကိုယ်ချစ်သူက သူများထက်ပိုပြီ ကိုယ့်အပေါ်ဂရုစိုက်စေချင်တဲ့ အတ္တတော့ရှိတယ် 
အချစ်မှာ အစွန်းရောက်အချစ်ဆိုတာမရှိဘူး 
ဒါပေမယ့် လူတစ်ယောက်ကို အဆုံးထိချစ်တဲ့အချစ်တော့ရှိတယ်
Poem
မာန်လျှော့အားငယ်
ညဥ့်နက်နယ်ထဲ ၊ အမှောင်ထဲမှာ …၊
တစ်ယောက်တည်းသာ ၊ နေ၀ံ့ပါတယ်
မညှာတာရင်
ထားခဲ့ပါ …. ။ ။

~~ မောင်လှမျိုး -ချင်းချောင်းခြံ ~~

No comments: