Thursday, February 28, 2013

မလေးရှားမှ အမှတ်တမဲ့

မလေးရှားနိုင်ငံ Pudu Raya ဟုခေါ်သောကားဂိတ်ကြီးတွင် အထဲဝင်ရန်အပေါက်သည်လည်း လူရိပ်ကျမှပွင့်တတ်သောမှန်တံခါးများဖြစ်ပါသည်။ အခြားသောကာရံထားသောနေရာတိုင်းတွင်လည်း မှန်များသာဖြစ်ပါသည်။ ကျမ၏ သူငယ်ချင်းတယောက်သည် လူကြိုလူပို့ သောအလုပ်ကိုလုပ်သောကြောင့် အစဉ်အမြဲတမ်းထိုကားဂိတ်သို့ သွားနေကြဖြစ်ပါသည်။ လူကြိုခြင်းအလုပ်သည် ထိုင်းမှ ၀င်လာသောကားများကို သွားရောက်စောင့်၍ ပါလာသောလူအား သူသွားလိုသောနေရာ သို့ ရောက်အောင်လိုက်ပို့ ရခြင်းပါ။ ထိုင်းမှ ကားများကလည်း မနက်မိုးလင်း လေးနာရီ နှင့် ငါးနာရီ ကြားတွင်ဝင်တတ်ပါသည်။ တနေ့ နံနက် သူသည် လူရောက်မည်ဆိုသောကြောင့် ကားဂိတ်သို့  သွားခဲ့ပါသည်။ ကားဂိတ်ရောက်သောအခါ သူ ၀င်နေကြမှန်တံခါး မှ ၀င်လိုက်ရာ လူပါနောက်ပြန်လဲကျသွားပါသည်။ အိပ်ချင်မူးတူးဖြစ်နေသောကြောင့် မှန်တံခါး ဟုထင်ပြီး ၀င်လိုက်သောနေရာသည် တံခါးနေရာမဟုတ်ဘဲ ကာထားသောမှန် ဖြစ်သောကြောင့် မှန်နှင့်တိုက်မိပြီး နောက်ပြန်လဲကျခြင်းဖြစ်ပါသည် ။
ဘေးဘီကို ကြည့်ပြီး ရှက်ကိုးရှက်ကန်းနှင့် တံခါး နေရာကို အသေအချာ ပြူးပြဲ ရှာ၍ ၀င်လိုက်ရပါတော့သည်။ သူပြန်ပြောပြသောကြောင့် သိလိုက်ရပြီး နောက်ပိုင်း မှန်တံခါးမြင်လျှင် သူ့ ၏ အမှတ်တမဲ့  အဖြစ်အပျက်တခုကို သတိရပြီး ပြုံးမိပါသည်။


Monday, February 25, 2013

မလေးရှားမှ ကြားဝင်ခဲ့ခြင်း (သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျား)

Facebook ထဲဝင်ကြည့်ရင်းမှ ညီမလေး တဦးရေးထားသော သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျားတို့ ဖေါက်ပြန်ကြသည်ဆိုသောစာသားလေးကို တွေ့ ၍ ကျမကိုယ်တွေ့ မြင်သိခဲ့ရသောအဖြစ်အပျက်လေးတခုကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ ကျမအလုပ်သမားလိုလျှင်သွားရှာနေကြ ကပုန်းမှ မြန်မာလက်ဘက်ရည်ဆိုင်နားတွင်ဖြစ်ပါသည်။ ဗမာလူမျိုး အမျိုးသားနှင့် ဖိလစ်ပိုင်အမျိုးသမီးတဦး တို့ အတူတကွနေထိုင်ကြပြီး သားယောင်္ကျားလေးတယောက်မွေးဖွားထားသည်မှာ သုံးနှစ်ကျော်ခန့် ရှိပါပြီ။ သူတို့ အိမ်ထောင်သက်ဘယ်လောက်သက်တမ်းလဲခန့် မှန်းကြည့်လျှင်သိနိုင်ပါသည်။ နောက်တစ်စုံတွဲက ဗမာအမျိုးသားနှင့် အင်ဒိုနီးရှားအမျိုးသမီးတယောက် အတူတကွနေထိုင်ပြီး သမီးလေး တယောက်မွေးဖွားထားသည်မှာ တစ်နှစ်ကျော်ကျော်ခန့် ရှိပါသည်။ သို့ သော် ခလေးအားမွေးဖွားပြီး ခြောက်လခန့် တွင် အင်ဒိုနှီးရှားသို့ ပြန်ပို့ လိုက်ပြီဖြစ်ပါသည်။  ဖ မဟုခေါ်သော ဖိလစ်ပိုင်မက သူ၏ခလေးအား သူမိဘများထံသို့ ပြန်ပို့ ရန် အတွက် ဖိလစ်ပိုင်သို့ ပြန်သွားပါသည်။ ထိုအချိန်တွင်ပင် အင်ဒိုနီးရှားကိုယူထားသော ဗမာ အမျိုးသားက လည်း မြန်မာပြည်သို့ ပြန်သွားခဲ့သော အချိန်ကာလဖြစ်ပါသည်။ ဖ မကိုယူထားသောဗမာတွင် မလေးရှားနိုင်ငံထုတ် Tico ဟုခေါ်သော ကားသေးလေးကို စက်ရုံမှပေးထားပါသည်။ သူက မိန်းမနှင့်ခလေးပြန်သွားသောကြောင့် စက်ရုံတွင်ပင် နေထိုင်ပါသည်။ သို့ သော် အလုပ်ပြီးချိန်တိုင်းတွင် သူသည် ဗမာများနေထိုင်သောအိမ်သို့ ကားလေးနှင့် လျှောက်လည်တတ်ပါသည်။ ထိုသို့ နှင့်သုံးလခန့် ကြာသောအခါ သူသည် အ မနေထိုင်သောအိမ်တွင်သာ ရေချိုးခြင်း ထမင်းစားခြင်းများကို ပြုလုပ်နေပါပြီ။ အ မကလည်း သူမလာလျှင်စက်ရုံသို့ လိုက်နေပါပြီ။  သို့ သော် ညအိပ်ချိန် စက်ရုံသို့ ပြန်အိပ်ပါသေးသည်။ အ မနှင့်အတူနေသော ဗမာများ ကလဲ စက်ရုံမှ ပေးသောအိမ်သို့ ပြောင်းနေသောကြောင့် အ မကလဲတယောက်ထဲဖြစ်နေပါသည်။ သူတို့ နှစ်ယောက်အတွက် အစစ အရာရာ ဖေါက်ပြန်ရန်အတွက် ရေကန်အသင့်ကြာအသင့်နှင့် အခြေအနေက ပေးနေပါပြီ။ သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျားတို့ ဖေါက်ပြန်နေ ကြပါသည်။ ထိုသို့ သောအနေအထားတွင် ကျမကြားဝင်ခဲ့ပါသည်။
ကျမ ဖ မထံသို့ ဖုန်းဆက်၍ အမြန်ပြန်လာသင့်ကြောင်း သူမ၏သူဌေးအိမ် နှင့် အေးဂျင့်သို့  သွားရောက်ခြင်း များကို ပြုလုပ်ပေးခဲ့ပါသည်။  ကျမပြုလုပ်ပေးခြင်းမှာ ခလေးများမျက်နှာကို ကြည့်၍ မိစုံဖစုံ အတွက်ကူညီပေးခဲ့ခြင်းပါ။  တစ်လခန့် အကြာတွင် ဖ မပြန်ရောက်လာပါသည်။ ထိုသူက နှစ်ယောက်ပေါင်း ပေါင်းမည် ဟုပြောပါသည်တဲ့။ ဖ မက သူ့ အမျိုးသား သွားရာနောက်တကောက်ကောက်လိုက်ခြင်းဖြင့် ထိမ်းသိမ်းလိုက်သော်လည်း မြန်မာပြည်ပြန်သွားသော အ မ၏အမျိုးသားကတော့ ထိုအကြောင်းများကို ကြားပြီး မြန်မာပြည်မှပြန်မလာတော့သောကြောင့် အ မပါမစ်သက်တမ်းကုန်သည်အထိအလုပ်လုပ်၍  အင်ဒိုနီးရှားသို့ ပြန်သွားပါသည်။ ကျမရှိနေစဉ်တွင်ပင် ကြားရသည်ကတော့  ဟောင်ကောင်သို့ အိမ်ဖေါ်သွားလုပ်သည်ဟုသိခဲ့ရပါသည်။ နောက်ဆုံးကောက်ချက်ချမိသည်က မိန်းမများသစ္စာမရှိလျှင် ယောင်္ကျားများက ခွင့်မလွှတ်ပါ။ ယောင်္ကျားများဖေါက်ပြန်လျှင် မိန်းမများ ကသာလျှင် ခွင့်လွှတ်ကြပါသည်ဟု.............................။

Saturday, February 23, 2013

မလေးရှားမှ ပြုံးတော်မူ

ကျမဈေးဝယ်နေကြဆာလာရန်းရှိအသစ်ဖွင့်သောဆိုင်တွင် ဆန်နှင့် အခြား လိုအပ်သော အသုံး အဆောင် များဝယ်ရန် အလုပ်သမားနှစ်ယောက်နှင့်အတူ လာခဲ့ကြပါသည်။ ကျမကားပါကင်ထိုးပြီးချိန်တွင် နှစ်ယောက်ထဲမှ တယောက်က အမ ကျနော် ဖိနပ်လိုချင်လို့  ဟုပြောသောကြောင့် သွားလေနင်တို့ ကြည့်ပြီး ၀ယ်ပေါ့ ဆို၍ တွန်းလှည်းနှင့်ကျမတယောက်ထဲ ထွက်ခဲ့ပါသည်။ ကျမလိုအပ်သည်များ ကိုဝယ်ယူပြီးချိန်အထိ ထိုနှစ်ယောက်ကို မတွေ့ မိသေးပါ။ ကျမကောင်တာတွင်ငွေရှင်းနေချိန်တွင်ရောက်လာပါသည်။ ကျမက ရခဲ့ပြီလား ဟုမေးရာ အမကိုစောင့်နေတာ အမကိုမေးမလို့  ဆို၍ ငွေရှင်းပြီး သူတို့ နောက်လိုက်ခဲ့ပါသည်။ ဖိနပ်များထားသောနေရာသို့ ရောက်ရာ ကျမလဲဝိုင်းရွေးပေးပြီး ဟဲ့ နင်နဲ့ တော်လားမတော်လား တိုင်းယူနော် လို့ ပြောလိုက်သောအခါ ဖိနပ်လိုချင်သောတယောက်က ပြန်ပြောလိုက်သည်မှာ အမ ဖိနပ်က အကြီး နဲ့ အသေး ဈေးအတူတူဘဲမှတ်လား ကျနော် အကြီးဘဲယူလိုက်တော့မယ် ဟုဆိုလေသတည်း။


Wednesday, February 13, 2013

ချစ်ခင်ပွန်းနန်းရှင်အတွက် (Valentine)လက်ဆောင်


“ မင်းမမှန်ရင်မင်းတရားခံဖြစ်မယ် ။ငါမမှန်ရင်ငါတရားခံဖြစ်မယ် ။တရားဆိုတာညှာလည်းမညှာညာလည်းမညာသာစေ နာစေ မရှိ 
ပကတိသူ့ သဘော သူဆောင်ခြင်း ပဲ။
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့မင်းရဲ့အနာဂါတ် ။
မပတ်သက်ချင်လို့ မရ မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။
မင်းဘာလဲ မင်းဘယ်သူလဲ မင်းဟာ မင်းဘဲ ။ ” 
~ ဆရာတင်မိုး ~
Angelhlaing
  "serious"

တစ်စုံတစ်ခုကြောင့်များ ...ဘ၀ဟာ မှားခဲ့သလား ...အရာအားလုံးဟာ .. တုန်တုန်ရီရီ ..။
ကိုယ် မင်းကို မပြတ်နိုင်ဘူး     မင်း သတင်းကြားရင် မနေနိုင်ဘူး      မင်းကိုလွမ်းတဲ့စိတ်နဲ့ မဖြေနိုင်ဘူး
အားလုံး အသစ်ပြန်စလို့ရရင် ........အားလုံး အချစ်ပြန်ဖြစ်လို့ရရင် .......မျိုသိပ်ထားပေမယ့် ကိုယ် သိပ်အားငယ်ပါတယ်။
ဟန်ဆောင်ထားပေမယ့်   တကယ်အနားမှာမရှိတော့မှ ... ပိုချစ်လာရတယ် ...။
ပစ်မသွားပါနဲ့ အခါခါ . ဖုန်းတွေဆက်    အက်ကွဲကြောင်းတစ်ခုရဲ့ အဆုံးသတ်ကိုသုံးသပ်ဖို့အင်အားတောင်မရှိနိုင်တော့။
ကဗျာတွေ ကိုယ်ရေးခဲ့တိုင်းကိုယ်နဲ့ထပ်တူ လက်ချောင်းသွယ်ဖြူဖြူလေးတွေလည်းကဗျာရေးနေမလား..တွေးဖူးတယ်။
J'Bon ကော်ဖီဆိုင်ကHot chocolet တစ်ခွက်လည်းအိပ်မက်ထဲမှာ ခါးလိုက်တာ အချစ်ရယ်။
အညတရ စာမျက်နှာထက်မှာမင်း ကိုယ့်ကို ဖယ်ထုတ်လိုက်သလိုဘ၀ရဲ့ စာမျက်နှာထက်မှာရောမင်းအတွက်ကိုယ်ရှုပ်နေပြီလား .....၊
အားလုံး ဟားတိုက်ကြတဲ့ ... ဒဏ်           ကိုယ် ... ခံနိုင်ရည်ရှိပါတယ်။
ဘယ်သူတွေဘယ်လိုကြည့်ကြည့်       ကိုယ်က .. မင်းမျက်နှာပဲ ကြည့်ခဲ့တယ်။
အခုတော့လည်း .....သံယောဇဉ် တစ်ပင်တင်းရင်း   လွမ်းနေ ...တဲ့ အချိန်ကာလ .. အပိုင်းအစတွေထဲ ကိုယ်တဖြည်းဖြည်း ကြေကွဲ       မင်းရေးဖူးတဲ့ ကဗျာတွေပဲ သတိရပြိုလဲ ၀မ်းနည်းခြင်းတွေသာ ...
အမှတ်တရအဖြစ် ... ကျန်ရစ်တယ် ....။ ။

Thursday, February 7, 2013

မွေးနေ့  (သေဆုံးခြင်းများ) အမှတ်တရ


ကျမဖေဖေက၀န်ထမ်းတယောက်ပါ။ ထားဝယ်မှာတာဝန်ကျနေတုန်းက ကားရလို့  ကားမောင်းရင်းမှ ကားညာဘက်သို့ ဆွဲဆွဲသွားသောကြောင့် ဆေးခန်းသွားပြခဲ့ပါသည်။ ထားဝယ်မှ ဆရာဝန်ကြီးဦးဖိုးတုတ်က ရန်ကုန်သို့ အမြန်ပြန်၍ မိသားစုပင်စင်တင်သင့်ကြောင်း နှင့်ဆေးကုသဘို့ အကြံဥဏ်ပေးခဲ့ပါသည်။ သို့ နှင့်ဖေဖေကို ရန်ကုန်သို့ ပြန်ခေါ်လာခဲ့ပါသည်။ ဆေးခန်းပြောင်းများစွာကို အစိုးရိမ်ကြီးစွာ လိုက်ပြနေသောမေမေ့ခမျှာသနားစရာပင်။ အဖြေရလာခဲ့ပါပြီ။ အဆုတ်မှာ အကြိတ်တွေ့ ပါသည်တဲ့။ အဆုတ်ကင်ဆာလို့ ခေါ်ပါသည်။ ကျမဖေဖေ ဆေးလိပ်အလွန်ကြိုက်သောကြောင့် ဆေးလိပ်`၏ ဆိုးကျိုးကို စတင်ခံစားရပါပြီ။ ဖေဖေ နေမကောင်းသောကြောင့် ကျမတို့ ဇနီးမောင်နှံကို အိမ်ပေါ်သို့ ပြန်ခေါ်ခဲ့ပါသည်။ ကျမသားလေး နှစ်လခန့် ရှိနေပါပြီ။ ကျမအမျိုးသားရုံးကပြန်လာလျှင် ကျမဖေဖေကို ပြုစုရန် မေမေတယောက်ထဲမနိုင်သောကြောင့်ဖြစ်ပါသည်။ ကျမကတော့ ခလေးငယ်သေး၍ ဖေဖေ့နားနေရုံလောက်သာရပါသည်။ ကျမဖေဖေ ရှစ်လတိတိ အိပ်ရာထဲလဲခဲ့သောကြောင့် ကျမလဲ ကျမကိုယ်ကျမ ဂရုမစိုက်ဖြစ်ခဲ့ခြင်းပါ။ ကျမသားလေး ကိုးလတွင် ကျမဖေဖေဆုံးပါသည်။ ကျမ အတွက် ပြန်သတိထားမိလိုက်ချိန်တွင် ကျမမှာ ကိုယ်ဝန်နှစ်လ ရှိနေပါပြီ။ ညစဉ် ညတိုင်း ဖေဖေ နှင့်လူနှစ်ယောက်နောက်ကလိုက်လာသည်ကို အိမ်မက်မက်ပါသည်။ ကျမဘယ်လို လုပ်ရမည် ကိုမသိတော့ပါ။ ကျမ ကိုယ်ဝန် ပျက်ကြသွားခဲ့ပါသည်။ ကျမ မေမေက  သစ်တော်သီးစားမလား လို့ မေးတော့ ဘာမှစားချင်စိတ်မရှိသောကျမ စားလိုက်မိပါသည်။ ထိုနေ့ ညနေ ကျမအတွက် ကံဆိုးမိုးမှောင်ကျပါပြီ။ ကျမ အဖျားတွေတက်ပြီး ခြုံထားသောစောင် တရမ်းရမ်းဖြစ်နေသောကြောင့် မေမေက ကျမကိုလှုပ်နိုးရာ ကျမမနိုးတော့ပါ။ ချက်ခြင်းပင်ဆေးရုံသို့ သွားခဲ့ပါသည်။ ကျမကားပေါ်တွင် လိုက်ပါနေသောအချိန် အပြင်က မီးရောင်များကို မြင်နေရပါသည်။ ဆေးရုံသို့ ရောက်သောအခါ ကျမ မေးခိုင်နေပါသည်။ ကျမစကားပြောလို့ မရတော့ပါ။ ကျမကို ဆရာဝန်လေးတယောက်က ပါးကိုခပ်စပ်စပ်လေး ရိုက်ရိုက်ပြီးမေးနေပါသည်။ နာမည်ဘယ်လိုခေါ်သလဲ နှင့်အကြိမ်ပေါင်းများစွာမေးနေပါသည်။ ကျမသိနေသော်လည်းပြန်ပြောလို့ မရခဲ့ပါ။ နောက်ဆုံး အချိန် ကျမကို အားယူ၍ပြောရန် ကြားလိုက်သောကြောင့် အတင်းညှစ်ထုတ်ပြီး ပြောလိုက်ရာ အသံထွက်သွားခဲ့ပါသည်။ တိုသို့ မှ ကျမအား ခွဲခန်းထဲသို့ သွင်း၍  သန့် ရှင်းရေးလုပ်ပေးပြီး ဆေးတလုံးထိုးပေးပါသည်။ ကျမဘာဆိုဘာမှမသိတော့ပါ။ ကျမသတိရသည့်အချိန်တွင် ကျမနံမည်တွင်နေသည်က သားအိမ်ပုတ်နေပါသည်။ အနံ့ တောင်ထွက်နေပါသည်။ အချိန်များ နဲနဲလေးနောက်ကျခဲ့လျှင် သေနိုင်ပါသည်တဲ့။ ကျမအသက်ဘေးကသီသီလေးလွတ်ခဲ့ရပါသည်။ 

Wednesday, February 6, 2013

တဖက်သတ်စီရင်ခြင်း

အကိုကို့ ဒုကသည်စခန်းမှာစောင့်နေတဲ့အမတယောက်ရှိကြောင်းကိုယ့်ကြောင့်
လူတယောက်စိတ်ဆင်းရဲနေလျင်အကိုဒီဘဝမှာပျော်နိုင်မှာလားစတဲ့စကား
လေးတွေပြောဖြစ်ပါသေးတယ်။သူကပြန်ပြောတာက

(ကျွန်တော်လည်း ဗုဓ်ဒ ကို လေးစားသူပါ။ခင်ဗျားလည်း လေးစားတယ်
ဆို ရင် ကေသီ မြင်းထိန်းအကြောင်းကိုလေ့ လာပါတဲ့။ကျွန်တော့် နဲ့
ပတ်သက်သမျ တရားသဘောနှင့်အညီဖြစ်လာပါလိမ့်မ
ယ်။ )

အဲ့ဒါကိုနန်းရှင်ဆိုတဲ့ ကျမအမျိုးသားကကျမနဲ့ ပတ်သက်ပြီး သူ့ ရဲ့ သဘောထားကို ပြောတာပါတဲ့
ကျမနဲ့ ဘယ်လိုမှ မပတ်သက်တဲ့အကြောင်းပါ ကျမဆိုတာထက် အိမ်ထောင်တခုမှာဆိုရင်ပိုမှန်မှာပါ
ကေသီမြင်းထိမ်း က မြင်းတွေကို အနုနည်း အကြမ်းနည်း အသေသတ်တဲ့နည်းတွေနဲ့ ထိမ်းပါတယ်တဲ့
ဘုရားရှင်ကို လျှောက်ပါတယ်တဲ့ အရှင်ဘုရားကကော ရဟန်းတွေကိုဘယ်လိုနည်းနဲ့ ဆုံးမပါသလဲ တဲ့
မြတ်စွာဘုရား ကအနုနည်းနဲ့ တန်တဲ့ရဟန်းကို အနုနည်းနဲ့  အကြမ်းနည်းနဲ့ တန်တဲ့ရဟန်းကို အကြမ်းနည်း နဲ့  အသေသတ်ဘို့ တန်တဲ့ရဟန်းကို အသေသတ်တဲ့နည်းနဲ့ တဲ့ အသေသတ်တယ်ဆိုတာအသက်သတ်တာကိုခေါ်တာမဟုတ်ပါဘူးတဲ့ သူ့ ဘ၀ကိုသတ်လိုက်တာပါတဲ့ အဲ့ဒါက ဆိုလိုပါတယ် ကျမသိသလောက်ပြန်တင်ပေးတာပါ အမှားပါခဲ့တယ် မကျေနပ်ခဲ့ဘူးဆိုရင်လဲ ကြိုတင်တောင်းပန်ပါတယ်။

အိမ်ထောင်တခုမှာ အိမ်ထောင်ရှင်ယောင်္ကျားတယောက်က တရားဝင်လက်ထပ်ထားတဲ့မိန်းမ ကို ကေသီမြင်းထိမ်း လို ထိမ်းပြီး သူ့ ဘ၀ကို သတ်လိုက်တာပါတဲ့  မကြားဘူး ဘူးနော် မှတ်သားစရာပါ။

http://www.facebook.com/bago.thar.902  

အနိုင်လိုသူနဲ့ချိုင်လိုသူတို့ ကြား မဆိုင်သလိုနေပြီး
ဒိုင်ရှိုလေးနဲ့ ထိုင်ငိုရတဲ့ရက်တွေမြန်မြန်သာ ပျက်ကြွေပါစေတော့...လို့ ။


အချစ်ကိုချစ်၍   စစ်ကိုမုန်းပါသည်။
သို့ သော်...အချစ်စစ်အတွက်    စစ်ဖြစ်နေရသည်။