Saturday, January 19, 2013

နန်းရှင်နှင့် စတင် တွေ့ ဆုံခြင်း (အိမ်ထောင်ကျခဲ့ခြင်း) အကြောင်းရင်း

ကျမဖြေရှင်းပြပါရစေနော် ကျမရဲ့ ဘ၀အစကနေ မိဘကျွေးခဲ့တဲ့အချိန်ကိုထားခဲ့လိုက်မယ်နော် ကျမပထမနှစ်(သင်္ချာ)စာမေးပွဲဖြေခါနီးမှာ ဆယ်ရက်ကျောင်းပိတ်ပေးတာကို အလွဲသုံးစားလုပ်ပြီး ချစ်သူနဲ့ လျှောက်လည်ရင်းနဲ့ အိမ်ထောင်ကျခဲ့ပါတယ် ပြီးတော့ သားတယောက် သမီးတယောက်ရခဲ့ပါတယ် နိုင်ငံခြားဆိုတဲ့ရောဂါစရလာတာနဲ့  အပြင်ထွက်ဘို့ ကြိုးစားမိတယ် ပထမ ဟောင်ကောင်ကိုသွားပါတယ် အဆင်မပြေပါဘူး ဒုတိယ စင်္ကာပူကိုသွားဖြစ်တယ် ပြန်လာခဲ့ရတယ် တတိယ မလေးရှားမှာ ကျားကုတ်ကျားခဲနဲ့ ကြိုးစားလိုက်တာ အဆင်ပြေသွားတယ် ဒါပေမဲ့ အဲ့ဒီရောဂါကြောင့် ခင်ပွန်းနဲ့ သေကွဲကွဲခဲ့ရတယ် ကျမ ထိုင်းကိုရောက်လာတယ် မဲဆောက်မြို့ မှာနန်းရှင်နဲ့ ဆုံခဲ့တယ် နန်းရှင်က ကျမရဲ့ ကိစ္စတခုကြောင့် ကျမဆီကို ဖုန်းဆက်လာတယ် သူနဲ့ တွေ့ ဘို့ ကားဂိတ်ကိုချိန်းတယ် သူဘယ်သူမှန်းမသိသေးတဲ့အတွက် ကျမကားဂိတ်ကဆင်းဆင်းခြင်း ရုံးခန်းတခုကိုသွားခဲ့တယ် သူဖုန်းဆက်တော့ ကျမရုံးခန်းမှာရှိနေတဲ့ အကြောင်းပြောလိုက်တယ် သူလာခဲ့ပါမယ်တဲ့  နာရီဝက်လောက်ကြာတဲ့အချိန်မှာ သူရောက်လာတယ် ၀င်ဝင်ခြင်းမှာ ကျမကိုပြုံးပြတယ် အဲ့ဒီအပြုံးက ကျမအတွက် တသက်စာဖြစ်သွားခဲ့တာကျမတောင်မသိလိုက်ဘူး သူနဲ့ ကျမတနေ့ လုံး အဲ့ဒီရုံးခန်းမှာတွေ့ ခဲ့တယ် သူလဲသူလုပ်စရာရှိတာလုပ်ပြီး ညနေကျတော့ ကျမနေတဲ့နေရာ(ရုံးခန်းကနေဘို့ ပေးထားတဲ့နေရာ)ကိုလိုက်ပို့ တယ် ပြီးတော့ ညတညလုံးဖုန်းဆက်တယ် ကျမနေတဲ့နေရာနဲ့ မဲဆောက်က တနာရီခွဲလောက်ကားစီးရသေးတယ် ကားကလဲအချိန်နဲ့ မှရှိတာမို့ ကျမမပြန်ဖြစ်ခဲ့တာ ကျမကမနက်ပြန်မယ်ဆိုတဲ့အကြောင်းပြောတော့ သေူကမပြန်ဘို့ နဲ့  ကျမကိစ္စကိုသူတာဝန်ယူကြောင်း ပြောလို့ ယုံကြည်သောစိတ်ဖြင့် နှစ်ဦးသဘောတူ အပေးအယူလုပ်ပြီး မနက် တွေ့ ဘို့ ချိန်းလိုက်ကြတယ် မနက်မိုးလင်းတော့ ကိုးနာရီလောက်မှာ သူရောက်လာတယ် ကျမကို ရုံးကလူကကားဂိတ်ကိုလိုက်ပို့ တယ် (ရုံးကတော့ပြန်သွားပြီလို့ ထင်အောင်ပါ) သူက လိုက်လာ ပြီးတော့ ဈေးဘက်ကိုခေါ်သွားတယ် ကျမနဲ့ အတူတူဈေးထဲမှာ (ကျမမှာဘာမှမပါလာလို့ အ၀တ်အစားကအစ)လိုအပ်တာတွေဝယ်ကြတယ် အိမ်ခန်းငှားပေးဘို့ လိုက်စုံစမ်းတယ် အိမ်ခန်းရတော့ ကျမကိုအိမ်ခန်းမှာထားခဲ့ပြီး သူနေတဲ့နေရာကို ပြန်သွားတယ် သူကဘုန်းကြီးတပါးနဲ့ အတူနေတာ ဘုန်းကြီးကို သွားပြန်လျှောက်ရအုံးမယ်တဲ့ ညနေ ခြောက်နာရီလောက်မှာ သူပြန်ရောက်လာတယ် ကျမလဲသူ့ ကိုကျေးဇူးတင်တဲ့အတွက် ညနေစာကျွေးဘို့ အပြင်ထွက် စားစရာတွေ ၀ယ်ပြီး အခန်းကို ပြန်ခဲ့ကြတယ် သူကလဲ သူ့ အကြောင်းကို စိုစွတ်သောမျက်ဝန်းများနှင့်ငယ်ရွယ်စဉ်ကဆင်းရဲသောအကြောင်း ကိုရင်ဝတ်ရခြင်းအကြောင်း စာသင်ရာတွင်ပင် ပိုက်ဆံမရှိသောကြောင့် ဘယ်လိုဒုက္ခများကိုကြုံခဲ့ရကြောင်း ယခုအချိန်တွင်လည်းအလုပ်အကိုင်ကို သူများနည်းတူကြမ်းတမ်းစွာ မလုပ်ကိုင်နိုင်သောကြောင့် အလွန်တရာအခက်အခဲတွေ့ နေကြောင်းတွေကို ပြောပြသောအခါ ကျမတခါမှမကြုံခဲ့ဘူးသော အဖြစ်အပျက်များဖြစ်ခြင်းကြောင့် အလွန်တရာမှသနားမိသွားခဲ့ပါသည်။ ကျမဘ၀ကျရှုံးခြင်းအစဖြစ်ခဲ့ခြင်းပါ။ ကျမကလဲကျမဖြစ်ပျက်ခဲ့တဲ့ အတိတ်ကအကြောင်းတွေပြောရင်းနဲ့  အချိန်တွေက တဖြေးဖြေးကုန်မှန်းမသိကုန်သွားတယ် ကျမကသူပြန်မယ်ထင်တာ ဒါပေမဲ့ ပြန်မဲ့အရိပ်တောင်မမြင်ဘူး ( နောက်မှ ကျမသိတာက သူကစငှားထဲက ကျနော်တို့ လင်မယားနေမှာလို့ ပြောငှားတာတဲ့ ကျမတယောက်ထဲဆိုမကောင်းမှာစိုးလို့ တဲ့ သူ့ ဆင်ခြေပေါ့နော် )  အဲ့ဒီညမှာဘဲ သူနဲ့ ကျမအတူတူနေဖြစ်ခဲ့ကြတယ် သူ့ အမေနဲ့ သူ့ အကိုကို တားဘို့ အကြောင်းပြောဖြစ်ခဲ့တယ် သူ့ အကိုက သူ့ သဘောအတိုင်းပါဘဲတဲ့ သူ့ အမေကိုလဲတောင်းပန်တဲ့စကားဆိုတော့ သူ့ သားအတွက်စိတ်တောင်ချပါသေးတယ်တဲ့  အဲ့ဒီနေ့ ကစပြီး ကျမတို့ နှစ်ယောက် ရဲ့ ပျော်စရာအိမ်ထောင်လေးတခုကို    တရားဝင်လက်ထပ်ပြီး တည်ထောင်ဖြစ်ခဲ့ကြတယ်  လေးလလောက်အတူတူ နေခဲ့ပြီးတော့သူ (သူကနိုင်ငံရေးလုပ်လို့   ပြေးလာရတဲ့ ဘုန်းကြီးလူထွက်ပါတဲ့  မဲဆောက်ရောက်မှ ဘုန်းကြီးကနေထွက်လိုက်တာတဲ့ ကျမနဲ့ တွေ့ တော့ ရောက်တာ နှစ်နှစ်နီးပါးရှိနေပါပြီ )အမေရိက ကို ဒုက္ခသည်အဖြစ်နဲ့ ထွက်သွားတယ် ကျမက ထိုင်းနိုင်ငံမဲဆောက်ကနေ နှစ်နာရီ လောက်ထပ်သွားရသေးတဲ့   အုန်းပြန့် ဒုက္ခသည်စခန်းထဲမှာ   ကျမ  ကိုနောင်ဘ၀ထိအောင်ရည်ရွယ်တယ်လို့ ဆိုတဲ့ ချစ်ခင်ပွန်းနောက်ကိုလိုက်ပါဘို့  သစ္စာတရားကိုလက်ကိုင်ထားရင်း ခင်ပွန်းသည်ကပေးသော (တဖက်သတ်ကွာရှင်းခြင်းလို့ ဆိုတဲ့ လစ်လျှူ ရှုခြင်း သူနေထိုင်သောနေရာတွင် ကျမနောက်အိမ်ထောင်ပြုသွားပြီ ဟုပြောဆိုခြင်း ONLINE မှသူ၏သူငယ်ချင်းမိန်းခလေးများအား ကျမ မကောင်းကြောင်း နှင့် သူ့ ကို လိုက်နှောက်ရှက်နေတာဖြစ်ကြောင်းတို့ ကို သနားလာအောင်ပြောဆိုတတ်ခြင်း တချို့ အမျိုးသမီးများသည် အကြောင်းရင်းမှန်ကို မသိဘဲ သူပြောသမျှနှင့်ပင်  မြှောက်ထိုးပင့်ကော်လုပ်ပေးတတ်ခြင်း) ဝေဒနာတွေကို ရင်င့်အောင်ခံစားနေရပြီး ရိုးသားစွာ ရပ်တည်နေထိုင်လျှက်ရှိပါတယ် အနူးအညွတ်တောင်းပန်ပါတယ်   ကျေးဇူးပြု၍ မိန်းခလေးချင်းချင်းသူ့ နေရာမှာ   ငါဆိုရင်တဲ့ကိုယ်ချင်းစာစိတ်လေးထားပြီးတော့ သူပြောသမျှတွေ နဲ့ အိမ်ထောင်တခုကိုမဖျက်ဆီးကြပါနဲ့  ကျမနဲ့ သူဟာ တရားဝင်လက်ထပ်ထားဆဲဖြစ်ပါတယ်  လို့ ဖြေရှင်းပြလိုက်တာပါရှင်။


ကျမသည်စာရေးဆရာမတယောက်မဟုတ်ပါ။အိမ်ထောင်သည်ဇနီးတယောက်ဖြစ်သောကျမ၏ရင်တွင်းမှ
ထွက်ပေါ်လာသောခံစားချက်စကားလုံးများဖြစ်ပါသည်။အမှန်အတိုင်းသာတင်ပြခြင်းဖြစ်ပါသည်။ လိမ်ညာ
ပြောဆိုခြင်း လုံးဝမရှိကြောင်းကို  မေးမြန်းစုံစမ်းလို့ ရပါသည်။  တရားဝင်လက်ထပ်ထားသောအိမ်ထောင်ကို တဖက်သတ်ကွာရှင်းလို့ ရမရကို အိမ်ထောင်ရှင်များ မိန်းခလေးများ စဉ်းစားပေးကြပါလို့ ။
ရုံးခန်းဆိုသည်မှာ မဲဆောက်မှ ဦးသိန်းဆန်း(ယခင်ABမှ)ရုံးခန်းဖြစ်ပါသည်။
 ကျမတို့ ငှားနေခဲ့သောအခန်းကပ်ရက်မှ မိသားစုပါ ကိုနန်းရှင်ကိုယ်တိုင်ရိုက်ကူးထားသောပုံဖြစ်ပါသည်။ တဖက်သတ်ဖြစ်နေသောခင်ပွန်းသည်နန်းရှင်၏ပြောဆိုခြင်းများကို ဖြေရှင်းခြင်းသာဖြစ်ပါကြောင်း

လူတစ်ယောက်က ရှိတ်စပီးယားကို မေးတယ်။
''ဆရာက ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းမကြီးကိုမှ ဘာဖြစ်လို့ လက်ထပ်ရတာလဲ ဆရာရယ်...''
ရှိတ်စပီးယားက ပြက္ခဒိန်တစ်ခုကိုလက်ညိုထိုးပြရင်း ပြန် မေးလိုက်တယ်။
''တစ်ပတ်မှာ ခုနစ်ရက် ရှိတယ်ဗျာ...ဘယ်နေ့ က ငယ်ပြီး ဘယ်နေ့ က ကြီးတယ်လို့ ခင်ဗျား ပြောလို့ ရမလား...စနေက တနင်္ဂနွေထက်မကြီးနိုင်သလိုတနင်္ဂနွေကလည်း စနေထက် မကြီးနိုင်ဘူးမဟုတ်လား...''
ပြီးတော့
''အချစ်ဆိုတာ နှလုံးသားကလာတာ..အသက်ကလာတာ မဟုတ်ဘူး..အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး..ကိုယ်လူ '' လို့ လဲ ဆက်ပြောလိုက်ပါသတဲ့။

နန်းရှင်

2 comments:

စံပယ်ချို said...

လူတိုင်း လူတိုင်းမှာအကြောင်းကိုယ်စီရှိတတ်ကြပါတယ်ရှင်
နားလည်စွာဖတ်ရှုခဲ့တယ်သူငယ်ချင်းရေ
ဘာအတွက်စိတ်ဆင်းရဲခြင်း ခံစားရခြင်းမဖြစ်နေပါနဲ့
ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ
ဘုရားသခင်စောင့်ရှောက်ပါလိမ့်မယ်

Toe Yee Yee said...

နားလည်ပေးတာကိုဘဲကျေးဇူးတင်ပါတယ်နော် သူကဘာလို့ နားလည်မပေးနိုင်ပါလိမ့်လို့ လဲ .........