Thursday, January 24, 2013

ချောင်းတွေအရမ်းဆိုးနေတာလား ဆေးသောက်နော်

မလတ်ဆတ်နိုင်တော့မှန်းသိတဲ့ဘိုးသိုးဘတ်သပ် အဟောင်းစက်စက်
ရင်ခုန်သံကြီးကိုပဲ ထပ်ခါတလဲလဲ နမ်းရှိုက်ရင်းလရောင်ကို ဖမ်းသောက်လိုက်တယ်..။
ရင်ဘတ်ထဲက ပင်လယ်ပြင်ဟာဆာလောင်တဲ့အကြည့်တွေနဲ့  လျှာတစ်ခြမ်းကို နှစ်သိမ့်တတ်ပေမဲ့...
သားမမှားဘူး မေမေ...ဗီဇကမှန်နေမှတော့ကျနော်ဆိုတာ ဘယ်ရောက်ရောက်
ငါးပုတ်ကို ပေါင်မုန့် ထောပတ်သုတ်ထက်ကြိုက်တယ်...။
သား...အများကြီးကို ရှာဖွေခဲ့ပါတယ် မေမေ...
စာကြည့်တိုက် ပြတိုက် ..အဟောင်းဆိုင်နဲ့ မြို့ ကြီးပြကြီးတွေကို နှံ့ လို့ ...
ဒါပေမဲ့...မေမေရယ်....
သားရခဲ့တာဟာ အဝေးဆုံးတစ်နေရာက ညနဲ့ မတူတဲ့ ညတွေရယ်....
ဓူဝံကြယ်ပေါ်က မချစ်တတ်တဲ့ နှလုံးသားတစ်စုံရယ်...
အသက်နဲ့ ရင်းပြီးဝယ်ခဲ့ရတဲ့ တန်ဖိုးနည်း အတွေ့ ကြုံတွေရယ်....
ပြီးတော့....
မိတ်ဆွေတံဆိပ်နဲ့ ရန်သူစိတ်ပေါင်းစပ်ပြီးမကြာခင် ခြံစည်းရိုးပေါင်းများစွားအခတ်ခံရတော့မဲ့
ပိန်ပါးပါးရှည်မြောမြောလေးနဲ့ မှောင်ပြပြတနေရာဟာသားရဲ့ စတင်ရာပါလားလို့ ပြန်သိလိုက်ရတဲ့အသိလေးတစ်ခုရယ်ပါ...။
ဘာဖြစ်ဖြစ်မေမေရယ်        ကျနော့်ရဲ့ မျှော်လင့်ချက်ဆိုတာက ကမ္ဘာပြိုတောင် သူအိုမှာမဟုတ်ဘူးလေ..
ဟုတ်တယ်မေမေ.......သားရဲ့ အသက်ဟာ လေပြေတစ်ချက် ချောင်းတဟတ်နဲ တင် လွင့်ထွက်သွားနိုင်ပေမဲ့
လေတိုက်လို့ ကြွေကျမဲ့ သရက်သီးလေးတွေကို လိုက်ကောက်စားချင်သေးတယ်...
ခြေမတစ်ချောင်းနဲ့ လက်ညှိုးလေးတစ်ချောင်းသား နေရာရတဲ့ ဘက်စ်ကားကိုလဲ တိုးစီးချင်သေးတယ်...
ဘေးအိမ်ကတောင်းလို့ ရတဲ့ ငါးပိရည်အဖြူထည် ခပ်ကြဲကြဲလေးနဲ့ ခြံတစ်ပတ်လိုက်ခူးလို့ 
ရလာမဲ့ အရွက်စုံတို့ စရာလေးတွေကိုလဲ မြိန်ယှက်ယှက်စားချင်သေးတယ်...
ရွာဦးကျောင်းကအလှူပွဲမှာဖိနပ်ကိုခါးကြားထိုးပြီးငါးခြောက်ထောင်းနဲ့ ပြာဟင်းချိုကိုလဲ သောက်ချင်သေးတယ်မေမေ...
ဒီလိုပါပဲ မေမေ...အဲ့ဒိမျှော်လင့်ချက်တွေက မေ့မေ့ရင်ခွင်က ထွက်ပြီးနှစ်ရက်မြောက်ကတည်းကစတင်ခဲ့တာပါ...။
တကယ်တော့လဲ သုခုမဆိုတာက သြဠာရိကထက်ကို ကြမ်းလွန်းခဲ့ပါတယ်...
နောက်ဆုံးမှာ ငတ်လွန်းမကငတ်လာတော့ကိုယ့်နှလုံးသားကို ကိုယ်ပြန်ညှစ်ပြီး..အစာပြေသောက်ရင်း
ကဗျာတွေနဲ့ သာ အလွမ်းကျောက်စိုင်တွေကို အရည်ဖျော်နေရတာပါမေမေ..။


နန်းရှင်      
၁၊၂၄၊၁၃။






ကျမ နဲ့ သူအတူနေခဲ့စဉ်က အဖြစ်အပျက်လေးတခုကို တင်ပြချင်လို့ ပါ။ သူ့ အတွက်ပါ။ သူနဲ့ ကျမစတွေ့ တဲ့ည ကဖုန်းနဲ့ တညလုံးစကားတွေပြောကြတာ။ သိပ်သနားဘို့ ကောင်းတဲ့သူ့ အသံ။ စကားမှ သုံးခွန်းတောင် မပြောရသေးဘူး သူ့ ခမျာ ချောင်းဆိုးလိုက်တာ ။ ကျမ ရေတွက်မထားသော်လည်း ခန့် မှန်းကြည့်ရသည်မှာ စကားသုံးခွန်းလျှင်ချောင်း ဆိုးလိုက်သည်မှာ လေပင်မဆက်ပါ။ ဒီလိုနဲ့ စကားတွေတညလုံး နီးနီး မနက် နှစ်နာရီထိုးခါနီးအထိပြောဖြစ်ခဲ့ကြပါတယ်။ နောက်နေ့ ကျမနဲ့ သူ အတူတူ အိမ်ထောင်တခုထူထောင်ပြီး တရားဝင်လက်ထပ်ဖြစ်ခဲ့ ကြတယ်။ သူ့ ရဲ့ ကျမ်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကိုလျှော့ချဘို့ အမျိုးမျိုးကြိုးစားဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူ့ ရဲ့ ဆေးလိပ်သောက်တဲ့ သက်တမ်းက သူ့ ရဲ့ အသက် ကိုးနှစ်ထဲက စတင် ခိုးသောက်ခဲ့ခြင်းပါတဲ့။ သူ့ ရဲ့ အဆုတ်ကသိပ်မကောင်းဘူးတဲ့။ ရင်ဘတ် မှာပင် ရွှေဆိုင်း ရွှေပြားဝယ်ပြီး ရွှေသွင်းပေးခဲ့ပါသေးသည်။ သက်သာလိုသက်သာကြောင်း နည်းလမ်း အမျိုးမျိုးသုံး၍ ကြိုးစားပေးခဲ့ခြင်းပါ။ ကျမဘယ်လိုမှ လုပ်ပေးလို့ မရခဲ့တဲ့အတွက် ကျမကိုယ်တိုင် ဆေးလိပ်ကို အပေါစားများသောက်လျှင် ချောင်းပိုဆိုးမှာစိုးလို့  ထိုင်းနိုင်ငံထုတ်စီးကရက်ကို အတောင့်လိုက်ပင်ဝယ်ပေးခဲ့ပါတယ်။
သို့ သော် သူအသောက်များလာလျှင် သူများတွေကို ပေးပြစ်ခြင်းဖြင့်လျှော့စေခဲ့ပါသည်။ အဲ့ဒါကိုသူက ကျမ သူများကို ကြိုက်လို့ ပိုးကြေး ပန်းကြေးလိုက်ပေးတာပါတဲ့။ ကျမစေတနာကို သူမသိပါ။ ကျမဘာမှဖြေရှင်းချက်မထုတ်ခဲ့ပါ။ သူ့ ကိုဆေးလိပ်အတောင့်လိုက်ဝယ်ပေးခြင်းသည် ဘယ်နှစ်ရက်စာ ဟုကန့် သတ်ထားပြီးသား ဖြစ်သောကြောင့် ကျမသူ့ နှုန်းထားလျှော့လို့ နဲနဲ ရခဲ့ပါတယ်။ သူ့ ချောင်းဆိုးကလဲ မသက်သာပါ။ ဆိုးမြဲဆိုးလျှက်ပါ။ သူကအရက်လဲကြိုက်ပါသေးတယ်။ ကျမနဲ့ မတွေ့ ခင်ကတော့ ဘာတွေသောက်တယ် ဘယ်လိုနေတယ် ကျမ မသိပါဘူး။ ဒါနဲ့နေ့ တိုင်း သူ့ သောက်ဘို့ အတွက် အရက်အကောင်းစား တပုလင်းကို ဘတ် ၅၀၀အောက်မရောက်သောအရက်များကို တနေ့ တမျိုးမရိုးအောင် (မိုးလင်းလျှင်အရက်နာကျမှာစိုးလို့ ပါ) အရက်ကော ဆေးလိပ်ကော သူ့ အတွက်လိုလေသေးမရှိ  မစားဘူးသည် မသောက်ဘူးသည်မရှိစေရအောင် ကျမလိုက်လျှောစွာ စိတ်ချမ်းသာအောင်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ တနေ့  တပုလင်းကို ဘတ်ကိုးရာကိုးဆယ်ရှစ် ဘတ်ပေးရသော ချီးဗတ်စ်(CHIVAS REGAL) တလီတာပုလင်းဝယ်လာပါသည်။ ထိုအရက် (WHISKY) ကို သူသောက်လိုက်တဲ့အခါ တကိုယ်လုံးကို သွေးကြောတွေထဲထိ ပူပြီး ရှိန်းတိမ်းတိမ်းအရသာကိုခံစားလိုက်ရပါတယ်တဲ့။ တော်တော့ကိုကြိုက်တာ ကျမရေသွားချိုးလျှင်ကို ခိုးသောက်နေပါတော့သည်။ ကျမအလစ်ပင်မပေးရဲသလောက်ပါ။  ဒါနဲ့ ဘဲ သုံးရက်တခါ တလီတာပုလင်းတပုလင်း သောက်လာခဲ့သည်မှာ သုံးပုလင်းမြောက်သောက်ပြီးသောအခါတွင် သူ့ ချောင်းဆိုးတော်တော်သက်သာလာသည်ကို တွေ့ သိ ခံစားလိုက်ရတယ် အဲ့ဒါနဲ့ သူ့ ကို ထိုအရက် (WHISKY) နဲ့ ရှမ်းပျိုမယ် သွေးဆေးကိုရောသောက်စေခဲ့ ရာ သူ့ ချောင်းဆိုးမှာလုံးဝ ပြောက်ကင်းသွားခဲ့ပါသည်။ ကျမအရမ်းကို ကျေနပ်ခြင်းတွေဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ စေတနာရင်းမှန်နဲ့ မို့  သူ့ ရောဂါကိုပြောက်သွားစေခဲ့သည့်အတွက်ပါ။ ကျမ မမှားပါဘူးနော်။ သူ့ ကို ဟိုရောက်တော့လဲ ချီးဗတ်စ် (CHIVAS REGAL) သာသောက်စေချင်သော်လည်း သူ့ ဝင်ငွေနှင့် မသောက်ခဲ့ပါတဲ့။ ကျမ က ဆေးအဖြစ်သောက်စေခဲ့ခြင်းပါ။ အခု အရမ်းအေးနေတဲ့ ရာသီမှာချောင်းဆိုးနေတာသိလိုက်ရတော့ အရမ်းကိုစိတ်မကောင်းဖြစ်မိလို့  ဒီအကြောင်းလေးစာစီကုံးလိုက်မိတာပါ။ ကျမရဲ့ စေတနာ တွေကို နားလည်နိုင်ပါစေ။



  "အချစ်သစ္စာ"
ရင်မှာပျိုးစိုက်သောပန်းသည်သစ္စာတစ်ခက်ဖြစ်၍ နွမ်းလိမ့်မည်မဟုတ်။
နှလုံးသား၌အကြင်နာသည်အချစ်အတွက်ပင် ဖူးပွင့်ခဲ့ရသည်။
ကြမ်းတမ်းသော မိုးသက်လေပြင်းများသည်ထိုနှစ်လုံးသားသို့ ထိုးဖောက်၍ကြွေလွင့်ခြင်းငှာမပြုနိုင်ရာ။
ချစ်သူသည် ရင်မှာပဲအစဉ်ကိန်းအောင်းနေသောကြောင့်အမုန်း၊ အငြှိုး၊ ဝေးကွာခြင်းများ မကျရောက်။
ဤသစ္စာစုကြောင့် ချစ်သူသည်လည်းအကျွန်၏ရင်မှာ ထာဝရပျော်မွေ့ပါစေသတည်း။ ။


မင်းကြည်ညို
 

လူအတော်များများက သူများရယ်မှာ ကြောက်တာနဲ့ ပဲ တည်တည်တံ့တံ့ကိုယ့်ဘဝအတွက် လုပ်ရမှာတွေကို မလုပ်ရဲ ကြတော့ဘူး။
ကျနော့ကားလေးက ပျက်ပြီ။သုံးမရတော့ ဒေါ်လာသုံးရာနဲ့ ဝယ်မဝယ်တောင် ရင်တမမနဲ့  စောင့်ကြည့်နေရတဲ့ အခြေနေ။သူမဝယ်ရင် ငါးရာလောက်ကုန်ကျခံပြီး ကားသင်္ချိုင်းပို့ ရတော့မယ်။အသစ်လဲ ပြန်မဝယ်နိုင်သေး။သို့ သော်သွားစရာများက အမြဲရှိနေဦးမယ်။အဲံဒိအတွက် စက်ဘီးတစ်စီး ဝယ်လိုက်တယ်။မိတ်ဆွေအတော်များများက ပြောကျတယ် ဆောင်းတွင်းကြီး စက်ဘီးဝယ်စီးတာ မင်းအရူးလားတဲ့။ကျနော်ကတော့ သူဘာသာ ဘာရာသီဖြစ်ဖြစ်...ကိုယ်လိုအပ်တဲ့ အချိန်မှာ လိုအပ်တာကိုဝယ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ်လို့ စိတ်ကူးထားတာ။ရှင်းပြရလဲ အခတ်။ကံကောင်းချင်တော့ စက်ဘီးစီး အဖြူကောင် စက်ဘီးစီးလူတစ်သိုက်က လမ်းရှေ့ ဖြတ်သွားတာနဲ့ကြုံလိုက်ရတယ်..။ကျနော်သူတို့ အားလုးံကို တစ်ခွန်းပဲ ပြောစရာရှိတော့...။ဟို မှာ..ကြည့်....လို့ ။
လှေနံဓါးထစ် အမြင်များ...ပျောက်ကင်းကြပါစေ။

 

No comments: