Nan Shin (နန်းရှင်)
11/2/11
ကျနော်သည် အိမ်ထောင်မရှိသေးသည့်လူပျိုကြီးတစ်ယောက်မဟုတ်ပါ။ မိန်းမတစ်ယောက်ရှိပါသည်။ အိမ်ထောင်ကျခဲ့သည် မှာနှစ်နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း ကလေးတော့တစ်ယောက်မှမရသေးပါ။ ထို့ကြောင့်ကြိုးစားတိုင်းလဲမဖြစ်ဘူးဆိုသည့်သဘောကို ကောင်းကောင်းကြီးသဘောပေါက်နေပြီဖြစ်ပါသည်။ ထိုသို့လုပ်တိုင်းလဲမဖြစ်တတ်သည့် အနတ္တလောကကြီးတွင် ကျနော်၏ ဇာတိချက်မြှုပ်ဖြစ်ရာ ထိုရပ်ရွာတွင်ပိုမို၍ပင် အနတ္တဆန်နေရကား တစ်ရွာမပြောင်းသူကောင်းမဖြစ် ဟူသောထုံးကိုနှလုံးမူ၍ နောက်တိုင်းဌာနေဝေး တမြေသို့ထွက်ခွါခဲ့ပါသည်။ ထိုထို သို့သောချိန်ခါသမယတွင်ကား အိမ်သူ သက်ထားချစ်ဇနီးမယားကို ငို၍ငို၍သော်လည်းကောင်း ရှိုက်၍ရှိုက်၍သော်လည်းကောင်း လွမ်းခဲ့ရသည်မှာ စက္ကန့်နှင့် အမျှပင်ဖြစ်ပါသည်။ လွမ်းစွတ်ခြင်းအလုပ်သည် နှလုံးသားရှိသူတိုင်းချစ်တတ်သူတိုင်း၏အလုပ်တစ်ခု ဖြစ်ပေသည်မို့ ကိုယ့်တာဝန်ကိုယ်ကျေပွန်စွာထန်းဆောင်ရင်း လွမ်းစွတ်ခဲ့ရသည်မှာလည်း နှစ်ဆယ့်လေးလပင် မကတော့ချေ။ ကျနော်၏မမချစ်ကပိုကျနော့်ထက်ပို ဆိုးသည်ဟုပင်ဆိုရမည်။ ကျနော်သည်ပ င် ထိုအရပ်ဒေသသို့မရောက်သေး...မမချစ်က ကျနော်ရောက်မည့်အရပ်ဒေသမှတာဝန်ရှိသူများကို ကြိုတင်ဖုန်းဆက်ပြီးနေပြီဖြစ်သည် ။ရောက်ရောက်ချင်းဆိုသလိုပင်ကျနော်၏အကြိုးတော်ေ ဆာင်က ခင်ဗျားဆီဖုန်းတစ်လုံးလာသေးတယ် ဆိုတော့ အတော်လေးတော့ တွေဝေသွားမိသည်။ သူေ ပြာပြီးမကြာမှီမှာအကြိုးတော်ဆောင်သို့ဖုန်းဝင်လြာ ပန်သည်။ ခင်ဗျားအမျိုးသမီးတဲ့ ရော့ ပြောလိုက်ပါဦးတဲ့။ ထိုအချိန်မှစ ၍ ကျနော်နှင့် အနီးကပ်ဆုံးနေထိုင် သည်ဆိုသည့် လူ၏ဖုန်းနံပါတ်ကိုခေါ် တက်စမြဲဖြစ်လာသည်။ ကိုယ်ကိုယ်တိုင် ကလည်းသူများဖုန်းများကိုငှားရ န်း၍ ညလုံးပေါက် ဆက်ဖြစ်လာသည်။ ထို့ နောက်တွင်တော့ အလုပ်မရခင်ဖုန်းတစ်လုံးကိုမဖြစ်ဖြစ်အောင်ဝယ်လိုက်ရသည်။ ရှိစုမဲ့စုနှင့်ကိုယ်ပိုင်ဖုန်းလေးတစ်လုံး ကိုဖြစ်ညှစ်ဝယ်ြ ပီးသည့်နောက်တွင်ကား နေ့ရောညပါ အခါခပ်သိမ်းဆိုသည့်အတိုင်း သတိရတိုင်းအလွမ်းပြေ သူကခေါ်လိုက်ကိုယ်ကခေါ်လိုက်ဖြင့် တစ်နေ့တွင် နာရီနှစ်ဆယ်မက ဖုန်းဆက်ဖြစ်သည်ဟုပင်ဆိုရပေလိမ့် မည်။ ထို့နောက်အလုပ်အကိုင်ရှာဖွေခြင်း၊အလုပ်အကိုင်ရှာဖွေနည်း သင်တန်းများတက်ခြင်း၊ပတ်ဝန်းကျင်သစ်နှ င့် လိုက်လျှောညီထွေမှုရှိအောင်သင်ယူ ခြင်း စသည့်အချိန်အခါများတွင်လည်း စကားမပြောလျှင်တောင် ဖုန်းလေးကိုတော့ ဖွင့်ပေးထားရသည်။သူ၏အကြောင်းပြချက်က မောင်ဘာတွေလုပ်နေတယ်ဆိုတာကို မျက်စိထဲမှာ မှန်းမြင်ကြည့်ပြီးေ တာ့ဘေးနားမှာလိုက်ထိုင်နေတယ်ဆိုတဲ့အသိလေးကို ဖန်ဆင်းပြီး အလွမ်းပြေချင်လို့ပါမောင်ရယ် တဲ့ ။ ထို့နောက်တွင်တော့ ကျနော်၏နာမည်ကိုလည်း အများက မောင်ဖုန်း ဟုခေါ်စမှတ်ပြုလာပြီဖြစ်၏။ ကဲ့ရဲ့သူကလည်းကဲ့ရဲ့လာ၏။ အသားလွတ်ညူစူသူကလည်း ညူစူလာ၏။ လှောင်သူကလှောင်လာသလို ပြောင်သူကလည်းပြောင်လာ၏။ တချို့ကတော့ မအောင့်နိုင်လွန်းတော့၍ မင်းကွာ အားအားရှိ ဒီမိန်းမပဲဖုန်းဆက်နေတယ် ဟု နှုတ်မှပင်ထုတ်ပြောလာလေတော့၏။ ထို သို့သော အချိန်တိုင်းတွင် ကျနော်ပြန်ပြောတက်သည် ဟာ ခင်ဗျားကလည်း ကိုယ့်မိန်းမ ကိုယ်မဆက်လို့ ဘယ်သူ မိန်းမသွားဆက်ရမှာလဲဗျ ဟုပင်ပြန်ပြောဖြစ်သည်။
စိတ်ဓါတ်ပါပြောင်းလဲသွားတာလားမသိပါဘူးရှင်
**ဆုတောင်းတိုင်းသာပြည်ခဲ့မယ်ဆိုရင် ရေမြေတွေခြားပြီး
ဝေးကွာနေခဲ့ရတဲ့ အချိန်တွေအမြန်ကုန်ဆုံးချင်နေပြီ ချစ်သူရေ...
11/2/11
ရာသီတွေပြောင်းလာသည်နှင့်အမျှလွ မ်းစွတ်မှုအရှိန် ဒီဂရီများမှာလည်း တနေ့တခြားဒီရေအလားသို့ တိုးတက်ပြောင်းလဲလာခဲ့သည်။ထို့ေ နာက်အလုပ်လေး အနည်းငယ်အစဉ်ပြေစပြုလာသည်။သို့သော် ရှာသမျှဖုန်းဖိုးနှင့်ပင်ပြောင် ခဲ့သည်။ကြာတော့ကိုယ့်ကိုယ်ကိုသတိထားမိလိုက်သည်။ ငါသာ ဒီဖုန်းဆက်နေတဲ့ အချိန်တွေမှာ တခုခုကိုလေ့လာလိုက်စားမယ်ဆိုရင် တိုးတက်မှုတစုံတရာတော့ ရှိနေလောက်ပြီဟု ဖြစ်သည်။ထို့ကြောင့် အလွမ်းဖြေချိန်များကို လျှော့ချရန် မမချစ်နှင့်ညှိကြည့်သည်။မရ။သူကိုယ်တိုင်ကလည်း လက်မခံသလို ကိုယ်ကိုယ်တိုင်က မရနိုင်ပါ။အချိန်တန်ရင် ခေါ်ချင်လာသည်။ဦးနှောက်နှလုံးသားစစ်ထိုးကြလေပြီ။သို့သော် ရှဥ့်လဲလျှောက်သာ ပျားလည်းစွဲသာဆိုသည့်အတိုင်း အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို အကိုကြီးဦးနှောက်ကချမှတ်ပေးလိုက်သည်။ညီငယ် နှလုံးသားကလည်း လက်ခံပါသည်။ရသမျှပိုက်ဆံကို တက်နိုင်သမျှ ခြွေတာဆုဆောင်း၍ ကျနော့်အတွက်ကွန်ပျူတာတစ်လုံးဝယ်လိုက်သည်။သူ့အတွက် တလုံးဝယ်ပေးလိုက်သည်။ထို့နောက် G-mail,Skype,VZO စသည်အကောင့်ပေါင်းစုံဖွင့်၍တစ်ခုမရလျှင်တစ်ခုပြောင်း၍ ပြောင်း၍ ပြောင်း၍
စိတ်ဓါတ်ပါပြောင်းလဲသွားတာလားမသိပါဘူးရှင်
**ဆုတောင်းတိုင်းသာပြည်ခဲ့မယ်ဆိုရင် ရေမြေတွေခြားပြီး
ဝေးကွာနေခဲ့ရတဲ့ အချိန်တွေအမြန်ကုန်ဆုံးချင်နေပြီ ချစ်သူရေ...
No comments:
Post a Comment