Tuesday, December 25, 2012

" MARRY CHRISTMAS "....

တိတ်တိတ်လေးပါပဲ...ခရစ်စမတ်ရေ....သူများတွေက ရင်ခုန်ကြတယ်...သူများတွေက ပျော်ရွှင်ကြတယ်...ချစ်သူတွေ အတွက်ကတော့ အဆုံးစမဲ့ပေါ့ငါဆိုတဲ့ ငါ့အတွက်ကတော့ စိတ်ကူးတွေရှိတယ်မျှော်လင့်ခြင်းတွေရှိတယ်...ဒါပေမဲ့ နားလည်ပေးနိုင်မဲ့လူ မရှိဘူးလေ...တိုးတိုးလေးနှစ်သိမ့်ပေးမဲ့လက်တစုံ မရှိဘူးလေ...ကြိုဆိုပါတယ်..ခရစ်စမတ်..အထီးကျန်ခြင်းတွေကို ပွေ့ဖက်..နားမလည်တဲ့ သံဇဉ်တွေကိုတီးခတ်ပြီးတော့ လူတိုင်းကအပြုံးနဲ့ကြိုဆိုသလိုငါကတော့ အလွမ်းတွေနဲ့ " MARRY CHRISTMAS "....










Sunday, December 9, 2012

အရှင်ဇနကာဘိဝံသ၏ နံက်ခင်းသြ၀ါဒများမှ


“ဥဘော သဒ္ဓါ ၀ဒညူစ၊
သညတာ ဓမ္မဇီဝိနော၊
တေ ဟောန္တိ ဇာနိပတယော၊
အညမည ပိယံဝဒါ”

“ဇနီးမောင်နှံရယ်လို့ ဖြစ်လာရင် နှစ်ယောက်လုံးသဒ္ဓါတရား တူမျှရတယ်၊အသိဥာဏ် တူမျှရတယ်၊
ကိုယ်ကျင့်သီလ ကောင်းရမယ်၊တရားသဖြင့် ရောင်းဝယ်ဖောက်ကား စားသောက်ရမယ်၊
တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရင်လည်း ချစ်ဖွယ်သောစကားကိုပဲ ပြောရမယ်”

Saturday, December 8, 2012

ကျမ၏ချစ်လှစွာသော တရားဝင်လက်ထပ်ထားသောခင်ပွန်း( Nan Shin )


http://www.facebook.com/profile.php?id=100004045987931   Nan Shin
 http://www.facebook.com/bago.thar.902 နန်း ရှင်
ဆောင်းအေးအေးရဲ့ အေးဒဏ်ကိုလဲမခံနိုင်လောက်အောင် ချမ်းတယ်
နင်ကိုလွမ်းတဲ့ အလွမ်းတွေလဲဟန်မဆောင်နိုင်လောက်အောင် လွမ်းတယ်

သူများတွေက မေးတယ် နင်ချောလို့ငါအဲလောက်ချစ်တာလားတဲ့
ငါပြုံးပြုံးလေးပြောလိုက်တယ် ငါချစ်လို့ နင်ခန့်သွားတာပါလို့

ကျမလောက်ဘယ်သူမှမလှဘူးဆို အခုကောဟင်!!!!!!!!!!!!

နင့်အပေါ်အရာအားလုံးထက်မျှော်လင့်ခဲ့ဘူးတယ်ယုံကြည်ခဲ့ဘူးတယ်တန်ဖိုးထားခဲ့ဘူးတယ်ပေးဆပ်ခဲ့ဘူးတယ်ဒါတွေအားလုံးအတွက်ငါပြန်ရလိုက်တာရက်စက်မှုတွေသစ္စာမဲ့မှုတွေဥပေက္ခာပြုမှုတွေနဲ့ မျက်ရည်တွေပဲလားမောင်ရယ်
ငါတို့ပထမဆုံးစတွေ့တဲ့နေ့ကို ငါမှတ်မိနေတုန်းပဲ နင်ငါ့ဆီကိုအပြုံးချိုချိုလေးနဲ့လှမ်းလာခဲ့တယ်။
အဲဒီအချိန်ကစပြီးနင်ငါ့နှလုံးသားကို ပိုင်ဆိုင်ခဲ့တာပါ အဲဒီအပြုံးတွေထဲမှာ အဆိပ်တွေပါနေမှန်းငါမသိခဲ့ဘူး။
ငါမသိခဲ့လို့ငါနင့်ကိုရှုံးသွားတာလို့ပဲငါမှတ်လိုက်ပါ့မယ် ။
ငါ့ကိုနာကျင်အောင်လုပ်ရက်တယ်လို့ငါ့ပါးစပ်ကပြောနေပေမယ့်ငါ့နှလုံးသားကနင့်ကိုမမုန်းနိုင်ဘူး ။
နင်ကငါ့ကိုမုန်းနိုင်ပေမယ့် ငါနင့်ကိုမမုန်းနိုင်ဘူး။
နင်ကအခုချိန်မှာပျော်နေနိုင်ပေမယ့်ငါငိုနေရတာ နင်တော့သိနိုင်မှာမဟုတ်ဘူး ။
သိချင်မှာလည်းမဟုတ်ဘူးဆိုတာ ငါသိတယ် ငါနားလည်ပါတယ် နင်ငါ့ကိုမချစ်နိုင်တာ
နင်လည်းနားလည်ပေးပါ ငါနင့်ကိုမမုန်းနိုင်ဘူးဆိုတာ ........

တကယ်လားဟင်!!!!!!!!!!!!!

ခဏတာစိတ်ဆိုးတာကစိတ်ဆိုးတာပဲ အချစ်တွေကတော့မလျော့ဘူးနော်...

အို...........
သခင်
နှလုံး မသာမယာပါလား.....
မျက်နှာ မလန်းဖြာပါလား.....
အကျွန့်ရာသီဘွဲ့
တေးဆိုခွင့်ပြုတော်မူပါ။

သခင့်နိုင်ငံ
သခင့်နှလူံးသားမှာ
အကျွန့်ရာသီဘွဲ့
ရေးထိုးခွင့်ပြုတော်မူပါ။

သခင်မနစ်မြို့လို့
သေဒဏ်ပေးရင်လည်း
ခံယူရန် အသင့်ပါ.....
သခင့်နှလုံးသား သာယာငြိမ်းချမ်းပါစေ.....

လင်းဦး(စိတ်ပညာ)
 နင်လုပ်လို့ ငုတ်တုတ်ကြွေပြီး မဟုတ်တရုပ်တွေလုပ်ခဲ့ဘူးတယ်..
ဒါပေမဲ့
အခုမှ လူ့ ဘဝရဲ့ သမုဒယတွေကို တယုတယရှိခဲ့ဘူးတဲ့ငါ

သံသယနဲ့ ရန်စတာ အမှန်မှမဟုတ်တာလို့ နားလည်ပြီးတဲ့နောက်.....
 နောက်ဆုံးအချိန်ထိ ငဲ့ကွက်ပြီးတော့
လွှတ်ချလိုက်တာတောင် ငြင်ငြင်လေး...ဆိုတော့
နင့်ဘာသာ ဖောက်ပြန်တဲ့အကြံ
ကြောက်ကန် ကန်လို့ အထိနာသွားတာကိုတော့
ဝမ်းနည်းမနေတော့ပါဘူး....။

Tuesday, December 4, 2012

For Chuthit

What is love and hate?I'm not sure,What do they mean,but i know that all of people will have to the someday, someway.


Sunday, December 2, 2012

ပြန်လည်ပြည့်စပြုလာပါပြီ

အကြည့်တစ်ချက်မှားလို့ ရင်ခုန်တာပြဿာနာမရှိပေမယ့်
စကားတစ်ခွန်းမှားရင်လူ့ ဘဝ တစ်ခုလုံးယိမ်းယိုင်သွားနိုင်တယ် ချစ်သူ ...
ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကိုအချိန်အတိုင်းအတာထားပြီး သုံးခဲ့မယ်ဆိုရင်
အချစ်သမိုင်းက ပစ္စပ္ပာန်မှာရော ...အနာဂတ်မှာပါ ဘယ်လှတော့မှာလဲ ချစ်သူ ...
အနားမှာရှိတဲ့ သူတိုင်းကို ...ချစ်ချင်တာမှ မဟုတ်တာ ချစ်သူ ...
ချစ်တဲ့သူကိုယ့် အနားမှာ ရှိစေချင်တာပါ ချစ်သူ 

 တချို့တွေအတွက် အချစ်ဆိုတာအစားထိုးတာလွယ်ကောင်းလွယ်လိမ့်မယ်ချစ်သူ
ငါအတွက်တော့ နင့်နေရာမှာ အစားထိုးလို့ရမယ်သူ မရှိဘူး နင်အတွက် ငါနေရာမှာအစားထိုးလို့လွယ်ပေမယ့်ငါအတွက်တော့ နင်နေရာ နင်မှနင်ဖြစ်နေတဲ့ 
ငါနှလုံးသားကိုဘဲ ငါအပြစ်တင်နေတော့မယ်

 
မျက်ရည် တခါတလေ ငါစိတ်ညစ်စရာတွေကိုပြောပြခွင့်မရှိတိုင်း ဒီမျက်ရည်က ငါကိုအဖော်ပြုပေးခဲ့တယ် 
 မျက်ရည် တခါတလေ ငါဝမ်းသာလို့ရှိရင် ပြောခွင့်မရှိတဲ့အခါတိုင်းသူက၀မ်းသာမျက်ရည်တွေကျပေးတယ် သူက ငါအာပေးဖော်မျက်ရည်လေး မျက်ရည် တခါတလေ ငါချစ်တဲ့သူငါကို သစွာဖောက်ရင်သူ့ကို ငါမုန်းတီးပါတယ်လို့ စိတ်ထဲက မပါတဲ့စကားတွေနဲ့ငိုချဖို့ ငါအတွက် အဖော်ဖြစ်စေခဲ့တယ်
မျက်ရည် တခါတလကျတော့ ငါကို အမြဲအဖော်ပြုနေတဲ့မျက်ရည်က ငါရဲ့ စိတ်ဓာတ်ကို ပျော့ညံ့အောင် အမြဲကြိုးစားနေသလိုဘဲ ကြာရင် ငါဒီစိတ်နဲ့ ရူးသွားမှာတောင် ကြောက်လာအောင်ဘဲ