Wednesday, September 24, 2014

ဒီနေ့ အလှု


ဒီနေ့ မနက်အိပ်ရာက နိုးနိုးခြင်းမှာ စိတ်ထဲမှာ လုံးဝမကြည်လင်ခဲ့ဘူး ကိုယ့်ကိုယ်ကို သတ်သေ ချင်စိတ်တွေ ဖြစ်နေခဲ့တယ်  အဲ့ဒါနဲ့  ချစ်ခင်ပွန်းကို မက်ဆေ့ခ်ျ    ပို့ ဖြစ်လိုက်တယ်  ကျမ စိတ်ဓါတ်တွေ အရမ်း ကျနေပြီသတ်သေလိုက်ချင်တော့တယ် ယောင်္ကျားပြန်လာမှာမို့ လို့ အားတင်းပြီးစောင့်နေတာ ပြန်လာဖြစ်မှာ
လား   ယောင်္ကျားရယ် လို့ 
မနေ့  က တော်သလင်းလကွယ်နေ့  ဥပုလ်စောင့်ဖြစ်တယ်  နံနက်တိုင်းလုပ်နေကြ ဘုရားသောက်တော်ရေ ကပ် ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ် ပဌာန်းရွတ် နဲ့ ကျမ ဥပုလ်ထွက် ကို အချိုရည် M 150 သောက်လိုက်တယ်  ဖုန်းကိုကြည့်လိုက်တော့ ချစ်ခင်ပွန်းဆီက Miss Call ခေါ်ထားတာတွေ့ တယ် ကျမ ဘုရားရှိခိုးနေတုန်း ဖုန်းကို Silent လုပ်ထားလို့ လေ အဲ့ဒါနဲ့  လိုင်းတက်ကြည့်လိုက်တော့လဲ လိုင်းမှာ ချက်တင် ဝင်ထားတာတွေ့ ရတယ် ကျမပြန်ပြောတော့ သူကမရှိတော့ဘူး ခဏနေတော့ လူစစ်သွားဘို့ အတွက် ရပ်ကွက်ရုံးက မိုက်နဲ့ အော်တယ် ကျမ ဘာအဝတ်အစားမှ မလဲဖြစ်ဘူး အမြန်နှုန်းနဲ့ အောက်ဂိုဒေါင်ကို ဆင်းသွားတယ် လမ်းမှာတွေ့ သမျှ လူတွေ အားလုံးကို ဘုကြည့် ဂလန့် စကားတွေနဲ့  ကြည့်ဖြစ် ပြောဖြစ်ခဲ့တယ် ကျမ ကိုယ်ကျမ ပြန်သုံးသပ်ကြည့်လိုက်မိတဲ့အချိန်မှာ ကျမ အနည်းငယ် ရူးသွပ်နေတယ် စိတ်ဓါတ်တွေကျနေတယ် သေချင်နေတယ် လူကသာလှုပ်ရှားနေတာ သက်သာ မလားလို့ လေ ဒါပေမဲ့ ကျမ ရူးသွပ်နေတယ် ကံကောင်းတာက အသိဥာဏ်လေး နဲနဲထိမ်းထားနိုင်သေးလို့  ထမိန်ဝတ်ထားနိုင်သေးတာပါ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ချစ်ခင်ပွန်းအသံ ကျမအင်အားတွေ အလိုလိုပြန်ပြည့်လာတယ် ကျမရဲ့ မက်ဆေ့ခ်ျရလို့  သူစိတ်မကောင်းဖြစ်ပြီး ဖုန်းခေါ်တာဖြစ်မယ် ကျမလဲ တော်တော်စိတ်မကောင်းဖြစ်သွားတယ် သူ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကျမကအားမပေး တဲ့အပြင် ကျမခံစားနေရတာတွေကို ပြောမိလို့ ပါ  ကျမအသိပြန်ဝင်လာပြီ ကျမရဲ့ သူငယ်ချင်း ချင်းမလေးနဲ့ စကားပြောနေလိုက်တယ် အဲ့ဒီအချိန်မှာ နောက်တယောက်က မာလကာသီးလာကျွေးတယ် အဲ့ဒီတော့မှ ကျမ ဥပုလ်ထွက်ကို ဘာမှမစားရသေးတာ သတိရသွားတယ် သူက နှစ်လုံးပေးတယ် ကျမကတလုံး ချင်းမလေးကို တလုံး ကျွေးလိုက်တယ် ဘာအရသာမှ ခံလို့ မရခဲ့ဘူး ကျမလှုပ်ရှားမှုတိုင်းမှာ အသက်မပါခဲ့ဘူး သူများအိမ်ရှေ့ ခွေးကတက်မှာ ထိုင်ပြီး အချိန်ဖြုန်းနေခဲ့တယ် ဆိုင်မှာခေါက်ဆွဲ ကို ကော်ပြန့် ကြော်နဲ့ သုတ်ပြီးစားလိုက်တယ်
ကျမအိမ်ပြန်ရောက်လာတယ် ရေချိုး အဝတ်လျှော်ပြီး လိုင်းတက်ဘို့  ပြင်လိုက်တဲ့အချိန် အသိတခု ဝင်လာတယ် အဲ့ဒီအတွက် ကျမလိုအပ်တာကို သွားမေးဘို့  လမ်းထွက်တယ် ဒါပေမဲ့ အမေးခံရမဲ့ အမျိုးသမီးက အိမ်လည်နေတယ် သူ့ ကိုလိုက်ရှာဘို့ ပြင်တော့ မိုးကရွာလာလို့ အိမ်ကို ပြန် အဝတ်တွေ ရုပ်ပြီး ထီးနဲ့ တခါပြန်ထွက်ပြန်တယ် တရပ်ကွက်လုံးပတ်ဖြစ်တယ် သူ့ အိမ်ကို နောက်တခေါက်ထပ်ရောက် တယ်  နောက်ဆုံးတော့ အတွင်းရေးမှုးအိမ်မှာသွားတွေ့ တယ် ကျမလိုချင်တာကို မေးတော့ သူ့ မှာမရှိဘူး ရှိတဲ့သူကို ညွှန်ပေးတယ် မိုးတွေက သည်းကြီးမည်းကြီး ရွာလိုက်တာ ကျမ အဲ့ဒီအိမ်က မပြန်ဖြစ်ဘူး ညစာပါ စားဖြစ်ခဲ့တယ် ကျမလုပ်ချင်နေတဲ့ ဆန္ဒ မပြည့်ဘူး မလုပ်ဖြစ်သေးဘူး စိတ်ပျက်ခြင်း များစွာ နဲ့ အိမ်ပြန်ရောက်လာတယ် ဟိုအမျိုးသမီးညွှန်ပေးတဲ့ အိမ်ကို ဖုန်းဆက်ကြည့်လိုက်တော့ ကျမဆန္ဒေ တွ အားလုံးပြန်ပြည့်သွားစေတယ် ကျမချက်ခြင်းဘဲ အဲ့ဒီအိမ်ကို သွားပိုက်ဆံပေးပြီး ကျမအိမ် ကယူသွားတဲ့ ပစ္စည်းတွေကို ပါ သွားလှုခိုင်းလိုက်တယ် ကျမအခုလေးတင်ဘဲ ဘုန်းကြီးကျောင်းကို စိတ်ဆန္ဒြ ပင်းပြစွာ နဲ့   ဆန်တအိတ် ဆီတပုလင်း (စပရိုက်ပုလင်း) ဆား နှစ်ထုတ်(အိုင်အိုဒင်းဆား)တို့ ကို လှုလိုက်နိုင်ပါတယ်ရှင် ကျမပြုလုပ်ခဲ့သောကုသိုလ် ကောင်းမှုအားလုံးကို ကျမအမျိုးသားနဲ့ သူငယ်ချင်းများအား အမျှပေးဝေ ပါတယ် (အမျှ အမျှ အမျှ)၃
စက်တင်ဘာ၂၄ ၊၂၀၁၄ (ည၁၀း၃၆)

Sunday, September 21, 2014

I WANNA GROW OLD WITH YOU( MY BELOVED HUSBAND KO ZIN)

"I Wanna Grow Old With You"
Another day Without your smile Another day just passes by But now I know How much it means
For you to stay Right here with me The time we spent apart will make our love grow stronger
But it hurt so bad I can't take it any longer I wanna grow old with you I wanna die lying in your arms
I wanna grow old with you I wanna be looking in your eyes I wanna be there for you Sharing everything you do I wanna grow old with you A thousand miles between us now It causes me to wonder how Our love tonight remains so strong It makes our risk right all along The time we spent apart will make our love grow stronger But it hurt so bad I can't take it any longerI wanna grow old with you I wanna die lying in your arms I wanna grow old with you I wanna be looking in your eyes I wanna be there for you Sharing everything you do I wanna grow old with youThings can come and go I know but Baby I believe Something's burning strong between us Makes it clear to me I wanna grow old with you I wanna die lying in your arms I wanna grow old with you I wanna be looking in your eyes I wanna be there for youSharing everything you do I wanna grow old with you

Monday, September 15, 2014

I Love You ( For My Beloved Husband Ko Zin )



Till The End Of Time
တကယ်ချစ်မိရင်တစ်ယောက်ရဲ့အတိတ်တွေကိုတတ်နိုင်သလောက်မေ့ပစ်ပြီးအခုပစ္စုပ္ပန်မှာအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတတ်ကြပါတယ်..
တစ်ယောက်ကိုတစ်ယောက်ပွင့်လင်းမှုလေးတွေနဲ့တည်ဆောက်ပြီးရိုးသားမှုလေးတွေနဲ့ဖြတ်သန်းနေတတ်ကြပါတယ်...
တစ်ယောက်ရဲ့အမှားကိုတစ်ယောက်ကအပြစ်ထိုင်ပြောနေတတ်တာမျိုးမဟုတ်ပဲနားလည်မှုလေးတွေနဲ့ဖေးမနေတတ်ပါတယ်...
စိတ်ဆိုးကြတဲ့အခါတစ်ယောက်ကိုတစ်ယောက်သာတယ်နာတယ်မတွေးပဲပြန်လာခေါ်နေတတ်ကြပါတယ်...
တစ်ယောက်ရဲ့အခက်ခဲကိုတစ်ယောက်ကရှောင်လွဲနေတတ်တာမျိုးမဟုတ်ပဲအတူတကွရင်ဆိုင်ဖြေရှင်းနေတတ်တာမျိုးပါ...
တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ ဘယ်လိုသောအကြောင်းမျိုးနဲ့မှ လက်တွဲမဖြုတ်တတ်ကြပါဘူး...
Phoe Phyu
သင်တို့နှစ်ယောက် တကယ်ချစ်ခဲ့ရင်……

သစ္စာ ရှိပါ……
ချစ်သူနှစ်ယောက်ဝေးနေလို့  တစ်ယောက်   ကို  တစ်ယောက်ပြုစုယုယခွင့်     မရှိတောင်တစ်ယောက်အပေါ်
တစ်ယောက် သစ္စာရှိနေပါ…။

ယုံကြည် ပေးပါ…
အခက်ခဲတွေကြုံလို့လက်တွဲပြီးကူညီမဖြေရှင်းပေးနိုင်ခွင့်မရှိရင်တောင်မှ အဝေးကနေသူ ဟာ သင့်အတွက် ပူပင်ပေးနေမယ်ဆိုတာ ယုံကြည်နေပါ…။

နားလည် ပေးပါ……
အကြောင်းအမျိုးမျိုးကြောင့်သင့်အားသတိရနေပေမဲ့ ဆက်သွယ်မှု မရှိတဲ့အခါသူလဲ သင့်လိုလွမ်းနေမှာပါ လို့ နားလည်ပေးပါ…။

ဝေးကွာနေတဲ့ချစ်သူနှစ်ဦးအတွက် ပြုစုယုယခွင့် လက်တွဲလျှောက်လှမ်းခွင့် ကအဓိက မဟုတ်ဘူး ယုံကြည်မှု့ နားလည်မှု့ နဲ့ သစ္စာရှိမှု့သာသင်တို့နှစ်ဦးကိုဆုံဆည်းပေးနိုင်မှာပါ…။

Monday, September 1, 2014

ကျမရှစ်ရှစ်(ချစ်ခင်ပွန်း ကိုဇင်)အတွက်မွေးနေ့ ဆုတောင်း




ငါတို့နှစ်ယောက်ရဲ့ ဝေးကွာမှု့တွေကထုထည်ကြီးလွန်းလှပါတယ်ဟာ…
နင်ပြန်လာမယ့်နေ့ရက်တွေကိုလက်ချိုးရေတွက်ရင်း အမှတ်တရတွေကြားထဲမှာငါစောင့်မျှော်နေပါတယ်…
နင်ပြန်လာခဲ့ရင် ဆိုတဲ့အတွေးလေးတွေနဲ့စိတ်ကူးထားတာလေးတွေ တွေးမိတိုင်းလဲငါပြုံးမိတယ်…
တကယ်လို့ပေါ့နင်ပြန်လာခဲ့တဲ့အခါလမ်းမှာတွေ့နေရတဲ့အားကျစရာစုံတွဲလှလှလေးတွေလိုနှစ်ယောက်အတူတူ ပျော်ရွှင်စွာဖြတ်သန်းကြမယ်…

ကိုယ့်နှလုံးသားနဲ့ ကိုယ်အသက်ရှုနေပေမယ့်သူ့ဂရုစိုက်မှုနဲ့ အသက်ဆက်ခဲ့မိတယ်...
ကိုယ့်မျက်ဝန်းနဲ့ ကိုယ်မြင်နေရပေမယ့်သူ့အပြုံးလေးတွေနဲ့ အမြင်တွေ ကြည်လင်ခဲ့မိတယ်...
ကိုယ့်နားစည်နဲ့ကိုယ် အကြားအာရုံခံစားရပေမယ့်သူ့အသံလေးတွေနဲ့ စွဲစွဲလမ်းလမ်း ကျေနပ်ခဲ့မိတယ်...
ကိုယ့်စိတ်ဝိညာဉ်နဲ့ကိုယ် ရှင်သန်နေပေမယ့်သူ့အကြောင်းတွေးရင်း ကိုယ်အတွေး သံသရာလည်ခဲ့မိတယ်..
ကိုယ့်ချစ်ခြင်းနဲ့ ကိုယ် ယုံကြည်နေပေမယ့်သူ့ဥပေက္ခာနဲ့ ကိုယ်ပြိုလဲခဲ့မိတယ်....
ကိုယ့်ရပ်တည်ခြင်းကိုယ့်စိတ်ကိုယ်သတ္တိနဲ့ပါဘာကြောင့်သူရှိလာတဲ့အခါတစ်ကိုယ်တည်းမပျော်ရွင်တတ်တော့လဲကွယ်...
ကျွန်မက မောင့်ရဲ့နံရိုး သေးသေးလေးတစ်ခုဆိုရင်ကျွန်မလိုအပ်နေတာ မောင့်ရဲ့ရင်ခွင်တစ်ခုမှာခိုလှုံချင်ရုံလောက်ပါ.....
ဘယ်အခါမှာ ထွက်မသွားခြင်းမျိုးနဲ့ပေါ့.....


ကျမကအဖွားကြီးပါမောင်။
••••••••••••••••••••••••
ကျမကအဖွားကြီးပါမောင်။မောင်လိုချင်တဲ့နုပျိုတဲ့အလှတွေမရှိတော့ပေမယ့်နုပျိုလတ်ဆတ်တဲ့အချစ်တွေနဲ့ချစ်နေဆဲပါမောင်။
ကျမကအဖွားကြီးပါမောင်။မောင်နှစ်သက်တဲ့ခလေးအမူအယာတွေမရှိတော့ပေမယ့်တည်ငြိမ်ရင့်ကျက်တဲ့ နှလုံးသားတစ်စုံဟာ မောင့်အတွက်ပါမောင်။
ကျမကအဖွားကြီးပါမောင်။မောင်လိုချင်တဲ့ကိလေသာချမ်းသာမှုတွေမပေးနိုင်ပေမယ့်သံသရာချမ်းသာမှုအတွက်ပါရမီကောင်းကောင်းဖြည့်နိုင်ပါတယ်မောင်။
ကျမကအဖွားကြီးပါမောင်။ညဉ့်နက်သန်းခေါင်မှာမောင်အပြင်မှာအမှားမှားအယွင်းယွင်းနဲ့အိမ်ပြန်နောက်ကျတောင်မိုးလင်းတဲ့အထိစောင့်နေမဲ့သူပါ။
ကျမကအဖွားကြီးပါမောင်။မောင်ကအချစ်လိုအပ်ချိန်မှာအချစ်ကိုပေးပြီး မေတ္တာလိုအပ်နေချိန်မှာမေတ္တာပေးဖို့အသင့်ပါမောင်။
ကျမကအဖွားကြီးပါမောင်။မောင်တို့ယောက်ျားလေးသဘာဝစိတ်ဝင်တစားကြည့်နေတဲ့အရာတွေပင်ကိုမျက်လုံးနဲ့မမြင်နိုင်ပေမယ့် ပျော်ရွှင်နေတဲ့မောင့်နှလုံးသားတစ်စုံကို မျက်လုံးမှိတ်ထားလည်းမြင်နေရပါတယ်မောင်။
ကျမအဖွားကြီးပါမောင်။မလိုအပ်တော့တဲ့အမှိုက်သရိုက်လိုတာဝန်မယူချင်တော့လို့ဘိုးဘွားရိပ်သာကိုပို့မယ်ဆိုရင်တောင်တရားဘဝနာပွားများရင်း နေ့စဉ်မေတ္တာပို့နေမှာပါမောင်။