ကျမ
မလေးရှားတွင်နေထိုင်စဉ်အချိန် ၌တွေ့ ကြုံရခဲ့သောအဖြစ်အပျက်ကလေးတခုပါ။ ကျမသည်
လေဘာဆပ်ပလိုင်း လုပ်သောကြောင့် အလုပ်သမား ၃၀ ခန့် ရှိပါသည်။ ၄င်းတို့ ၏ အလုပ်နေရာများမှာ သုံးနေရာကွဲ၍
မြို့ ပြင်ကျသောကြောင့် ချက်ပြုတ်စားသောက်စရာများ လိုအပ်သည်များ နှင့် သူတို့ မှာသည်များကို ၀ယ်ပို
့ပေးပါသည်။ တနေ့ ၌ အလုပ်သမားများထဲမှ တဦးအားခေါ်၍ဈေးဝယ်ရန် သွားပါသည်။
လမ်းတွင်ဘလောက်ချက်တခုနှင့်တွေ့ ၍ ရဲမှကျမအားအရင်လိုင်စင်သာစစ်ပြီး သူ
့ကိုစစ်ပါသည်။ ကျမကိုမေးနေစဉ် ရဲကိုကြည့်နေပြီး သူ့ကို မေးသောအခါတွင်မှ မျက်နှာလွှဲလိုက်သဖြင့် လာစစ်သောရဲမှာ အလွန်တရာစိတ်ဆိုးသွားပါသည်။ ထို့ ကြောင့်ကျမမှာ ရဲအားမနဲတောင်းပန်ပြီး သူ၏စာရွက်စာတမ်းများကိုပြ၍ဖြေရှင်းခဲ့ရပါသည်။
ရဲမပြောပါနှင့် ကျမလည်းအလွန်တရာစိတ်ဆိုးမိပါသည်။ ထိုသို့ ဖြင့် သူ့ အလုပ်နေရာသို့  ပြန်ရောက်သောအခါ
ကျမသူ့ ကို မေးကြည့်ပါသည်။ ဘာဖြစ်လို့ ရဲကမေးမှ
နင့်မျက်နှာလွှဲလိုက်ရသလဲ ဆိုတော့ သူပြန်ဖြေလိုက်ပုံကြောင့် စိတ်ဆိုးခဲ့သည်များမှာ
ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး ရယ်မောမိပါတော့သည်။
သူပြန်ဖြေလိုက်ပုံမှာ” အမကမှာထားတယ်လေ ရဲမြင်ရင်မကြည့်ရဘူး “ ဟုဆိုလေသတည်း။
သူပြန်ဖြေလိုက်ပုံမှာ” အမကမှာထားတယ်လေ ရဲမြင်ရင်မကြည့်ရဘူး “ ဟုဆိုလေသတည်း။
မှတ်ချက်။
။ကျမမှာထားသည်မှာ၎င်းတို့ လမ်းသွားနေစဉ်ရဲမြင်လျှင်သွားမကြည့်ရန်၊ သူတို
့နှင့်မျက်လုံးချင်းဆုံမိပါကခေါ်၍မေးတတ်ရစ်တတ်သောကြောင့်ဖြစ်ပါသည်။
2 comments:
သူ့အဖြေမှန်ပါတယ်
ပြုံးမိတယ်သူငယ်ချင်းရေ
အင်းနော် ကိုယ်ပြောထားတော့လဲ သူ့ ကို စိတ်ဆိုးဘို့ အစား နောက်တခါမလုပ်ဘို့ သာပြောလိုက်ရတော့တယ်
Post a Comment