Friday, January 11, 2013
ပြန်စဉ်းစားပါ
မျက်စိစုံမှိတ်ပြီး ယုံကြည်ဖို့အထိငါ့အသိတရားက ကန်းမသွားသေးဘူး
တရားလက်လွတ် ဆုံးဖြတ်ဖို့ကိုငါ့ ကိုယ်ကျင့်တရားက လက်မခံနိုင်ဘူး
ပြဿနာတွေ ဖြစ်လာဖို့အထိငါ့အဆင်ခြင်ဥာဏ်က မညံ့ဖျင်းသေးဘူး
တကယ်တော့ဟာ......ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရတာ
ဖွင့်ချပေါက်ကွဲလိုက်တာထက် ခက်ခဲနာကျင်မှန်းငါသိနေတာပေါ့
ငါတန်ဖိုးထားဆုံးသော ငါ့ရဲ့ရပ်တည်မှုငါ့ရဲ့ မာန ငါ့ရဲ့အတ္တ
အဖြူရောင်တွေကို စွန်းထင်းမခံနိုင်တာငါမှားသွားလား???
ငါတည်ဆောက်ထားတဲ့ ငါ့ဘဝလမ်းမှာငါလဲပဲ ငါချစ်တဲ့ ငါ့ကိုချစ်တဲ့ ချစ်သူနဲ့
ခိုင်မြဲလက်တွဲ အောင်မြင်စွာ လျှောက်လှမ်းချင်တာပေါ့
အဲဒီလိုဖြစ်ဖို့ ကိုယ့်ကိုယ်ကိုလေ့ကျင့်သင်ကြားပြီး
ငါဟာ စကားလုံးတိုင်းကို မသာယာ မယုံကြည်တတ်ဖို့လိုတယ်
♥ သမုဒ္ဒရာ ♥
မင်းအမေရိကမရောက်ခင်မဲဆောက်မှာနေတုန်းကမင်းအနားမှာဘယ်သူတွေရှိခဲ့ဘူးလဲ အမေရိကရောက်တော့တောင်မင်းမှာအလုပ်အကိုင်မရှိခင်ကဘယ်သူတွေအရေးတယူဆက်ဆံခဲ့ဘူးလဲ ဘယ်သူကအိမ်မှာလာနေပါလို့ အရေးတယူခေါ်ခဲ့ဘူးလဲ သွားလည်ရင်တောင်သူ့ အိမ်နေနိုးနိုးနဲ့ မောင်းမထုတ်ရုံတမယ်ဖြစ်ခဲ့ဘူးတယ်မှတ်လား
အလုပ်အကိုင်ရှိဝင်ငွေပုံမှန်ရှိလာမှဆက်ဆံလာတဲ့သူတွေကိုမင်းအရေးတယူဖြစ်နေတာလား မင်းအမေရိကရောက်မှ သူငယ်ချင်းပါလို့ အွန်လိုင်းအမျိုးမျိုးမှာ
အရမ်းကိုခင်တဲ့တွေဖြစ်နေတာလား အစစအရာရာတိုင်ပင်တယ်တဲ့လား
 မေးကြည့်တာပါ မင်းဘာမှမရှိခင်ကမင်းအနားမှာဘယ်သူရှိခဲ့ဘူးလဲလို့ 
ဘယ်သူ့ ကိုရည်ရွယ်ပြောခဲ့တာကိုလဲ ကာယကံရှင်ကိုယ်တိုင်က၀န်ခံသွားပါတယ် ဒါပေမဲ့ ခြောက်တန်းတောင်မအောင်တဲ့သူကို   မျိုးရိုးကိုလဲကြည့်ပါသေးတယ်တဲ့
သူ့ အတွက်ဘ၀အာမခံချက်ရှိမှတဲ့ စိတ်မကောင်းပါဘူးယောင်္ကျားရယ် တောင်းပန်လိုက်ပါတယ် ဘာဘဲဖြစ်ဖြစ် ကျမတို့ အိမ်ထောင်ရေးကိုတော့မဖြိုခွဲပါနဲ့ လို့ 
နှလုံးမလှပဲ ပြုံးပြခဲ့ပြီး
ရှုံးသွားတော့မှ အမုန်းတရာနဲ့  မကြုံးဝါးပါနဲ့ 
ငါက..။
အပြင်စ်ကင်းတဲ့ ချစ်ခြင်းကိုသာလက်ကိုင်ထားခဲ့လို့ 
စစ်ခင်းခဲ့ရင်တောင် လစ်ဟင်းမှုတွေမရှိခဲ့တာကိုပဲ ဂုဏ်ယူနေလိုက်မယ်။
ကောင်မလေး ......ငါ့နှလုံးသားက ကစားကွင်းမဟုတ်ဘူး....တခြားနေရာမှာ သွားကစားပါ။ 
တခါတခါ
သူ့ စာဖတ်ရင်း
ရင်တွင်းသဲတွေ
ကွဲမွကြွေသို့ ....
လူအတော်များများက သူများရယ်မှာ ကြောက်တာနဲ့ ပဲ တည်တည်တံ့တံ့ကိုယ့်ဘဝအတွက် လုပ်ရမှာတွေကို မလုပ်ရဲ ကြတော့ဘူး။
ကျနော့ကားလေးက ပျက်ပြီ။သုံးမရတော့ ဒေါ်လာသုံးရာနဲ့ ဝယ်မဝယ်တောင် ရင်တမမနဲ့  စောင့်ကြည့်နေရတဲ့ အခြေနေ။သူမဝယ်ရင် ငါးရာလောက်ကုန်ကျခံပြီး ကားသင်္ချိုင်းပို့ ရတော့မယ်။အသစ်လဲ ပြန်မဝယ်နိုင်သေး။သို့ သော်သွားစရာများက အမြဲရှိနေဦးမယ်။အဲံဒိအတွက် စက်ဘီးတစ်စီး ဝယ်လိုက်တယ်။မိတ်ဆွေအတော်များများက ပြောကျတယ် ဆောင်းတွင်းကြီး စက်ဘီးဝယ်စီးတာ မင်းအရူးလားတဲ့။ကျနော်ကတော့ သူဘာသာ ဘာရာသီဖြစ်ဖြစ်...ကိုယ်လိုအပ်တဲ့ အချိန်မှာ လိုအပ်တာကိုဝယ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ်လို့ စိတ်ကူးထားတာ။ရှင်းပြရလဲ အခတ်။ကံကောင်းချင်တော့ စက်ဘီးစီး အဖြူကောင် စက်ဘီးစီးလူတစ်သိုက်က လမ်းရှေ့ ဖြတ်သွားတာနဲ့ကြုံလိုက်ရတယ်..။ကျနော်သူတို့ အားလုးံကို တစ်ခွန်းပဲ ပြောစရာရှိတော့...။ဟို မှာ..ကြည့်....လို့ ။
လှေနံဓါးထစ် အမြင်များ...ပျောက်ကင်းကြပါစေ။
သူချစ်ကိုယ်ချစ် ချစ်ပါသော်လည်း ချစ်လျှက်ခွဲခွါ  ဝေးရောက်သောခါ
လက်ထပ်တရားဝင်အသက်ကြီးသောချစ်ဇနီးအားကြောင်းမျိုးရှာ၍ပြစ်တင်အားလျှက်
မိမိပြစ်ကင်းပြောဆိုခြင်းဖြင့်ရှောင်သွေဖယ်ခွါအသစ်ရှာသည်အသင်လူသားဘယ်လိုလူစားနည်း။
3 comments:
Toe Yee Yee said...
9 Jan 13, 21:23
နန်းရှင်: ဘာသက်သေအထောက်အထားမှ ခိုင်ခိုင်လုံလုံမရှိပဲနဲ့ သူတဖက်သားကို လိုက်စွပ်ဆွဲနေတာ မပင်ပန်းဘူးလား..သူများတွေကို ဒုက်ခလိုက်မပေးနဲ့ ကို့်ဘာသာ ကျမ်းမာအောင်နေ...
.ကိုယ့်ဘာသာလဲ ပျော်အောင်နဲ့ ...ကျနော်ကတော့ ဘာအကြောင်းနဲ့ မှ စိ
9 Jan 13, 21:26
နန်းရှင်: စိတ်အညစ်မခံဘူး...
9 Jan 13, 21:28
နန်းရှင်: ပိုက်ဆံမထောက်ပံ့တာ အဆက်သွယ်ဖျက်လိုက်တာ မယားအဖြစ်က စွန့် လွှတ်လိုက်တာတွေကလဲ ..အမပေးထားတဲ့ ကတိတွေကို သုံးခါတိတိ အဖျက်ခံပြီးမှ အတည်ပြုလိုက်တာ..
Toe Yee Yee said...
Yaryar Mahuyar
vedioတွေနဲ့စာတွေပဲရှိတယ် ယာ့ကိုရွဲ့ရေးတာထင်တဲ့ကဗျာတစ်ပုဒ်နဲ့
Toe Yee Yee said...
Yaryar Mahuyar
vedioတွေနဲ့စာတွေပဲရှိတယ် ယာ့ကိုရွဲ့ရေးတာထင်တဲ့ကဗျာတစ်ပုဒ်နဲ့
Photo
1Like · · Share
Chuu Lay and 12 others like this.
နန်း ရှင် hay...that's really my Quote....
6 hours ago · Like · 1