Wednesday, February 6, 2013

တဖက်သတ်စီရင်ခြင်း

အကိုကို့ ဒုကသည်စခန်းမှာစောင့်နေတဲ့အမတယောက်ရှိကြောင်းကိုယ့်ကြောင့်
လူတယောက်စိတ်ဆင်းရဲနေလျင်အကိုဒီဘဝမှာပျော်နိုင်မှာလားစတဲ့စကား
လေးတွေပြောဖြစ်ပါသေးတယ်။သူကပြန်ပြောတာက

(ကျွန်တော်လည်း ဗုဓ်ဒ ကို လေးစားသူပါ။ခင်ဗျားလည်း လေးစားတယ်
ဆို ရင် ကေသီ မြင်းထိန်းအကြောင်းကိုလေ့ လာပါတဲ့။ကျွန်တော့် နဲ့
ပတ်သက်သမျ တရားသဘောနှင့်အညီဖြစ်လာပါလိမ့်မ
ယ်။ )

အဲ့ဒါကိုနန်းရှင်ဆိုတဲ့ ကျမအမျိုးသားကကျမနဲ့ ပတ်သက်ပြီး သူ့ ရဲ့ သဘောထားကို ပြောတာပါတဲ့
ကျမနဲ့ ဘယ်လိုမှ မပတ်သက်တဲ့အကြောင်းပါ ကျမဆိုတာထက် အိမ်ထောင်တခုမှာဆိုရင်ပိုမှန်မှာပါ
ကေသီမြင်းထိမ်း က မြင်းတွေကို အနုနည်း အကြမ်းနည်း အသေသတ်တဲ့နည်းတွေနဲ့ ထိမ်းပါတယ်တဲ့
ဘုရားရှင်ကို လျှောက်ပါတယ်တဲ့ အရှင်ဘုရားကကော ရဟန်းတွေကိုဘယ်လိုနည်းနဲ့ ဆုံးမပါသလဲ တဲ့
မြတ်စွာဘုရား ကအနုနည်းနဲ့ တန်တဲ့ရဟန်းကို အနုနည်းနဲ့  အကြမ်းနည်းနဲ့ တန်တဲ့ရဟန်းကို အကြမ်းနည်း နဲ့  အသေသတ်ဘို့ တန်တဲ့ရဟန်းကို အသေသတ်တဲ့နည်းနဲ့ တဲ့ အသေသတ်တယ်ဆိုတာအသက်သတ်တာကိုခေါ်တာမဟုတ်ပါဘူးတဲ့ သူ့ ဘ၀ကိုသတ်လိုက်တာပါတဲ့ အဲ့ဒါက ဆိုလိုပါတယ် ကျမသိသလောက်ပြန်တင်ပေးတာပါ အမှားပါခဲ့တယ် မကျေနပ်ခဲ့ဘူးဆိုရင်လဲ ကြိုတင်တောင်းပန်ပါတယ်။

အိမ်ထောင်တခုမှာ အိမ်ထောင်ရှင်ယောင်္ကျားတယောက်က တရားဝင်လက်ထပ်ထားတဲ့မိန်းမ ကို ကေသီမြင်းထိမ်း လို ထိမ်းပြီး သူ့ ဘ၀ကို သတ်လိုက်တာပါတဲ့  မကြားဘူး ဘူးနော် မှတ်သားစရာပါ။

http://www.facebook.com/bago.thar.902  

အနိုင်လိုသူနဲ့ချိုင်လိုသူတို့ ကြား မဆိုင်သလိုနေပြီး
ဒိုင်ရှိုလေးနဲ့ ထိုင်ငိုရတဲ့ရက်တွေမြန်မြန်သာ ပျက်ကြွေပါစေတော့...လို့ ။


အချစ်ကိုချစ်၍   စစ်ကိုမုန်းပါသည်။
သို့ သော်...အချစ်စစ်အတွက်    စစ်ဖြစ်နေရသည်။



နင်လုပ်လို့ ငုတ်တုတ်ကြွေပြီး မဟုတ်တရုပ်တွေလုပ်ခဲ့ဘူးတယ်..
ဒါပေမဲ့ အခုမှ လူ့ ဘဝရဲ့ သမုဒယတွေကို တယုတယရှိခဲ့ဘူးတဲ့ငါ 
သံသယနဲ့ ရန်စတာ အမှန်မှမဟုတ်တာလို့ နားလည်ပြီးတဲ့နောက်..... 

နောက်ဆုံးအချိန်ထိငဲ့ကွက်ပြီးတော့လွှတ်ချလိုက်တာတောင် ငြင်ငြင်လေး...ဆိုတော့
နင့်ဘာသာ ဖောက်ပြန်တဲ့အကြံကြောက်ကန် ကန်လို့ အထိနာသွားတာကိုတော့ဝမ်းနည်းမနေတော့ပါဘူး....။
 

နှလုံးမလှပဲ ပြုံးပြခဲ့ပြီးရှုံးသွားတော့မှ အမုန်းတရာနဲ့  မကြုံးဝါးပါနဲ့ 
ငါက..။
အပြစ်ကင်းတဲ့ချစ်ခြင်းကိုသာလက်ကိုင်ထားခဲ့လို့ စစ်ခင်းခဲ့ရင်တောင် လစ်ဟင်းမှုတွေမရှိခဲ့တာကိုပဲ ဂုဏ်ယူနေလိုက်မယ်။

ကျနော်ကို ချစ်လွန်းလို့ မုန်းနေသူတစ်ယောက်က ပျက်စီးမှာ ကြောက်လို့ ဖျက်စီးနေတယ်.. မပျော်ရွှင်မှာဆိုးလို့ စိတ်ဒုက္ခရောက်အောင်လုပ်နေတယ်...အနိုင်လိုချင်လို့ အရှုံးပေးနေတယ်.....

ရက်စက်ချင်လို့ နုညံ့နေတယ်....
ကျနော့်ကို အရောင်ဆိုးဖို့ မကြိုးစားပါနဲ့ ။နဂိုကတည်းက ဘာအရောင်မှကိုမရှိတာ

 နန်း ရှင် 

ကိုယ့်ဘာသာကိုယ်   တရားစွဲ  ရှေ့ နေလဲကိုယ် တရားသူကြီးလဲကိုယ် နဲ့  အဲ့ဒီအမှုကို ကိုယ့်ဘာသာကိုယ် စီရင်ချက်ချနေတာပါ။ တဖက်သတ်ကွာရှင်းခြင်းဆိုတဲ့ စီရင်ချက်ပါဘဲ။

နန်း ရှင်
ကျုပ်ကဘာတွေဖြစ်နေလို့ လာပြီးညှိနှိုင်းခိုင်းနေတာလဲ ။ဘာတွေလာပြောနေတာလဲ ။အရှုပ်ဇယားတွေလာမခင်းဖို့ တောင်းပန်ပါတယ်။ဘယ်သူ့ ကိုမှလဲ ရှောင်စရာမလိုသလို လိုက်စရာလဲမလိုဘူး။အွန်လိုင်းသုံးနေတာ အဓိပ်ပါယ်မရှိ အရေမရအဖတ်မရလူတကာနဲ့ စကားပြောဖို့ သုံးနေတာမဟုတ်ဘူး။အဲ့သလောက်ဆိုသဘောပေါက်ပါ။
ကျုပ်အချိန်တွေကိုလာလုယူဖို့ အားနာပါ။ရှင်းနေတဲ့ခေါင်းကို မရှုပ်မိဖို့ အားနာပါ။

သွားပြောတဲ့သူကို ပြန်ရေးလိုက်တဲ့သူ့ စာသားပါ စေတနာနဲ့ ပြောပေးတာကို အဲ့ဒီလူကိုလဲ သူ block လုပ်လိုက်ပါတယ်။ 


2 comments:

စံပယ်ချို said...

ပိုစ့်လေးနဲ့ပတ်သက်ပြီးဝေဖန်နိုင်တဲ့အရည်အချင်းမရှိလို့
ဘာမှမရေးတော့ဘူးနော်
ရီလင်း ဘုရားသခင်စောင့်ရှောက်ပါစေ
ဘုရားသခင်ငြိမ်းချမ်းမှုအောက်မှာရှိနေပါစေလို့
jasmine ဆုတောင်းပေးတယ်သူငယ်ချင်းရေ

Toe Yee Yee said...

အိမ်ထောင်တခုကို မပြိုကွဲချင်လို့ ပါ မစပယ်ရယ် အရမ်းကို ခံစားနေရတာပါ