Wednesday, February 13, 2013
ချစ်ခင်ပွန်းနန်းရှင်အတွက် (Valentine)လက်ဆောင်
“ မင်းမမှန်ရင်မင်းတရားခံဖြစ်မယ် ။ငါမမှန်ရင်ငါတရားခံဖြစ်မယ် ။တရားဆိုတာညှာလည်းမညှာညာလည်းမညာသာစေ နာစေ မရှိ 
ပကတိသူ့ သဘော သူဆောင်ခြင်း ပဲ။
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့မင်းရဲ့အနာဂါတ် ။
မပတ်သက်ချင်လို့ မရ မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။
မင်းဘာလဲ မင်းဘယ်သူလဲ မင်းဟာ မင်းဘဲ ။ ” 
~ ဆရာတင်မိုး ~
Angelhlaing
  "serious"
တစ်စုံတစ်ခုကြောင့်များ ...ဘ၀ဟာ မှားခဲ့သလား ...အရာအားလုံးဟာ .. တုန်တုန်ရီရီ ..။
ကိုယ် မင်းကို မပြတ်နိုင်ဘူး     မင်း သတင်းကြားရင် မနေနိုင်ဘူး      မင်းကိုလွမ်းတဲ့စိတ်နဲ့ မဖြေနိုင်ဘူး
အားလုံး အသစ်ပြန်စလို့ရရင် ........အားလုံး အချစ်ပြန်ဖြစ်လို့ရရင် .......မျိုသိပ်ထားပေမယ့် ကိုယ် သိပ်အားငယ်ပါတယ်။
ဟန်ဆောင်ထားပေမယ့်   တကယ်အနားမှာမရှိတော့မှ ... ပိုချစ်လာရတယ် ...။
ပစ်မသွားပါနဲ့ အခါခါ . ဖုန်းတွေဆက်    အက်ကွဲကြောင်းတစ်ခုရဲ့ အဆုံးသတ်ကိုသုံးသပ်ဖို့အင်အားတောင်မရှိနိုင်တော့။
ကဗျာတွေ ကိုယ်ရေးခဲ့တိုင်းကိုယ်နဲ့ထပ်တူ လက်ချောင်းသွယ်ဖြူဖြူလေးတွေလည်းကဗျာရေးနေမလား..တွေးဖူးတယ်။
J'Bon ကော်ဖီဆိုင်ကHot chocolet တစ်ခွက်လည်းအိပ်မက်ထဲမှာ ခါးလိုက်တာ အချစ်ရယ်။
အညတရ စာမျက်နှာထက်မှာမင်း ကိုယ့်ကို ဖယ်ထုတ်လိုက်သလိုဘ၀ရဲ့ စာမျက်နှာထက်မှာရောမင်းအတွက်ကိုယ်ရှုပ်နေပြီလား .....၊
အားလုံး ဟားတိုက်ကြတဲ့ ... ဒဏ်           ကိုယ် ... ခံနိုင်ရည်ရှိပါတယ်။
ဘယ်သူတွေဘယ်လိုကြည့်ကြည့်       ကိုယ်က .. မင်းမျက်နှာပဲ ကြည့်ခဲ့တယ်။
အခုတော့လည်း .....သံယောဇဉ် တစ်ပင်တင်းရင်း   လွမ်းနေ ...တဲ့ အချိန်ကာလ .. အပိုင်းအစတွေထဲ ကိုယ်တဖြည်းဖြည်း ကြေကွဲ       မင်းရေးဖူးတဲ့ ကဗျာတွေပဲ သတိရပြိုလဲ ၀မ်းနည်းခြင်းတွေသာ ...
အမှတ်တရအဖြစ် ... ကျန်ရစ်တယ် ....။ ။
နန်းအသင်္ခယာ
hello
အပူချိန် သုညအောက် ကျရောက်နေတဲ့ငါ့ရွာလေးမှာ
နေရောင်ခြည်နဲ့  ခေတ်မှီ heater တွေတောင်မင်းရဲ့ hello ဆိုတဲ့အသံလေးလောက်
အနွေးဓါတ်ကို မဖြစ်စေဘူးဆိုတာ သေချာသွာတယ်............
မင်းရဲ့hello ဆိုတဲ့အသံလေးဟာကြီးမားတဲ့အစိပ်အပိုင်း တစ်ခုဆိုတာ သေချာသွားတယ်.......
ပြီးတော့.....ငါလွှတ်ချထားထားတဲ့ မိုးညိုတွေဟာ    မင်းရဲ့ hello မရှိမှန်းသိတိုင်း
ငါ့ကိုအနိုင်ကျင့်ဖို့ ကြိုးစားကြတယ်ဆိုတာလဲ သေချာသွားတယ်
အဲ့ဒိလို သေချာမှုတွေရဲ့ တုန်ခါသံက         hello ရေ..........
မင်းရှိမှဖြစ်တော့မှာမို့ ငါ့ရဲ့ အမှန်တရားဆိုတာတွေကို
မင်းရှေ့ မှောက်ခစားစေပြီးတောင်းပန်လိုက်ပါတယ်.....လို့ 
နန်းရှင်
အရှုံးပေးတိုင်းလဲ မရှူံးသလို အနိုင်ယူတိုင်းလဲ မနိုင်တက်ကြတဲ့ လောကကြီးထဲမှာ...ကိုယ့်ကိုယ်ကို ....အဟုတ်ထင်ပြီးလုပ်ချင်တိုင်းလုပ်နေလို့ ကတော့...
Bago Thar's profile photo
bagothar81@gmail.com
I know that nobody know my account.
Nan Shin and နန်း ရှင် changed their profile pictures.
  Ko Ko
Ko Ko's profile photo
kokonanshin81@gmail.com
ကိုကိုးအိမ်(မန္တလေး) ရေးထားတာကို မေ့အစားမောင် မောင်အစားမေဟုပြင်ထားပါသည်။
No comments: