Friday, March 22, 2013

မလေးရှားမှ ကုသိုလ်


ကျမ မလေးရှားမှာနေစဉ်က နေ့ စဉ်နေ့ တိုင်း နံနက်ခြောက်နာရီထိုး အလုပ်သမားများအလုပ်သွားသည်နှင့် ဆန်လေးဘူးခန့် ကို အိမ်ရှေ့ တွင်ကြဲချထားလိုက်ပါသည်။ စာကလေးများကိုအစာကျွေးခြင်းပါ။ ဆန်ကီလို ငါးဆယ် ၀င်အိတ်ကြီးတအိတ်ကို တပတ်(သို့ )ခြောက်ရက်ခန့် သာကျွေးရပါသည်။ အလွန်တရာကြည်နူးဖွယ်ကောင်းသော မြင်ကွင်းလေးကို အစာကြဲပြီးချိန်တိုင်း အိမ်ထဲမှ ကြည့်နေမိပါသည်။ စာကလေးများဆူညံစွာနှင့် အစာကိုစားနေသောမြင်ကွင်းက ကျမအတွက် တသက်မမေ့နိုင်စရာပါ။ ဆန်ကုန်သွား၍ မချမိပါလျှင် ဆူညံစွာအော်နေတတ်ပါသည်။ ကုန်တိုင်းချပေးထားပြီး ညနေသူတို့ အိပ်တန်းတက်ချိန်နီးမှ မချတော့ပါ။ သူတို့ ကိုနေ့ တိုင်းကျွေးနေသောကြောင့် နေရောင်ထွက်ပြူစအချိန်ရောက်သည်နှင့် ကျမအိမ်ရှေ့ ဓါတ်ကြိုးတွင် တန်းစီစောင့်ဆိုင်းနေကြသည်။ ကျမ၏ ဘေးအိမ်တွင်နေသော တရုတ်မကပြောပါသည်။ သူတို့ အိမ်က အ၀တ်တွေပေါ်ချီးပါချပါသည်တဲ့။ သူမပြောသည်မှာမှန်ပါသည်။ ကျမအိမ်အစာလာစားလျှင် ကျမအိမ်၌ သာနားသည်မှ မဟုတ်တာ။ အိမ်နီးနားချင်းများအိမ်များ၌လည်းနားပါသည်။ ထို့ အတွက်ကြောင့် ကျမခြံ၏ အလယ်ကောင် တည့်တည့် တွင်သာဆန်ကိုချပေးထားပါသည်။
ကိုယ့်ကြောင့်သူများကိုမထိခိုက်စေချင်သောကြောင့်နှင့် ကျမ၏ကုသိုလ်သည် သူများအတွက် အကုသိုလ်ဖြစ်နေမှာစိုးသောကြောင့်ဆင်ခြင်လိုက်ခြင်းပါ။ သူတို့ ကတော့ဘာမှမသိရှာပါ။ အစာချလျှင်စားမည်။ အစာမရှိလျှင် အော်ပါမည်။ ထိုသို့ နှင့် မလေးရှားနေထိုင်စဉ် သက်တမ်းတလျှောက် နေ့ စဉ်ပြုမြဲ ဒါန ပြုလုပ်ခဲ့ပါသည်။



No comments: