ဘ၀ရဲ့နှောင်ကြိုး
သောက ရပ်ဝန်းထဲကချစ်ကြိုးတွေကို ဖြတ်တောက်လွတ်မြောက်ချင်ပေမယ့်ငါ့နှလုံးသားမှာသံယောဇဉ်တွေ တရစ်ပြီး တရစ်ရစ်ပတ်နှောင်ဖွဲ့ အို ပြေးမထွက်ရဲပါ ။ ငါ့အတ္တဟာ ငါ့ရင်ကို ပြန်လောင်ကျွမ်းမိုးလိုရွာနေတဲ့ အနမ်းတွေလည်းသက်မဲ့တခုလိုရင်မှာခံစားလောင်ကျွမ်းသွားတဲ့ နှလုံးသားအစုံကိုကြေကွဲစွာ ငေးကြည့်နေမိတယ် အထပ်ထပ် လွှမ်းခြုံခံထားရတဲ့သောကတွေကြားက အတ္တတွေ တခုပြီး တခုမွေးဖွားသံယောဇဉ်တွေနဲ့  ယက်လုပ်ထားတဲ့ဒီ အတ္တတွေဟာခါးသက်တဲ့ဘ၀အတွက်ထွက်မပြေးရဲတဲ့ဘ၀ရဲ့ နှောင်ကြိုးတွေပါလေ ။ ။
၁၃ ၊ ၈ ၊ ၁၁
(၃၈)နှစ်ပြည့် အမှတ်တရ ရေးဖွဲ့ ခြင်း
ခိုင်လင်း(မေဃ၀တီ)
2 comments:
ဘော်ဘော်ရေ....နေကောင်းတယ်နော်
မတွေ့တာကြာလို့မေးကြည့်တာပါ
အလုပ်များနေလို့လား ရောက်ဖြစ်တယ် ပုံတွေလဲကြည့်
စာလဲဖတ်တယ်
မတွေ့တာကြာပြီနော် မအားဘူးလို့ ရေးထားတာတွေ့ ထားလို့ ပါ မျှော်တော့မျှော်မိတယ်သိလား ကျေးဇူးပါ တဦးတည်းသောသူငယ်ချင်းမရယ်
Post a Comment