Saturday, November 17, 2012

အခန်းကျဉ်းလေးထဲကဇါတ်လမ်းတပုဒ်

  သင်္ကန်းချွတ်ပြီး အကျီင်္သွားယူဝတ်ခဲ့တဲ့ကုလားလေ မှတ်မိသေးရဲ့ လား ကျမကိုလဲ နှစ်ထပ်အချုပ်ကို လိုက်ပို့ ပေးထားတဲ့သူပေါ့အမှတ်တရလေးတွေထဲမှာသူတို့ မိသားစုလဲပါလို့ ပါ အိမ်ခန်းချင်းကပ်ရက် အိမ်နီးနားချင်း

အခင်းကြမ်းနဲ့ အခန်းကျဉ်းလေးထဲမှာပေါ့......လွင့်မျောသွားတဲ့ နှလုံးသားသံစဉ်တွေကို
တစစီလိုက်ကောက်ရင်း....စိတ်လေးလေးနဲ့ ပဲသောက်နေမိတဲ့ ဆေးလိပ်လေးရဲ့ ငိုရှိုက်သံ.....
ချစ်သူရဲ့ချစ်သူက ပြောပြဘူးတဲ့သူ့ ချစ်သူရဲ့ အကြောင်း...နှလုံးသားကို အလစ်သုတ်ပြီး
အလုပ်သစ်ရှာချင်လို့ ပါဆိုတဲ့ အကြောင်းပြချက်နဲ့  အပျက်ချသွားတဲ့ အကြောင်းကိုနှလုံးသားဆိုတဲ့

အလည်နားကနားလည်ပေမဲ့   အကြားခက်တဲ့နားနှစ်ဖက်ကိုဆုံပိတ်မိတဲ့ နေ့ ကလေးရဲ့ ပဲ့တင်သံ.....
လေလွင့်ငှက်တို့ ရဲ့ ကြားမှာကြားလေတွေ လွင့်လာတာကို မသိလိုက်တဲ့ နင်ဆိုတဲ့ငှက်ကလေးတစ်ကောင်
အကြင်နာထားတဲ့သူကိုမှနာကြင်သွားစေလိုတဲ့မင်း......စသည်စသည်...အတိတ်က''က''ခဲ့တဲ့တိတ်ခွေတွေကို
ပြန်ဖွင့်လိုက် ပြန်ရစ်လိုက်နဲ့ ....ရန်ဖြစ်ချင်စိတ်တွေချည်း ပေါက်ပေါက်နေတယ်..ချစ်သူ။

နန်းရှင်

2 comments:

Toe Yee Yee said...

ဘာဘဲဖြစ်ဖြစ်တရားဝင်လင်မယားဖြစ်ခဲ့ပြီးမှကွာရှင်းဘို့ ဆိုတာမဖြစ်နိုင်တာကတော့သဘာဝကျမယ်ထင်ပါတယ် ဘယ်လင်မယားကိုမေးမေးပါ ဖြစ်သင့်သလားလို့ 

Unknown said...

အားလုံးကိုနားမလည်ပေမယ့် အစ်မအတွက် ခံစားရပါတယ် အင်း ကိုယ်ချင်းစာမိတယ်ပြောရမလားပဲ ကျွန်တော်လဲမပြောတက်ဘူး ဒါပေမယ့်တစ်ခုတော့သိချင်တယ် အစ်မအခုလိုလုပ်နေတာ ရယ်ရွယ်ချက်ကဘာလဲ အဲ့ဒါတော့သိချင်တယ် မကူညီနိုင်မှန်းသိပါတယ် ဒါပေမယ့်စိတ်ဒဏ်ရာဆိုတာ စိတ်နဲ့ပဲပြန်ကုစားနိုင်မယ်လေ ပွင့်ပွင့်လင်းလင်းပြောရရင် အခု အစ်မလုပ်နေတာတွေက ဘာမှသက်ရောက်မှု့မရှိနိုင်ဘူး တစ်ခုပဲ ကိုနန်းရှင်အရှက်ကွဲတာကလွဲလို့ပေါ့ကျွန်တော်လဲယောက်ကျားလေးဆိုတော့ သူ့ဘက်ကဝင်တွေးကြည့်တယ် သူ့နေရာမှာကျွန်တော်သာဆို ဘလော့ကိုပိတ် ပြီး ဘယ်တော့မှ အင်တာနက်သုံးတော့မှာမဟုတ်ဘူး ပြီးတော့ အစ်မရေ လင်မယား အတူမနေပဲ ဘာအထောက်အပံ့မှမယူပဲ သုံးနှစ်ခွဲနေခဲ့မယ်ဆိုရင် ကွာရှင်းစရာမလိုပဲ ပြတ်ဆဲနိုင်တယ်လို့လဲကျွန်တော် ကြားဘူးတယ် ဗျ ပြောချင်တာကတော့ ယောက်ကျားဆိုတိုင်းလဲအသည်းမမာနိုင်ပါဘူး အစ်မရေ ဘာပဲဖြစ်ဖြစ်သူ့ရင်ထဲ့မှာ အစ်မရှိနေအုံးမှာပါပဲ သူ့ရဲ့နောက်ဆုံးသံယောဇဉ်ကိုအစ်မအနေနဲ့မျှော်လင့်ချင်သေးတယ်ဆိုရင်တော့အစ်မ အခုလုပ်နေတာတွေက မှားနေပြီလို့ကျွန်တော် အကြံပေးပါရစေ ဘာပဲဖြစ်ဖြစ် အစ်မတို့နှစ်ယောက်စလုံးစာရေးကောင်းတယ် ဆက်လက်အားပေးနေပါအုံးမယ် လေးစားလျှက်
ကိုဖြိုး