Monday, November 12, 2012

သူလိုကိုယ်လို ကျနော်


ကျနော်က လူ တစ်မျိုးမဟုတ်ဘူးဗျ။    သူလိုကိုယ်လိုပဲ။
မှားစရာကို အားရပါးရမှားတတ်သလို    မှန်စရာကိုလဲ အားရပါးရမှန်တတ်တယ်။
လောကီလူသားတွေပဲဗျာ ..သူလိုကိုယ်လိုပေါ့
မှားတော့လဲ……မသေသောဆေးသမားလို့ ရွတ်လိုက်တာပါပဲ။

မှန်တော့လဲ…….ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့ လားပေါ့။(ကိုယ့်ကိုယ်ကိုလေ)…

Idea ကို ကြိုက်တယ်..အတွေးအခေါ်တွေက မစွံဘူး………။
Mathod ကိုလက္ခံတယ်……နည်းလမ်းက လွဲနေတယ်……..။
Famula ကတော့ မဆိုးပါဘူး……..ပုံသေနည်းက သောက်တလွဲ…….။
ဂျစ်ကန်ကန်နိုင်ပေမဲ့ပေကပ်ကပ်တော့မဟုတ်ဘူး။
ချစ်ရဲတယ် မုန်းရဲတယ်။
မေတ္တာနဲ့ ဒေါသကို ဆန့် ကျင်ဘက်မှန်း သိပေမဲ့
စွဲလန်းတတ်တဲ့ အရာချင်းတူတယ်လို့ ပဲ နားလည်တယ်။
ဘယ်တော့မှ ဘာကိုမှ လျှို့ ဝှက်ထားမှာ မဟုတ်ပေမဲ့
တခါတလေ ထိန်ချန်ထားတာလေးတွေ ရှိကောင်းရှိမယ်...။
ဘယ်သူ့ ဘယ်သူတွေကို ဘယ်သူတွေက ဘာတွေပဲပြောပြော
ကျနော်ကတော့ ကျနော့်ကိုကျနော်  ဘယ်တော့မှ ဘာမှပြောမှာ မဟုတ်ဘူး....
သူလိုကိုယ်လိုပဲပေါ့။

ရေးသားသူ။ ။နန်းရှင်

No comments: