Tuesday, November 27, 2012

အ တိတ် များ နဲ့ မျှော် လင့် ခြင်း လေး





အဲ့ဒိ...အခန်းထဲမှာ   ငါရယ်........တိတ်ဆိပ်မှုရယ်............
ပြန့် ကျဲနေတဲ့...........စာရွက်တွေရယ်ထပ်ဖွာလို့ မရတော့တဲ့ ဆေးလိပ်တိုတွေရယ်.........
နောက်တစ်ခန်းထဲမှာငါရယ်.......မင်းရယ်             သီချင်းအတိုအစတွေရယ်......
ပုလင်းခွံတွေနဲ့ ......မင်းပိုင်တဲ့ငွေသားအချို့ ပြီးတော့ ဘာမှန်းမသိသေးတဲ့ ထိပ်လန့် မှုတွေရယ်
ဘဝတစ်ခုစတင်မှုရဲ့ ရင်ခုန်သံတွေရယ်...ငါလူဖြစ်မှန်းသိလိုက်ရတဲ့...အချက်ပေးပဲ့တင်သံတွေရယ်
နောက်................

အခု အခန်းထဲမှာ...တခါတရံတော့လည်းပေါက်မလားလို့ တိုးကြည်ကြတဲ့ ဓမ္မသံစဉ်အချို့ 
ပြီးတော့ ပျော်မလားလို့ ဖျော်ကြည့်ကြတဲ့ အလှသံစဉ်အချို့ 
ပြီးတော့ လန့် မလားလို့ လှန့် ကြည့်ကြတဲ့ လောကသံစဉ်အချို့ 
ပြီးတော့ ....ပြီးတော့...ပြီးတော့.....ငါခံစားလို့ မရတဲ့ ...........သံစဉ်ပေါင်းများစွာ
အဲ့ဒိလိုအတိတ်တို့ ရဲ့ နှစ်ခန်းပေါင်းဇာတ်လမ်းတစ်ပုဒ်နဲ့ 
ပစ္စုပ္ပန်အခန်းကျဉ်းလေးရဲ့ ဇာတ်လမ်းတစ်ပုဒ်သာပိုင်ဆိုင်ခဲ့ဘူးတဲ့........ငါ

မင်းနဲ့ ငါပေါင်းပြီးဖြစ်လာမယ့် အနာဂါတ် အခန်းကျဉ်း 
ဇာတ်လမ်းလေးတစ်ပုဒ်တော့မျှော်လင့်ခွင့်ရှိပါရစေ..............
နန်းရှင်

No comments: