Saturday, January 10, 2015

ဦးလွင်မြင့်နှင့်သူ၏ဇနီး

ကျမကိုစွပ်စွဲသောဦးလွင်မြင့်ဆိုသူနှင့်ဇနီး


ဦလွင်မြင့်နှင့်သူ့ တပည့်များ
ကျမအားအမျိုးသားအမေရိကန်နိုင်ငံတွင်နေထိုင်သောကိုဇင်မှစွပ်စွဲလာပါသည်။ ဇန်နဝါရီလ ငါးရက်နေ့ မနက် ဖုန်းဆက်၍ကျမအားဦးလွင်မြင့်နေကောင်းလားဟုမေးပါသည်။ ကျမကမသိပါ။ ၄င်းဘိုးတော်၏ဇနီးသည်က သူ့ ယောင်္ကျားနှင့်စွပ်စွဲပြောဆိုနေသောကြောင့် ဟုပြန်ပြောခဲ့ ပါသည်။ ထိုသို့ ပြောပြီးနောက်ကျမအားခင်ပွန်းဖြစ်သူမှ နင်အနေအထိုင်မတတ်လို့ ပြောတာဖြစ်မှာပေါ့။ နင်တို့ အတူတူနေနေတာငါသိတယ်။ နင်တို့ ဖြစ်ချင်တိုင်းဖြစ်နေကြတာ ရုံးရောက် ဂတ်ရောက်နှင့်ဟုပြောပါသည်။ ကျမတခါမှကို မကြားဘူးသောစကားဖြစ်ခြင်းကြောင့် နင်ဘာတွေ လာပြောနေတာလဲ ဟုပြန်မေးရာ သူက ငါကြားနေတာကြာလှပြီ နင်ဖြစ်ချင်တိုင်းဖြစ်နေတာ ဟုထပ်ပြောပြန်ပါသည်။ ကျမလုံးဝ လုံးဝမဟုတ်သောအကြောင်းအရာတခုအားလာရောက်စွပ်စွဲနေသော ခင်ပွန်းသည်က ထိုဘိုးတော်၏ မိန်းမဖုန်းနံပါတ်ထပ်မေးပါသည်။ ကျမက နင်စုံစမ်းလို့ သိတဲ့နေရာ ကနေပြန်မေး လိုက်ပေါ့ ဟုပြောလိုက်ပါသည်။ နင်ရှင်းဘို့ ပြင်ထားဟုပြောပြီး ဖုန်းချသွားပါသည်။ ယခုအခါ ကျမ စီဘောက်ထဲတွင်လာ၍
KoZin: ဦးလွင်မြင့်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်တာကို သိနေတာကြာပြီး အခုမှ ပြောပြဖြစ်တာကို ပြောဖြစ်တဲ့
5 Jan 15, 12:58
KoZin: အကြောင်းလဲတင်ပေးလေ
5 Jan 15, 12:59
KoZin: အကုန်သိတယ်..ငါ့သိက္ခာကျမှာဆိုးလို့ နင့်ကိုလွှတ်ပေးထားတာ                                  
 အဲ့ဒါပါနင့်ဘလော့မှာ တင်လိုက်ပါလား ဟုရေးထားပါသည်။

ကျမအားကူညီပေးသောလင်မယားပါ။ ကျမဆေးရုံတက်စဉ်က သူ့ မိန်းမ ကူညီဘူးသောကျေးဇူးတွေကြောင့် သူဘာပြောပြောကျမပြန်မပြောပါ။ ကျမရဲ့ ကျေးဇူးရှင်လင်မယားဖြစ်နေလို့ ပါ။
ကျမတသက်သူများအိမ်ထောင်ဖြိုခွဲရန်ဆန္ဒလုံးဝ(လုံးဝ)မရှိခဲ့ဘူးပါ။
မည်သည့်အခါတွင်မှလည်းထိုကဲ့သို့ သောအဖြစ်အပျက်မျိုးဖြစ်လိမ့်မည်မဟုတ်ပါ။
နောင်ဘဝအတွက်ရည်ရွယ်ပြီး မည်သည့်ကိစ္စမဆိုကိုပြုလုပ်ပါသည်။
စွပ်စွဲပြောဆိုသောသူများအားလည်းမည်သို့ မှတုံ့ ပြန်မည်မဟုတ်ပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့်သာနေထိုင်လျှက်ရှိပါသည်။
အိမ်ထောင်ရေးဖေါက်ပြန်ခြင်းကိစ္စနှင့်ပတ်သက်၍မည်သည့်ရုံး ဂါတ်သို့ မှ မရောက်ဘူးပါ။

No comments: