Saturday, January 3, 2015

၂၀၁၅ရဲ့ အပျော်

သူနဲ့ ကျမ ဒီနေ့ သူငယ်ချင်းအဖြစ် လက်ခံပေးလို့  သူငယ်ချင်းဖြစ်သွားကြတယ် ပြီးတော့ ဖုန်းခေါ်ပြီး စကားတွေ အများကြီးပြောဖြစ်ကြတယ် ရှေးဟောင်းနှောင်းဖြစ်တွေရော အစုံဘဲ နောက်ဆုံးတော့ အိပ်တော့မယ် နဲ့ အဆုံးသတ်သွားတာ ညနေသုံးနာရီ ထိုးခါနီး သူတို့ ရဲ့ မနက်သုံးနာရီပေါ့ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ယောက်ျားရယ် ကျမဘဝအတွက် အလိုအပ်ဆုံးက ရှင့်ရဲ့ ငြင်သာစွာဆက်ဆံပြောဆိုမှုလေးပေါ့ ဆေးသောက်ခြင်းထက် အဆများစွာ အားရှိပါတယ် ကျမကိုရူးနေတာတဲ့လား ဖြစ်နိုင်ပါတယ် ကျမ ကိုယ့်လင်ကိုယ်တပြီး ရူးနေတတ်တဲ့ အရှုးဖြစ်နိုင်တယ် တခြားဘယ်သူ့ ကိုမှတော့ မတဖြစ်ပါဘူး ဝန်ခံပါတယ် ကျမရူးနေခြင်းက ရှင့်ကြောင့်ပါ

No comments: