Friday, August 8, 2014

သူ့ အမြင်


ကျမက သူပြန်လာရင် တယောက်ထဲဖြစ်နေမှာစိုးလို့ အဖေါ်အဖြစ်စောင့်နေတာ ဒါပေမဲ့ သူ့ အတွက် က မလိုအပ်တာ တဲ့  ကျမက သူ့ အတွက် အစစအရာရာ စိုးရိမ်တကြီးပြောတတ်တာ ဒါပေမဲ့ သူ့ အတွက် က ရစ်တာ တဲ့  ကျမက သူ့ အတွက် စေတနာထားပေးမိတာ ဒါပေမဲ့ သူ့ အတွက် က ဝေဒနာ တဲ့  ကျမက သူ့ အတွက် စဉ်းစားပေးခဲ့တာ ဒါပေမဲ့ သူ့ အတွက် က နှောက်ရှက်နေတာ တဲ့ 

ကျမလုပ်သမျှကိုအကောင်းမထင်နိုင်တော့တာလား နားမလည်တာလား ငါပြောချင်တာပြော လို ရလို့ ပြောနေ တာ လား အရမ်းကိုကြေကွဲ နာကျင်စွာ ခံစားရတယ် အိမ်ထောင်ပျက် ဖြစ် မှာစိုးလို့ ဘာဖြစ်လို့နား လည် မပေးနိုင်ရတာလဲ အိမ်ထောင်တခုတည်ဆောက်တယ် ဆိုတာ လွယ်လွယ်ကူကူဖျက်ချင်လို့ မှမဟုတ် တာ တသက်လုံးလက်တွဲမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အိမ်ထောင်တခုကို တည်ဆောက်ခဲ့တာလေ ပျက်ချင်သပဆို လွယ်လိုက်တာမှ အခုဖျက် အခုပျက်တယ် တည်မြဲအောင်လုပ်ဘို့ သာ ခက်ခဲတာပါ တယောက်အကြိုက် တယောက်လိုက်လို့  ဖေးမကူညီလို့  ခွင့်လွှတ်လို့ ဆိုတဲ့ နားလည်မှုတွေနဲ့ တည်မြဲအောင်ကြိုးစားကြရတာပါ ကျမဆုမတောင်းတတ်ဘူး ကိုယ်တိုင်ဘဲလုပ်တတ်တယ် ကျမကြိုးစားပြီး တည်ဆောက်ထား တာမို့ လို့  ဘယ်အရာကိုမှ အနှောက်အရှက် အဝင်ခံမှာ မဟုတ်ဘူး ဆိုတာရယ် ဝင်လာသမျှကိုလဲ မဖြစ်ဖြစ်တဲ့နည်း နဲ့ ရအောင်ဖြေ ရှင်းမယ် ဆိုတာရယ် ကိုတော့သိထားပါ ကျမခံစားရသလို ကျမဝဋ်ကိုပြန်မခံရပါစေနဲ့ 


အိမ်ထောက်ပျက်တယောက်လို့ လူအထင်သေးခံဘို့ ဖြစ်မဲ့အစား သေသွားတာက မှကောင်းပါတယ်

ကိုယ်က စေတနာ ထားပေမယ့် ကိုယ့် စေတနာကို တလွဲ အထင်မှားသူတွေရှိတတ်တယ်
ကိုယ်က ကောင်းစေချင် လို့လမ်းညွှန်ပေမယ့်မကောင်းစေချင်လို့ တမင်လမ်းမှားကို ညွှန်တယ်လို့ ထင်တဲ့ သူတွေရှိတတ်တယ်
ကိုယ်က မြင့်စေချင်လို့ မြှင့်ပေးပေမယ့်နိမ့်စေချင်လို့ ချောက်ထဲ ချနေတယ်လို့ထင်တဲ့သူတွေရှိတတ်တယ်
လူတစ်ဖက်သားကို စိတ်ကောင်း စေတနာထားလိုက်လို့ မပင်ပန်းသွားပါဘူး
လူလူချင်းတစ်နေ့ အားလုံး ထားခဲ့ရမှာချင်းအတူတူ ဘာလို့ အထာကြီးတွေကိုင် မာနကြီးတွေ တလူလူ လွင့်နေ တတ်ကြပါလိမ့်

သက်တန့်ချို

2 comments:

စံပယ်ချို said...

အရမ်းကောင်းတဲ့ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်

Toe Yee Yee said...

သူငယ်ချင်းဂျက် ကျေးဇူးတင်ပါတယ် ပျောက်နေတယ်နော် ကိုယ်ကလွမ်းနေတာ