Saturday, August 16, 2014

ဝဋ်ကြွေးရှိရင် ကြေ(ပြေ)ပါစေ


ကျမအိမ်ထောင်ရှိမိန်းမတယောက်ပါ။ အရမ်းကိုခံစားရလွန်းလို့ ဒီစာကိုရေးမိတာပါ။ ကမ့်ဆိုတဲ့နယ်မြေ ကျဉ်းကျဉ်းလေးထဲက ကျမဘယ်လိုခံစားနေရတယ်ဆိုတာကိုသိစေချင်မိတာပါ။ သက်ကယ်မိုး ဝါးကာ သက်ကယ်ကာ နဲ့ အိမ်လေးတွေမှာ တအိမ်နဲ့ တအိမ်ဘယ်လောက်မှ မကွာဝေးကြပါဘူး။ သူ့ အိမ်ကပြောတာ ကိုယ်ကြားရသလို ကိုယ့်အိမ်က ပြောတာတွေလဲ သူတို့ကြားနေရပါတယ်။ အားလုံးကိုခြုံကြည့်လိုက်ရင်  အနေအထားက တယောက်အကြောင်း တယောက်မေးနေစရာမလိုအောင် ကို သိနေကြတာပါ။ အဲ့ဒီထဲကမှ သူ့ မှာနေ့ ကျမမှာ ည ဖုန်းဆက်တာတို့  လိုင်းတက်ပြီးပြောနေ တာတို့ တွေကလဲ သူတို့ အားလုံးကြားနေကြပါတယ်။ ကျမအိမ်ထဲကအိမ်ပြင် ကိစ္စမရှိရင် မထွက်တတ်ပါဘူး။ ဘယ်သူ့ ကိုမှလဲ ကိုယ့်အကြောင်း မပြောဘူးပါဘူး။ ဒါပေမဲ့ ကျမတို့ ပြောတဲ့စကားကို ကြားပြီး အမျိုးမျိုးဝေဖန်ခံခဲ့ရတယ်။ ကိုယ့်ယောင်္ကျား က နောက်အိမ်ထောင်ပြုသွားပြီ ဆိုတဲ့ထင်ကြေးတွေနဲ့  ကျမကိုကြည့်တဲ့အကြည့်တွေက အမျိုးမျိုးပါ။ တခုအဆိုးဆုံးက ကျမကို အိမ်ထောင်ပျက်တယောက်လို့ ထင်နေတဲ့အတွက် တစုံတယောက် နဲ့  ပြုံးလို့ ဘဲပြပြ ရယ်မောလို့ ဘဲစကားပြောပြော ကိစ္စတခုခုရှိလို့ ဘဲ ဖြစ်ဖြစ် သူတို့ ယောင်္ကျားတွေနဲ့  သင်္ကာမကင်းဖြစ်ခြင်းခံရပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျမ လူတွေကိုဝေးဝေးရှောင်ဖြစ်ခဲ့တယ်။ ကျမအိမ်ပြင်ထွက်ဘို့ ကိုကြောက်နေမိတယ်။ လူတွေနဲ့ တွေ့ ရမှာ ကိုတုန်လှုပ်နေမိတယ်။ ကျမ အသက်မငယ်တော့ပါဘူး။ သစ်ရွက်လှုပ်တိုင်း လေတိုက်တိုင်း ငိုလိုက်ရယ်လိုက် လုပ်တဲ့အရွယ်လဲ မဟုတ်တော့ပါဘူး။  ဘယ်ကိစ္စမဆို ကိုယ့်ဖာသာကိုယ်လုပ်ခဲ့တယ်။ တခါတရံမှာ မလုပ်နိုင်တဲ့အလုပ်ကို မျက်ရည်ကြားက အားတင်းပြီး လုပ်ခဲ့ရတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး ဆိုပေမဲ့လဲ ကျမခံစားရတာတွေများလာတယ်။  ဒီကြားထဲကမှ ကျမရဲ့ အရှင်သခင်ကလဲ ကျမကို နည်းအမျိုးမျိုး နဲ့ နှိပ်စက်တတ်ပါသေးတယ်။ သူကတော့ကျမကို သံသယဖြစ်စေချင်တာတဲ့။ ကျမမှာ ဒီကမ့်ထဲက လူတွေကြောင့် ခံစားရတာကတမျိုး သူကအားမပေးတဲ့အပြင် သူ့ ကြောင့် ခံစားရအောင် လုပ်တာကတမျိုးနဲ့ ကျမရူးချင်ချင်တောင်ဖြစ်နေပါပြီ။ တောင်းပန်ပါတယ်။      ကျေးဇူးပြု ပြီးကျမကိုဆက်ဆံတဲ့
အခါမှာ သံသယတွေ နဲ့ မဆက်ဆံဘဲနားလည်မှုလေးနဲနဲလောက်ထားပေးကြပါ။ ဘယ်သူတွေ ဘယ်လောက်ပြောပြော    မတုန် မလှုပ်အောင်နေ လို့ ရပေမဲ့ ကိုယ့်ယောင်္ကျား ကိုယ်တိုင်က စကားနဲ့ တမျိုး အမူအရာနဲ့ တမျိုး တခြား အမျိုးသမီးတွေ ကိုအွန်လိုင်းကခ်ါဆိုခြင်းတွေကတမျိုး ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်တာ ကိုတော့ ဘယ်လို မှ ဖြေလို့ မရအောင်ခံစားရပါတယ်။ အဓိက ကတော့ ကျမရဲ့ အရှင်သခင်ဖြစ်တဲ့ ချစ်ခင်ပွန်း အဲ့ဒီခံစားချက်တွေကို နားလည်ပေးပြီး ကျမကို ရူးအောင်သေအောင် မနှိပ်စက်ပါနဲ့  မလုပ်ပါနဲ့ ။ စားချင်တာလေးစား လှုချင်တာလေးလှု ပြီးတော့  ဘုရားတရားကို စိတ်အေးချမ်းသာစွာနဲ့  အားထုတ်ချင် ပါတယ်။ ကျမလိုအပ်နေတာ ရှင့်ရဲ့ ကြင်နာယုယမှုနဲ့ ဂရုစိုက်မှုပါ ။ အဲ့ဒါတွေက ကျမ  သောက်နေ ရတဲ့ ဆေးတွေ ထက် အဆများစွာ  ခွန်အားဖြစ်စေပါတယ်။ ကျမရဲ့ အသက်အရွယ်အရ မဖြစ်သင့်ဘူး မှန်းသိပေမဲ့  ကျမကိုကောင်းရာမွန်ရာရောက်စေချင်တယ် ဆိုတဲ့ ဆန္ဒလေးထားပြီး ကူညီပေးပါ။ အနူးအညွှတ်တောင်းပန်ပါတယ်။ ကျမရဲ့ ရူးသွပ်စွာတောင်းဆိုမှုပါ။ ရှင့်ရဲ့ ပံ့ပိုးမှုမပါဘဲ ကျမ ဘယ်လိုမှကို ရပ်တည်လို့ မရလို့ ပါ ချစ်ခင်ပွန်း အရှင်သခင်ရယ်။


ချစ်သူရည်စားရှိလည်းဖောက်ပြန် အိမ်ထောင်ရှိလည်းဖောက်ပြန် ဟိုဘက်ကို လိမ် ဒီဘက်ကိုညာ ကာမေသု ကံ မုသာဝါဒကံ အကြိမ်ကြိမ်ကျူးးလွန် ငါပါးလှ ငါလည်လှနဲ့အပါးလည်တော့ အပါယ်လား၏။ ။
Credit : ကိုကျော့မှူး (KHT)

မစောင့်ခိုင်းနဲ့……ပြန်လာမယ်မလာဘူးဆိုတာ မသေချာခဲ့ရင် ဘယ်တော့မှမစောင့်ခိုင်းနဲ့ ဘာလို့လဲဆိုတော့
စောင့်မျှော်ရတဲ့လူတစ်ယောက်ရဲ့ ခံစားချက်က အရမ်းကို အထီးကျန်လွန်းတတ်လို့ပါ……။
ထာဝရဆိုတဲ့ စကားကို ကတိမပေးနဲ့…မသေချာပဲ ကတိတစ်ခုကိုလွယ်လွယ်မပေးမိစေနဲ့ ဘာကြောင့်လဲ ဆိုတော့ အဲဒီကတိကို ယုံစားပြီးအသက်ရှင်ရတဲ့လူတစ်ယောက်ရဲ့ ခံစားချက်ဟာ အရမ်းကို နာကျင်ရတတ် လို့ပါ ကတိဆိုတာ နားထောင်တဲ့သူကသာ မှတ်မိနေတာလေ……။
တကယ့် ရင်ထဲကမလာပဲ ချစ်တယ်မပြောနဲ့…ကိုယ့်စိတ်ကစားဖို့ ချစ်တယ်လို့ အလွယ်လေးပြော လိုက်ပေ မယ့် အဲဒီအချစ်ကို ယုံစားပြီး ကိုးကွယ်မိတဲ့လူတစ်ယောက်ဟာ ဘဝတစ်ခုလုံးဖြစ်နေတတ်လို့ပါ……။
မသေချာပဲ မမျှော်လင့်ခိုင်းနဲ့ သင်ပေးလိုက်တဲ့မျှော်လင့်ချက်သာ သင့်အတွက် အဖိုးမတန်ခဲ့ပေမယ့် မျှော်လင့် မိတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ဟာ အရမ်းကို တန်ဖိုးရှိတဲ့ အချိန်တွေဖြုန်းတီး သွားတတ်လို့ပါ……။

ဆရာအောင်သင်း ပြောတာလေး သဘောကျသား။
လောကကြီးမှာ ကိုယ်က နိုင်မယ်ဆိုရင် သတ္တိကောင်းတဲ့ လူချည်းပဲ တဲ့။
ဒီလိုသာ နိုင်နေကြရင် ပေတုံးတွေ တူဖြစ်တဲ့အခါ ညှာမှာ မဟုတ်ဘူးနော်။ သွေးမပျက်ရဘူးဗျ။ တဲ့


ဝဋ်ကြွေးတွေ ကြေချင်တယ် ။ မနေချင်တော့ ကံဆိုးတဲ့ ခရီးကို မသေမရှင် ဝဋ်ရယ်နဲ့ ဒရွတ်တိုက် လျှောက်ရ အုံးမယ် ။ ဝဋ်ကြွေး ရှိရင် ကြေပါတော့ ။ ဒူးထောက်လို့ အရှုံးပေး အားလုံးကို တောင်းပန် ၊ နောက်ဆက် မခံစား နိုင်လို့ ကြေပေး ကြပါဗျ ။ ကြေ / ချေပေး ပါတော့ ဝိညာဉ်လိပ်ပြာ ခေါ်ဆောင်ရာကိုလိုက်ချင် နေမိသူ ။
( ရင်တွင်းက စာတို ပေစ )

No comments: