Wednesday, September 24, 2014

ဒီနေ့ အလှု


ဒီနေ့ မနက်အိပ်ရာက နိုးနိုးခြင်းမှာ စိတ်ထဲမှာ လုံးဝမကြည်လင်ခဲ့ဘူး ကိုယ့်ကိုယ်ကို သတ်သေ ချင်စိတ်တွေ ဖြစ်နေခဲ့တယ်  အဲ့ဒါနဲ့  ချစ်ခင်ပွန်းကို မက်ဆေ့ခ်ျ    ပို့ ဖြစ်လိုက်တယ်  ကျမ စိတ်ဓါတ်တွေ အရမ်း ကျနေပြီသတ်သေလိုက်ချင်တော့တယ် ယောင်္ကျားပြန်လာမှာမို့ လို့ အားတင်းပြီးစောင့်နေတာ ပြန်လာဖြစ်မှာ
လား   ယောင်္ကျားရယ် လို့ 
မနေ့  က တော်သလင်းလကွယ်နေ့  ဥပုလ်စောင့်ဖြစ်တယ်  နံနက်တိုင်းလုပ်နေကြ ဘုရားသောက်တော်ရေ ကပ် ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ် ပဌာန်းရွတ် နဲ့ ကျမ ဥပုလ်ထွက် ကို အချိုရည် M 150 သောက်လိုက်တယ်  ဖုန်းကိုကြည့်လိုက်တော့ ချစ်ခင်ပွန်းဆီက Miss Call ခေါ်ထားတာတွေ့ တယ် ကျမ ဘုရားရှိခိုးနေတုန်း ဖုန်းကို Silent လုပ်ထားလို့ လေ အဲ့ဒါနဲ့  လိုင်းတက်ကြည့်လိုက်တော့လဲ လိုင်းမှာ ချက်တင် ဝင်ထားတာတွေ့ ရတယ် ကျမပြန်ပြောတော့ သူကမရှိတော့ဘူး ခဏနေတော့ လူစစ်သွားဘို့ အတွက် ရပ်ကွက်ရုံးက မိုက်နဲ့ အော်တယ် ကျမ ဘာအဝတ်အစားမှ မလဲဖြစ်ဘူး အမြန်နှုန်းနဲ့ အောက်ဂိုဒေါင်ကို ဆင်းသွားတယ် လမ်းမှာတွေ့ သမျှ လူတွေ အားလုံးကို ဘုကြည့် ဂလန့် စကားတွေနဲ့  ကြည့်ဖြစ် ပြောဖြစ်ခဲ့တယ် ကျမ ကိုယ်ကျမ ပြန်သုံးသပ်ကြည့်လိုက်မိတဲ့အချိန်မှာ ကျမ အနည်းငယ် ရူးသွပ်နေတယ် စိတ်ဓါတ်တွေကျနေတယ် သေချင်နေတယ် လူကသာလှုပ်ရှားနေတာ သက်သာ မလားလို့ လေ ဒါပေမဲ့ ကျမ ရူးသွပ်နေတယ် ကံကောင်းတာက အသိဥာဏ်လေး နဲနဲထိမ်းထားနိုင်သေးလို့  ထမိန်ဝတ်ထားနိုင်သေးတာပါ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ချစ်ခင်ပွန်းအသံ ကျမအင်အားတွေ အလိုလိုပြန်ပြည့်လာတယ် ကျမရဲ့ မက်ဆေ့ခ်ျရလို့  သူစိတ်မကောင်းဖြစ်ပြီး ဖုန်းခေါ်တာဖြစ်မယ် ကျမလဲ တော်တော်စိတ်မကောင်းဖြစ်သွားတယ် သူ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကျမကအားမပေး တဲ့အပြင် ကျမခံစားနေရတာတွေကို ပြောမိလို့ ပါ  ကျမအသိပြန်ဝင်လာပြီ ကျမရဲ့ သူငယ်ချင်း ချင်းမလေးနဲ့ စကားပြောနေလိုက်တယ် အဲ့ဒီအချိန်မှာ နောက်တယောက်က မာလကာသီးလာကျွေးတယ် အဲ့ဒီတော့မှ ကျမ ဥပုလ်ထွက်ကို ဘာမှမစားရသေးတာ သတိရသွားတယ် သူက နှစ်လုံးပေးတယ် ကျမကတလုံး ချင်းမလေးကို တလုံး ကျွေးလိုက်တယ် ဘာအရသာမှ ခံလို့ မရခဲ့ဘူး ကျမလှုပ်ရှားမှုတိုင်းမှာ အသက်မပါခဲ့ဘူး သူများအိမ်ရှေ့ ခွေးကတက်မှာ ထိုင်ပြီး အချိန်ဖြုန်းနေခဲ့တယ် ဆိုင်မှာခေါက်ဆွဲ ကို ကော်ပြန့် ကြော်နဲ့ သုတ်ပြီးစားလိုက်တယ်
ကျမအိမ်ပြန်ရောက်လာတယ် ရေချိုး အဝတ်လျှော်ပြီး လိုင်းတက်ဘို့  ပြင်လိုက်တဲ့အချိန် အသိတခု ဝင်လာတယ် အဲ့ဒီအတွက် ကျမလိုအပ်တာကို သွားမေးဘို့  လမ်းထွက်တယ် ဒါပေမဲ့ အမေးခံရမဲ့ အမျိုးသမီးက အိမ်လည်နေတယ် သူ့ ကိုလိုက်ရှာဘို့ ပြင်တော့ မိုးကရွာလာလို့ အိမ်ကို ပြန် အဝတ်တွေ ရုပ်ပြီး ထီးနဲ့ တခါပြန်ထွက်ပြန်တယ် တရပ်ကွက်လုံးပတ်ဖြစ်တယ် သူ့ အိမ်ကို နောက်တခေါက်ထပ်ရောက် တယ်  နောက်ဆုံးတော့ အတွင်းရေးမှုးအိမ်မှာသွားတွေ့ တယ် ကျမလိုချင်တာကို မေးတော့ သူ့ မှာမရှိဘူး ရှိတဲ့သူကို ညွှန်ပေးတယ် မိုးတွေက သည်းကြီးမည်းကြီး ရွာလိုက်တာ ကျမ အဲ့ဒီအိမ်က မပြန်ဖြစ်ဘူး ညစာပါ စားဖြစ်ခဲ့တယ် ကျမလုပ်ချင်နေတဲ့ ဆန္ဒ မပြည့်ဘူး မလုပ်ဖြစ်သေးဘူး စိတ်ပျက်ခြင်း များစွာ နဲ့ အိမ်ပြန်ရောက်လာတယ် ဟိုအမျိုးသမီးညွှန်ပေးတဲ့ အိမ်ကို ဖုန်းဆက်ကြည့်လိုက်တော့ ကျမဆန္ဒေ တွ အားလုံးပြန်ပြည့်သွားစေတယ် ကျမချက်ခြင်းဘဲ အဲ့ဒီအိမ်ကို သွားပိုက်ဆံပေးပြီး ကျမအိမ် ကယူသွားတဲ့ ပစ္စည်းတွေကို ပါ သွားလှုခိုင်းလိုက်တယ် ကျမအခုလေးတင်ဘဲ ဘုန်းကြီးကျောင်းကို စိတ်ဆန္ဒြ ပင်းပြစွာ နဲ့   ဆန်တအိတ် ဆီတပုလင်း (စပရိုက်ပုလင်း) ဆား နှစ်ထုတ်(အိုင်အိုဒင်းဆား)တို့ ကို လှုလိုက်နိုင်ပါတယ်ရှင် ကျမပြုလုပ်ခဲ့သောကုသိုလ် ကောင်းမှုအားလုံးကို ကျမအမျိုးသားနဲ့ သူငယ်ချင်းများအား အမျှပေးဝေ ပါတယ် (အမျှ အမျှ အမျှ)၃
စက်တင်ဘာ၂၄ ၊၂၀၁၄ (ည၁၀း၃၆)

No comments: