Saturday, February 1, 2014

အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ

အဲ့ဒီနေ့
တရားမ၀င် တခုလပ် နှစ်ယောက်ဟာ  အခုတော့ တစ်ယောက် တစ်ကမ္ဘာ
ရွက်စုတ်ပြက္ခဒိန်က နေ့ရက်တွေလို တစ်ရွက်ချင်း စုတ်ဖြဲလို့ရရင် ကောင်းမယ်
သူမရှိဘဲ အသက်ရှုရတာကို သည်းမခံနိုင်ဘူး  သိပ်ပြီး  သည်းလွန်းတယ်လို့ မထင်လိုက်ပါနဲ့ဗျာ
မရွာခဲ့ရတာ ၃ နှစ် ၃ မိုး    မစွေခဲ့ရတာ ၃ နှစ် ၃ မိုး
ခဏခဏပြောဖြစ်တဲ့ အဲ့ဒီနေ့ဟာ  မရောက်ခင်ကတည်းက ကိုတို့သမိုင်းမှာ တွင်ပြီးသား
ကိုစားချင်တဲ့ အစားအသောက်တွေ ကိုဖူးချင်တဲ့ ဘုရားတွေ ကိုနေချင်တဲ့ ဘ၀လေးတွေ
ခုဆို မင်းလည်း အတွေးနဲ့တင် နေသားကျလောက်ရောပေါ့
အပြုံးတွေ စုထား  အပျော်တွေ စုထား  တလှပ်လှပ်တုန်တတ်တဲ့ မင်းရင်ခုန်သံတွေ စုထား
တလှိုက်လှိုက်ငိုတတ်တဲ့ မင်းမျက်ရည်တွေ စုထား      လေယာဉ်နံပါတ်ပေးလိုက်မယ်  

ဆိုက်ပြီဆိုတာနဲ့ ပြေးလိုက်လာခဲ့  မိုနာလီဇာလို ပြုံးပြီး ဒါဗင်ချီလို ပျော်ပါ
ရင်ခုန်သံနဲ့ မျက်ရည်တွေကို ငိုပါ  ဘ၀ရဲ့ အပျော်ဆုံး  ဒုတိယဟာ ဒီလောက်တော့ ခမ်းနားရမယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ သံယောဇဉ်ပင်လေး စိုက်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ  ကိုတို့ ဘ၀လေး ချိတ်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ  မျှော်လင့်ခြင်းတွေ မျှော်လင့်ထားမှတော့မျှော်ပြီးရင်း မျှော်နေရတာပေါ့
ဘာပဲဖြစ်ဖြစ်ပါ  အမျှော်လင့်ကြီး မျှော်လင့်ထားတာမို့ မျှော်ကြည့်လိုက်တယ်
တရားမ၀င် တစ်ခုလပ် နှစ်ယောက်ဟာ  အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ .....

ရင်ဆူး
27.1.2014
11:30 PM

1 comment:

Toe Yee Yee said...

သိပ်ပျော်စရာကောင်းမဲ့ မျှော်လင့်နေတဲ့နေ့ လေးရောက်လာတော့မှာမို့  အမျော်တကာ့အပျော်တွေနဲ့  သိပ်ကြိုက်လို့ တင်ထားတာပါ