Sunday, November 17, 2013

ကုသိုလ်


ကိုယ်မနေ့ က ဆေးရုံမှာ အရေးတကြီး သွေးလိုတယ်ကြေငြာလို့  သွေးသွားလှုဖြစ်တယ် ဒီနေ့  တန်ဆောင်မုန်းလပြည့်နေ့ မှာ ဥပုသ်စောင့်ဖြစ်တယ် မနက်ငါးနာရီထိုးရင် သင်္ကန်းတစုံကို  ပံ့သကူ လှုဘို့ လုပ်ထားတယ် ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအားလုံးကို  ကိုယ့်အမျိုးသားကိုဇင် ထပ်တူထပ်မျှ ရပြီး အစစအရာရာ အဆင်ပြေပါစေ ထိုမှန်သောသစ္စာစကားကြောင့် ကျမသည် ကျမအမျိုးသားအတွက် ကျမခံစားခဲ့ရသောခံစားချက်များ ဝဋ်ဒုက္ခများ  ဘေးရန်များ ပြန်လည် ခံရသောအချိန်တွင် ကာကွယ်ပေးနိုင်သော ကိုယ်ဖြစ်ရပါလို၏။ 


2 comments:

စံပယ်ချို said...

လိုအင်တွေအားလုံးပြည့်ဝပါစေရှင်

Toe Yee Yee said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဂျက်ရယ်