Wednesday, November 13, 2013

***လူမသေသရွှေ့ အချစ်လဲမသေနိုင်ပါ***


မင်းမရှိရင် ရှင်သန်ခြင်းမရှိတဲ့ ဘ၀တွေအတွက် မင်းနင်းမယ်ဆိုလဲ

ငါ့အသဲ လမ်းခင်းပေးဖို့ ၀န်မလေးပါဘူး မင်းပြောခဲ့ဖူးတဲ့ စကား ။

တကယ်ပြောတာပါ အရမ်းကြီးမဟုတ်ခဲ့တဲ့ အချစ်ဖျော့တော့တော့လေးကို  
 ခေါင်းမော့ပြီးလက်ခံခဲ့တာလေ  ငါလက်ခံခဲ့တဲ့ အပိုင်း ။

မျက်ရည်တွေ အချိန်ပြည့် စိုထိုင်းခဲ့ကောင်းကင်တစ်ခွင် ညိုမှိုင်းနေတဲ့ ရာသီ

ပတ်ဝန်းကျင် အားလုံး စုတ်ပြတ်သတ်သွားအောင်ရွာတဲ့ ဂျူလိုင်မိုး

အတိုးရော အရင်းပါပေါင်းပြီးသောင်းကြမ်းနေလေရဲ့ ။

နောင် အနာဂါတ်မှာတစ်သက်လုံး မက်ခွင့်မရှိတဲ့အိမ်မက်

မျော်လင့်မရတဲ့ အဆုံးမုန်းဖို့လဲ မလွယ်အသဲထဲက တွယ်တာမှုတွေ

အားလုံးပေါင်းလိုက်တော့ဘ၀မှာ အလွမ်းတွေစကြာဝဠာကြီးထဲ နေရာအနှံ့ ။

ဂန္တ၀င်မမြောက်တဲ့ ဒီချစ်ခြင်းတွေမှာ ရိုးသားမှုတော့ ရှိခဲ့ပါတယ်....

ကြိုးစားမှု တွေလဲ များခဲ့ပေမယ် ကံတရားက ဘက်လိုက်မူဝါဒ ကျင့်သုံးတော့

ဝဋ် ကိုသာ အပြစ်တွေပုံချရောက်ရာ အခန်းက ကပြခဲ့ ရတာပေါ့ ။

မင်းနှလုံးသား ကျဉ်းကျဉ်းလေးထဲက ငါ့ရဲ့ သံယောဇဉ်တွေဆောင့်ကြီး အောင့်ကြီး ပြန်ထွက်ပြေး

အရေးနိမ့်ခဲ့ရ အငြိုးအတေးက ဘာမှ မရှိ ။

လမ်းလျှောက်ရင်း တဖြေးဖြေးခြေလှမ်းတွေကျဲ အမဲရောင်ဖြစ်သွားတဲ့

အကြင်နာတရား ငါဘ၀အတွက်မှားများသွားပြီလား

စဉ်းစားရင်း နေပါဦးလို့တားမယ့်သူမရှိခါးသီးရတဲ့အချစ်တွေအတွက်စည်းလဲမထားတော့ဘူး  
 နောက်တစ်ခါဆိုရင်တော့ အမှာစာ မပို့ပါနဲ့.....ချစ်ခွင့်ရှိသမျှ ဆက်ချစ်မှာပါ ။
 
jasmine

2 comments:

စံပယ်ချို said...

ဖတ်မိပြီး ဒီစာသားတွေရင်းနှီးနေပါတယ်လို့စဉ်းစားနေတာ .....ခွီးခွီး ရယ်ရတယ် အဲတာထက်ကောင်းတာရေးပေးမှာပေါ့ စောစောပြောပါလား မြေပုံကြည့်ရတာ ရျက်တို့နဲ့အဝေးကြီးပဲ မိုင်၂၀၀၀ကျော်လောက်ဝေးမယ်ထင်တယ် အချိန်ကတော့ ၄နာရီလောက်ကွာမယ်
မလေးရှားနဲ့မြန်မာတောင် ၁း၃၀ပဲကွာတာလေ...
ဒီမှာကတော့ ယူအက်ကအရမ်းကျယ်တော့ အချိန်လဲကွာတယ် ဝေးလဲဝေးတယ်...မြန်မြန်နီးရအောင်ဆုတောင်းပေးလိုက်တယ်သူငယ်ချင်းရေ-----

Toe Yee Yee said...

နီးတော့နီးလာပြီသူငယ်ချင်းရေ ကျေးဇူးတင်ပါတယ်နော်