Friday, April 17, 2015

တနေ့ တာရူးသွပ်ခဲ့ရခြင်း(အလွမ်း)




လွန်ခဲ့တဲ့ခြောက် နှစ် ၂၀၀၉ သင်္ကြန် ဒီနေ့ (နှစ်ဆန်းတရက်နေ့ )မှာ ကိုယ်ရယ် ကိုယ့်အမျိုးသား (နန်းရှင်(ခ) ကိုဇင်(ခ)တီအာဝိုင် ) ရယ် မနက်စောစော ပျော်ရွှင်ခြင်းများစွာ နဲ့ နိုးထလာခဲ့တယ် အမျိုးသားနေခဲ့တဲ့ရုံးက သင်္ကြန်တွင်း ရဟန်းခံရှင်ပြုပွဲ  မှာ သူက အတွင်းရေးမှုးအဖြစ် ၀ိုင်းဝန်းလုပ်ကိုင်ပေးရတယ် အဲ့ဒီကိုသွားပြီး သံဃာတွေကို snowtower သွားကပ်မယ်ဆိုတဲ့ အစီအစဉ် ဆွဲထားပြီး သားမို့ စိတ်ကြည်လင် လန်းဆန်းနေတယ် ကုန်တိုက်က ၉နာရီမှ ဖွင့်မှာ မထိုးခင် ၁၅မိနစ်လောက် အလို အိမ်ကထွက်ဖြစ်တယ် ပြီးတော့ဆိုင်ကယ်နဲ့ သွားကြတယ် ဆိုင်ကယ်ဆိုလို့ အဌားဆိုင်ကယ်နော် ဆိုင်ကယ်စီးလို့ မှ၅-မိနစ်တောင်မပြည့်သေးဘူး ကိုရွှေရဲနဲ့ တွေ့ ပါလေရော ကိုယ်လဲကိုယ်ရဲ့ အထောက်အထားလေးပြ ကိုယ့်အမျိုးသားကလဲ သူ့ ရဲ့ အထောက်အထားတွေ အသီးသီးပြကြတာပေါ့ ကိုယ့်ကိုတော့ ဘာမှမပြောဘူး ကိုယ့်အမျိုးသားကို ရစ်ပါပြီ ကိုယ်တို့ ကထိုင်းလိုမတတ်တော့ ဆိုင်ကယ်သမားက၀င်ပြီး ဘတ် ၁၀၀ ပေးလိုက် ဘို့ ပြောလို့ ထုတ်ပေးလိုက်တယ် ကိုယ့်စိတ်ထင်ပြီးပြီပေါ့။ ဆိုင်ကယ်ပေါ်ပြန်တက်ပြီး သွားမယ်ပြင်တော့ ဟင့်အင်း တဲ့ ပိုက်ဆံ ၁၀၀-ဘတ် ကိုပြန်ပေးပြီး ကိုယ့်အမျိုးသားကိုပြန်ဆင်းတဲ့ မရမရ တဲ့ဗမာ စကားတောင်ပြောနေပါသေးလား သူတို့ လက်ခုတ်ထဲ ကရေဖြစ်နေတဲ့အတွက် ဘာဆို ဘာမှ မတတ်နိုင်ဘူး  ကိုယ့်အမျိုးသားကိုခေါ်သွားပါပြီ ကိုယ်တို့ ရဲ့ နှစ်ဆန်း အလှုလေးပျက်တော့မယ် ကိုယ်အရမ်းကိုစိတ်ထိခိုက်သွားတယ် ကိုယ့်အမျိုးသားကမှာသွားတယ် သူ့ ရဲ့ ရုံးမှာသွားပြောလိုက်ပါ သူတို့ လိုက်လုပ်ပေးပါလိမ့်မယ် တဲ့ ကိုယ်အဲဒီနယ်မြေကိုမကျွမ်းကျင်ဘူး အစဉ်အမြဲ ကိုယ့်အမျိုးသားကစက်င်္ဘီးလေးနဲ့ တင်သွားရင် ကိုယ်ကသူ့ ကိုမှီ သူရဲ့ ကိုယ်သင်းနံ့ ကိုရူရှိုက်ရင်း သူ့ ခါးကို ဖက်ပြီး လိုက်ပါသွားနေကြမို့ ကိုယ်အတွက်အခက်အခဲစတင်ပါပြီ ကိုယ်လမ်းလျှောက်ရင်း မျက်ရည်လည်လာပါပြီ ရုံးခန်းနားမရောက်ခင်မှာ ကိုယ့်ကိုယ်ကို အားတင်းလိုက်ပြီး မျက်ရည်မကျအောင် ထိမ်းထားလိုက်တယ်  ရုံးခန်းရောက်တော့ ရုံးစောင့်ဘဲရှိနေတယ် အားလုံးရှင်ပြုရဟန်းခံမှာ  အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်နေပြီ ဘယ်သူကို မှပြောမယ်လို့  မရွေး နိုင်တော့ပါဘူး သူ့ ကို မြန်မြန် လွတ်အောင်လုပ်ဘို့ သာ အရေးကြီးတာ  ဖြစ်ကြောင်းကုန်စင် ကိုပြောပြပြီး အကူအညီတောင်းလိုက်ရတယ် ပြီးမှ ကုန်တိုက်သွားဘို့ အားအင်တွေစိုက်ထုတ်ပြီး ကြီုးစားရတယ် ကိုယ့်အတွေးတွေက အမှန်တရားကိုမသိတော့လား မရှိတော့တာလား ဘာမှမလုပ်ဖြစ်ဘဲ လမ်းသာ တစိုက်မတ်မတ်လျှောက်နေမိတော့တယ် ကိုယ်ရဲ့ တဒင်္ဂရူးသွပ်သွားခြင်းထင်ပါရဲ့ နော် လမ်းကလဲမသိ တွေ့ တဲ့လမ်းတွေဝင် မဟုတ်ရင် ပြန်ကွေ့ နဲ့ တော်တော် ကျိုးစားပြီး သွားနေရတာ ကိုယ်ဘဲသိနေတယ်လေ။ အဲလိုနဲ့ ကုန်တိုက်ရောက်သွားတယ် snowtower ၀ယ်ပြီး သွားတော့မှ စိတ်နဲနဲသက်သာလာတယ် ဆိုင်ကယ်နဲ့  ဘုန်းကြီးကျောင်းကိုရောက်တော့ ဘုန်းကြီးတွေ ဆွမ်းတောင်စားနေကြပြီ။ ဆွမ်းစားနေတဲ့ဦးပဇင်းတွေ ကိုရင်တွေ ကြားထဲထိ တစားပွဲစီဝင် ကပ်လိုက်တယ်။ ကပ်သာကပ်နေရတယ် အသိကမကပ်ဘူး ရင်ထဲမှာတော့ငိုနေတယ် မဖေါ်ပြနိုင်တဲ့ခံစားချက်တွေနဲ့  တွေ့ သမျှလူတွေကို အကူအညီ ရနိုးနိုးနဲ့ ပြောပြနေမိတယ် ပြုံးသာပြနေရတယ် အသက်မပါဘူး ပြီးတော့ သူ့ ကို ဘယ်သူများ သွားထုတ်မှာလဲ ဘယ်တော့ပြန်လွတ်လာမှာလဲ ဆိုတဲ့မျှော်လင့်ချက်တွေ   တပွေ့ တပိုက်နဲ ။့ 
ဟိုလူကိုဖုန်းဆက်ပြီးမေး ဒီလူကိုဖုန်းဆက်မေးနဲ့ အရူးတပိုင်းဖြစ်မှန်းမသိဖြစ်နေတာ ဖုန်းကလဲကိုယ့်မှာမရှိ ဘူး။ ဖုန်းမရှိရတဲ့အကြောင်းရင်းက ဒီလို သင်္ကြန် အကြတ်နေ့  ရေကစားရင်း မဲဆောက်နဲ့ မြဝတီကူးတဲ့       တံတားအောက် ကိုရောက်တယ် ရေ ထဲ           ဆင်းဆော့ကြတယ် သူ့ ဘောင်းဘီရှည်အိတ်ထဲမှာ ထည့်ထားတဲ့ ဖုန်းတွေကို ထုတ်ဖို့ မေ့ပြီး ဖုန်းတွေ ရေစိမ်ပြီးသားဖြစ်သွားလို့ သူ့ ဖုန်းရော ကိုယ့်ဖုန်းပါ        ဆိုင်ရောက်သွားတဲ့အချိန် သူများဖုန်းကို ခဏေ တာင်း ဆက်ရတာနေရတာ   ဒုက္ခရောက်လိုက်တာ ကိုယ့်ကိုကြည့်တဲ့အကြည့်တွေကတော့ကောင်းတယ်ပေါ့    ကိုယ်တို့ နှစ်ယောက် တတွဲတွဲ နဲ့ သွားနေကြတာကို    မနာလိုဖြစ်နေကြတဲ့ သူတွေ  ကိုယ်တို့ ကလဲ    ညားကစဆိုတော့ ဘယ်သူ့ ကိုမှမမြင်နိုင်အောင် ဖြစ်နေတဲ့အချိန် အားလုံးကတိုက်ဆိုင်သွားတယ် လို့ ဆိုရမှာ ၀ မ်း သာနေကြ မှာ ကိုယ့်ကိုသူ့ ရဲ့ တပ်မှုး က သူ့ ကိုလဲ သွားထုတ်ပေးမယ် ဘာမှ စိတ်မပူပါနဲ့ အလှုခံတဲ့နေရာမှာ ထိုင်နေပါ လို့ ပြောတယ် ၁-နာရီထိုးရင် တရားပွဲ     လဲရှိသေးတယ်  တရားပွဲက ဆွမ်းစားကျောင်းမှာလုပ်မှာ မို့ လို့     အလှုခံဌာနကို ဆွမ်းစားကျောင်းလှေကားရင်း မှာလုပ်ထားတယ်  ကိုယ် ထိုင် သာနေရတယ် ဘုန်းကြီးကျောင်း   အ၀င်ဝကိုဘဲကြည့်နေမိတယ်       ဘယ်အချိန် သူဝင်လာမလဲ သူရောက် လာခဲ့ရင် အတူတူ   တရားနာဘို့    ဆုံးဖြတ်ထားတာ တရားဟောမည့်ဘုန်းကြီး   ကလဲ သူရဲ့  ဆရာဘုန်းကြီး  အဲဒီအချိန်မှ  သူ့ ဆီကဖုန်းလာလို့ ဆိုပြီး လူတယောက် လာပေးတယ်  ကိုယ် ၀မ်းသာအားရ နဲ့ မေးမိတယ် လွတ်သွားပြီလား ဘယ်နားမှာရောက်နေလဲလို့  သူက ဟင့်အင်း အချုပ်ထဲမှာ တဲ့ အခုဖုန်းလာပေးတဲ့သူကလဲ သူရဲ့ သားအချုပ် ကျနေတယ်    အချုပ်ထဲမှာ အတူတူ ရှိနေလို့ အကူ အညီေ တာင်းပြီး  ဖုန်းဆက်လိုက်တာ စိတ်မပူအောင် တဲ့လေ ကိုယ်ဘယ်လိုခံစားမှုမျိုးဖြစ်သွားတာ ဘယ်လိုဆက် နားထောင်နေရတာ မပြောတတ်တော့ဘူး ကိုယ်စိတ်ကို တည်ငြိမ်အောင်ကို ထိမ်းနေရတယ် ဘယ်လိုမှဆက်ထိုင်နေ လို့ မရတော့တာ စိတ်ကလဲလုံးဝကိုမငြိမ်တာ သူမရှိတဲ့နေရာမှာ ဆက်မနေချင်တော့တာ အဲဒါနဲ့ ကိုယ်သူတို့ ရုံးက         ချာတိတ်တယောက်ကို စက်ဘီးနဲ့ ဆိုင်ကယ်ဂိတ် ကို လိုက်ပို့ ပေးပါ လို့ အကူအညီတောင်းမိတယ် ဒါပေမဲ့ အားလုံးက  အလုပ်ရှုပ်နေကြတဲ့ အချိန်ဖြစ်နေလို့ မအားကြဘူး ကိုယ်ဆိုင်ကယ်ဂိတ်ကိုဘယ်လိုသွားရမယ်ဆိုတာမသိလို့ ပါ  ဒါနဲ့ လမ်းလျှောက်ထွက်လာခဲ့တယ် လမ်းဆုံးရင်တော့တွေ့ မှာဘဲလို့  ကိုယ်မကျွမ်းကျင် တဲ့နေရာတခုမှာ  ဘာမှမလုပ်ပေးနိုင်တဲ့ အနေ အထား    ၀မ်းနည်းနေရုံကလွဲလို့    ငိုနေရုံကလွဲလို့   သူများကသနားကြည့် ခံရရုံက  လွဲလို့  ဘာဆိုဘာမှ မတတ် နိုင်ဘူးဖြစ်နေတာ  ဆိုင်ကယ်နဲ့    ဖုန်းပြင်ဆိုင်နားထိသွားပြီး ဖုန်းရပြီလားလို့ သွားမေးသေးတယ် သူနဲ့  ဆက်သွယ်လို့ရမှာ ဒီတနည်းဘဲ စဉ်းစားလို့ ရတယ် ရလိုရငြားနဲ့ ပါ  ဒါပေမဲ့မျှော်လင့်ချက်တွေ       မဲ့သွာြး ပန်ပြီ မရသေးဘူး     တဲ့   တင်းထားသမျှ   အားတွေလျှော့သွားပြန်တယ် စက်ဘီးကို သတိရ သွား တယ် အတက်နေ့ က ဘီးပေါက်လို့ ဆိုင်မှာအပ်ထားတာ တကယ်လို့ များ  စက်င်္ဘီးလေးသာ ရှိခဲ့ရင် ဒီလိုအဖြစ်အပျက်မျိုးတွေဖြစ်မယ်မထင်ဘူး စက်ဘီးကိုတောင်စိတ်တိုသွားမိတယ် စက်ဘီးပြင်ဆိုင် ကိုလမ်းလျှောက်သွားတယ် ဆိုင်ရောက်တော့လဲ    ဘာကစပြီးပြောရမလဲ မသိဘူး      ပြောမထွက်ဘူြး ဖစ်နေတာနဲ့ ရော မောနေတာရော နှစ်ခုလုံး  ဆုံပြီးတဲ့အပြင် စက်ဘီးကိုမြင်တော့ သူ့ ကိုပိုပြီး တမ်းတမိတယ် ငိုချင် လာလို့    စိတ်ကိုထိမ်းထားရတယ် စက်ဘီးကိုလက်နဲ့ ထိုးပြ ပြီးတော့ စက်ဘီးပိုင်ရှင် ရဲအဖမ်းခံရလို့  ကျမ   လာယူတာပါ ဖင်ထိုင်ခုံက အရမ်းမြင့်နေလို့     နဲနဲလောက်နှိမ့်ပေးပါလို့  အကူအညီတောင်းမိတယ် စက်ဘီး ယူပြီး အိမ်ကိုပြန်လာခဲ့တယ် ခြံဝရောက်တော့မျက်ရည်စကျလာပါပြီ သူများမြင်လို့ မကောင်းပါဘူးလေ လို့  စိတ်ထိန်းလိုက်တယ် စက်ဘီးထားတဲ့နေရာအရောက်မှာ အခန်းကပ်ရက်က အိန္ဒိယကုလားမက အကိုကော အမ တဲ့ ကိုယ်မျက်ရည်တွေ      ပိုးပိုးပေါက်ပေါက် ကျလာတယ် ဘယ်လိုမှထိမ်းလို့ မရတော့တာ အဖမ်းခံရ လို့ လေ လို့ ပြောလိုက်တာမှာ ငိုသံပါလာတယ် ကုလားမ က သူ့ ယောက်ျားက ရဲနဲ့ သိတယ် ဘာမှစိတ်မပူနဲ့ အမ ဆိုကာ သူ့ ယောက်ျား ကိုလိုက်လုပ်ပေးလိုက်ဖို့  အားကြိုး  မာန်တက်ပြောပေးတယ် ကိုယ် ကုလားမ ကို ထိုင်ပြီး      ရှိခိုး ချင် စိတ်တောင်ဖြစ်သွားမိတယ် ချက်ခြင်းဘဲ      အခန်းထဲမှာ  သိမ်းစရာရှိတာတွေသိမ်း ပိုက်ဆံ အိတ်ကိုင်ပြီး ထွက်လာတော့ကုလားမ က   ပိုက်ဆံအိတ်မယူသွားနဲ့ အမ ဒီအတိုင်းဘဲသွား ပိုက်ဆံ လဲနဲနဲဘဲထည့်သွား ၅၀၀-ဘတ်လောက်ဆိုရတယ်လို့ အကြံပေးတယ် ကိုယ်လဲ  ဂျင်းဘောင်းဘီအိတ်ထဲကို ပိုက်ဆံထည့်ပြီး ကုလားမယောက်ျားရယ် အခြားအခန်းက      မူဆလင်တယောက် (သူကထိုင်းအခေါ် ဆမ်မနော ဟုခေါ်ေ သာမြန်မာအခေါ် ဆိုက်ကား ကဲ့သို့                 နင်းသောသူ) သုံးယောက်သားရဲစခန်း (နှစ်ထပ်အချုပ်) သူရှိရာသို့ ဦးတည် သွားနေပြီ ကိုယ်စိတ်ကသူ့ ကိုတွေ့ ချင်နေတာကြောင့်       မြန်မြန်နင်းဘို့ ပြောမိတယ် အမရယ် ရောက်မှာပါ စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး ပိုက်ဆံပေးရင်ရပါတယ် လို့ အားပေးကြတယ် ကိုယ်လဲတော်တော် အားတက် နေတာ အချုပ်ဝရောက်တော့သူတို့ က အမအရင်ဝင်သွားလိုက် ဆိုလို့  ကိုယ်လဲ အရင်စလိုဝင်သွားလိုက် မိ တယ် သူ့ ကိုတွေ့ ချင်လွန်းတဲ့ဇော လွမ်းဆွတ်ခြင်းဆိုတဲ့ဇော အားငယ်ခြင်း     ဆိုတဲ့ ဇော တွေနဲ့ ပါ         ကိုယ့်ရဲ့  ဇာတ်လိုက်  ကိုတွေ့ လိုက်ရတယ် ဘယ်လို  ၀မ်းသာသွားမှန်း  မသိတော့ပါဘူး   သူ့ နားကိုလဲ ဘယ်လိုေ ရာက် သွား မှန်းတောင်မသိတော့လောက်တဲ့     လျှင်မြန်ခြင်းမျိုးနဲ့ ဖြစ်မယ်ထင်ပါတယ် ကိုယ် ဘာမှ မမြင်တော့ဘူး ကိုယ့် မျက်စိရှေ့ မှာ သူ တယောက်ထဲ ကျေနပ်မှုအပေါင်းပြီးပြည့်စုံနေပါင်္ပြီ   ဘယ်လောက် ပေးရပေးရ သူ့ ကို ရအောင် ထုတ်ဘို့  တခုကလွဲလို့ ဘာမှမရှိတော့ပါ။ သူမရှိရင် ကိုယ့်ဘ၀မပြည့်စုံဘူး ဆိုတာကိုပါ နားလည်လိုက်တယ် သူ့ ကိုသံတိုင်အပြင်ဘက်နေ  လှမ်းကိုင်ထားတဲ့ လက်တွေမှာ အားတွေအင်တွေ အပြည့်နဲ့ ပါ သူနဲ့ ကိုယ် နှစ်ဆယ့်လေးမပြည့်တဲ့ နာရီပေါင်းများစွာ    ခွဲနေရတာကိုက ကိုယ်အရမ်းခံစားနေရရင် အခုဘယ်လောက် ခံစားနေရမလဲ ဆိုတာ            နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်နော် သူ့ ကိုဘယ်လို ထုတ်လို့ ရမလဲ လို့  စုံစမ်းကြည့်လိုက်တယ် အဲဒီထဲမှာ ထိုင်းရဲတွေမွေးထားတဲ့ (မြန်မာတွေနံမည်ပေးထားတာထိုင်းခွေးတဲ့)       မြန်မာ က ခဏစောင့်ပါ သူ့ ကို         ဖမ်းတဲ့ရဲ  လာမှလုပ်ပေးလို ရမယ် ပြောလို့ စောင့်နေရသေးတယ် သူ့ ကိုမြင်နေရပြီ ကိုယ်ကျေနပ်စွာနဲ့ စောင့်နေလိုက်တယ်  သူ့ ရဲ့ လက်ကိုလဲ မလွှတ်တမ်း ဆုတ်ကိုင် ထားခဲ့တယ် ရဲရောက်လာတော့ ထိုင်းခွေးက စကားပြန်လုပ်ပေး တယ် ပြီးတော့       သူ့  အတွက် ကိုယ်က လူကြီးနဲ့  သွားတွေ့ ရမယ် တဲ့ ကိုယ်ဘာမှ မကြောက်နိုင်ဘူး ကိုယ့်အမျိုးသား လွတ်ဘို့ အရေးကြီးနေတာ မို့ လိုက်သွားတယ် ရဲစခန်းထဲမှာ    သုံးပွင့်နဲ့  (မြန်မာလိုဆိုရင်တော့ ကိုယ့်အထင် စခန်းမှုး )ရဲက အင်္ဂလိပ် လို လဲပြောလို့ မရ ကိုယ့်ကို    မလေးရှား  ကလာတဲ့    အကြောင်းပြောပြီး မလေးလို့ ထင်နေတယ် ပိုက်ဆံ နဲနဲပေးလို့   မရဘူး အနဲဆုံး ၃၀၀၀-ဘတ်ပေးရမယ်လို့ ပြောပါတယ် ကိုယ်က   အဲလောက်ပိုက်ဆံမရှိပါဘူး မပါလာလို့ ပါလို့  အသနားခံပြီး ပြောတယ် သူက   နင်မှာမပါရင် ကိုယ့်အမျိုးသားကိုမြန်မာပြည်ဘက်ကမ်း ပို့ မှာလို့ ခြိမ်းခြောက်တယ်    ပြီးတော့           ပိုက်ဆံမပါရင်    သူငယ်ချင်းတွေဆီမှာ သွားယူပါ လို့  အကြံပေးတယ် ကိုယ့်ဘောင်းဘီအိတ်ထဲက ပိုက်ဆံ သူ့ ရှေ့ မှ ထုတ်လိုက်လို့  များများမြင်သွားရင် ပိုတောင်း လာမှာ ဆိုးလို့  ၂၅၀၀-ဘတ်သာ     ရှိပါတယ် သူအကြံပေးသလို သူငယ်ချင်းဆီမှာ သွားယူရမှာ လို့ ထိုင်းခွေးက တဆင့်ပြောလိုက်တယ် ပိုက်ဆံတကယ်သွားရှာတယ်ထင်လို့ နဲ့တူပါတယ် သူက ညနေ ၆-နာရီမထိုးခင်ပြန်လာဘို့ ပြောတယ် ကိုယ့်အမျိုးသားကို    အကျိုးအကြောင်း သွားပြောပြရသေးတယ် သူစိတ်ပူနေမှာစိုးလို့ ပါ။ လမ်းအပြင်ထွက် ဒေါင့်ချိုးတခုရောက်မှ ပိုက်ဆံသုံးထောင်ကို လက်ကကိုင်လို့  ပြန်လာခဲ့တယ် ထိုင်းခွေး က၂၅၀၀-ဘတ်ကို  လှမ်းယူလိုက်တယ် သူလွတ်ပြီလေ ကိုယ့်စိတ်ထဲမှာအရမ်း ပျော်နေတယ် ကိုယ်မကျွမ်းကျင်တဲ့နေရာတခုမှာဘယ်သူ့ အကူအညီ မှမယူဘဲနဲ့ သူ့ ကို လွတ်အောင်လုပ်ပေးနိုင်တာကြောင့်လည်း ပိုပြီး ၀မ်းသာနေတာ ကျေနပ်နေတာ ကိုယ့်အမျိုးသားကို သူတို့         ထုတ်နေတဲ့ အချိန်မှာ သူ့ ကို  နောက်ထပ် ဒီလို အဖြစ်မျိုး  မဖြစ်စေရဘူး လို့ လဲ      စိတ်ထဲကနေ ဆုံးဖြတ်ပြီးဖြစ်နေတယ် ကိုယ် သူ့ ရဲ့  လက် ကို မလွတ်တမ်း ကိုင်ထားမိတယ် ထပ်အလွတ်မခံနိုင်လို့ ပါ          အိမ်ပြန်တဲ့ တလမ်းလုံးမှာ သူ့ ရဲ့  ကိုယ်သင်းနံ့ ကို  တ၀ကြီးရှူ ရှိုက်ပြီး မှီလို့  ပြန်လာခဲ့ကြတယ် ကိုယ်ရဲ့ တနေ့ တာရူးသွပ်မှုတွေ လူမသိ သူမသိ အဆုံးရောက်အောင် ကိုယ်ကိုယ်တိုင်ကြိုးစားလိုက်ရခြင်း ကို လဲကျေနပ် ပီတိဖြစ်တယ် သူ့ ကို လဲ ပိုပိုပြီး ချစ်စိတ်တွေဖြစ်လာမိတာ ကိုတော့       ကိုယ်ကိုယ်တိုင်ကလွဲလို့         ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး ကိုယ်ကိုယ်တိုင် ရူးသွပ်ခဲ့ခြင်း မျက်ရည်များနဲ့      နှလုံးသားနဲ့ ရင်းပြီး ရင်တွင်းဖြစ်ခံစားချက် တွေ  ကျမ အမျိုးသား နန်းရှင်(ခ)ကိုဇင်(ခ)တီအာဝိုင် သိပါစေလို့   အချိန်တွေဘယ်လောက်ကြာကြာ မမေ့နိုင်တဲ့အဖြစ်အပျက်တွေပါ ယောင်္ကျားရယ် နော် အဲ့ဒါလေးတွေ ပြန်သတိရသင့်ပါတယ်နော်

No comments: