Sunday, April 7, 2013

ကျမနဲ့ ကိုနန်းရှင်(ကိုဇင်)ရဲ့ လေးနှစ်မြောက်မင်္ဂလာနေ့ အမှတ်တရ

အချစ်နဲ့ စတဲ့လွန်ခဲ့တဲ့လေးနှစ်ကဒီနေ့ မှာ နန်းရှင်+ရီလင်းတို့ ဇနီးမောင်နှံ။
တယောက်နဲ့ တယောက်ချစ်ခြင်းများစွာနဲ့ အိမ်ထောင်တခုကို ပျော်ရွှင်ကြည်နူးစွာနဲ့ တည်ဆောက်ခဲ့ကြတယ်နော်


နောင်တမဲ့အချစ်
မောင်ရယ် . . .ကိုယ့်ရင်ထဲက စကားသံတွေကို နားလည်မယ်ဆိုရင်“ဝေးကွာခြင်း” ဆိုတာ နတ္ထိပါပဲ . . .။
မောင်ရယ် . . .ကိုယ့်ရင်ထဲက ဒါဏ်ရာတွေကို ကုစားပေးမယ်ဆိုရင်“လွမ်းဆွေးခြင်း” ဆိုတာ နတ္ထိပါပဲ .  .။
မောင်ရယ် . . .ကိုယ့်ရင်ထဲက အချစ်တွေကို ယုံကြည်မယ်ဆိုရင်“နောင်တ” ဆိုတာ နတ္ထိပါပဲ . . .။
ဝေးကွာခြင်းတွေရဲ့ နောက်ကွယ်ကလွမ်းဆွေးခြင်းတွေကိုအချစ်နဲ့ဖုံးကွယ်လိုက်မယ်ဆိုရင်“နောင်တ”ဆိုတာ ဟိုး . . . အဝေးကြီးမှာပါ . . . မောင်ရယ် . . .။



နာမည်ဖြင့် ဖိတ်ကြားခြင်း...  အရမ်းကိုကျေးဇူးတင်ပါတယ်ဘုရား ဖိတ်ကြားခံရခြင်းအတွက် 
ဒီနှစ်ဒီနေ့ မှာ ပြန်လည်သတိရလွမ်းဆွတ်တမ်းတနေရပါတယ်မောင်  I m longing u so so much my beloved husband Ko Nan Shin (a) Ko Zin 
http://chocoletmyotawlay.ning.com/profile/NanShin?xg_source=activity
http://onlinepyadaik.com/profile/Nanshin
 ချစ်ရတဲ့ သူ တူယှဉ်ကာရယ် လက်ကိုတွယ်မှ တကယ်ချစ်တာ မြင်စရာလား
အနားနားမှာတီတီတာမှတကယ်ချစ်တာယုံကြည်မှာလား
ပြောသမျှကို ခေါင်းညိတ်လိုမှတကယ်ချစ်တာသတ်မှတ်မှာလား
ချစ်သူသွားရာ လမ်းမှားပါလျှင် ဖေးငင်ကူမ ညွှန်ပါရစေ
ချစ်သူအတွေး ၀ိုင်းကူပေးလို့ နာကျင်ခံစား တတ်အားသမျှ ဝေယူမျှရင်း
ပေးဆပ်ကြင်နာဖြည့်ဆည်းချင်တာ ချစ်သူကလေးကို ချစ်လို့ ပါ။။

2 comments:

စံပယ်ချို said...

ှစ်ပေါင်းများစွာ
တူတူလက်တွဲနိုင်ပါစေ

Toe Yee Yee said...

ပြည့်အောင်ကြိုးစားပါ့မယ်သူငယ်ချင်းရေ