Saturday, December 8, 2012

တကယ်လားဟင်!!!!!!!!!!!!!

ခဏတာစိတ်ဆိုးတာကစိတ်ဆိုးတာပဲ အချစ်တွေကတော့မလျော့ဘူးနော်...

အို...........
သခင်
နှလုံး မသာမယာပါလား.....
မျက်နှာ မလန်းဖြာပါလား.....
အကျွန့်ရာသီဘွဲ့
တေးဆိုခွင့်ပြုတော်မူပါ။

သခင့်နိုင်ငံ
သခင့်နှလူံးသားမှာ
အကျွန့်ရာသီဘွဲ့
ရေးထိုးခွင့်ပြုတော်မူပါ။

သခင်မနစ်မြို့လို့
သေဒဏ်ပေးရင်လည်း
ခံယူရန် အသင့်ပါ.....
သခင့်နှလုံးသား သာယာငြိမ်းချမ်းပါစေ.....

လင်းဦး(စိတ်ပညာ)
 နင်လုပ်လို့ ငုတ်တုတ်ကြွေပြီး မဟုတ်တရုပ်တွေလုပ်ခဲ့ဘူးတယ်..
ဒါပေမဲ့
အခုမှ လူ့ ဘဝရဲ့ သမုဒယတွေကို တယုတယရှိခဲ့ဘူးတဲ့ငါ

သံသယနဲ့ ရန်စတာ အမှန်မှမဟုတ်တာလို့ နားလည်ပြီးတဲ့နောက်.....
 နောက်ဆုံးအချိန်ထိ ငဲ့ကွက်ပြီးတော့
လွှတ်ချလိုက်တာတောင် ငြင်ငြင်လေး...ဆိုတော့
နင့်ဘာသာ ဖောက်ပြန်တဲ့အကြံ
ကြောက်ကန် ကန်လို့ အထိနာသွားတာကိုတော့
ဝမ်းနည်းမနေတော့ပါဘူး....။

No comments: