Friday, October 26, 2012

ကိုယ့်အတွက်


                                                      Because I Love U
ကျေးဇူးပါ
ဘ၀ထဲကိုဝင်ရောက်ခဲ့ဘူးတဲ့အတွက်
ပျော်ရွှင်မှုတွေပေးခဲ့ဘူးတဲ့အတွက်
လှပတဲ့အမှတ်တရတွေပေးခဲ့ဘူးတဲ့အတွက်
ပေးဆပ်ခဲ့ဘူးတဲ့အတွက်
ချစ်ခဲ့ဘူးတဲ့အတွက်
အရာရာအားလုံးအတွက်
ကျေးဇူးပါ

ဖြစ်နိုင်ရင် မချစ်ချစ်တော့ဘူး .......
ဒီနှလုံးသားက ပေးလိုက်ရတဲ့ အကြင်နာတွေစွဲလမ်းစွာ နှောင်ရစ်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေ
ဘယ်လိုမှ ဖျက်ဆီးမရတော့တဲ့ချစ်ခြင်း မေတ္တာတွေပေးခဲ့ရပေမယ့် ပြန်မရခဲ့တဲ့ ဒီဘ၀ကြီးမှာ
ကိုယ့်ကိုယ်ကို " ဘာ အပြစ်ရှိသလဲ "ဆန်းစစ်ရင်း သိမ်ငယ်လာမိတယ် .......

ဒီလိုနဲ့ တဖြည်းဖြည်း " အချစ် " ဆိုတဲ့အရာကြီးကို
အယုံအကြည် မရှိတော့ လောက်အောင် ဖြစ်ခဲ့ရပေမယ့်ချစ်သူ ငါနင့်ကို အပြစ်မမြင်ရက်ပါဘူး ...
နင်လဲ နင်အဆင်ပြေမယ့် လမ်းကိုစိတ်ကြိုက်ရွေးချယ် ခဲ့တာပဲ .....
ဘာပဲဖြစ်ဖြစ် ငါလေ နင့်ကိုအရမ်းလည်း ချစ်ခဲ့ရသလိုအရမ်းလည်း ခွင့်လွှတ်နေခဲ့ရပါတယ် ဟာ

No comments: