ဘ၀တစ်ခုကို စိတ်တိုင်းကျ နှင်းချေခဲ့လေ သတဲ့လား။
ဘ၀တစ်ခုလုံး ကြွေခါမှ အခြားတစ်ပါးဆီ ဦးတည်ထွက်ခွာ သွားသူ
သင်ဟာ ဘီလူးခေါင်းဆောင်းသောမင်းသား အယောင်အဆောင်သာဖြစ်တယ်။
ဘ၀တစ်ခုလုံးတွဲလက်တွေ ခိုင်မြဲပါ့မယ်ဆိုတဲ့စကားလေးနဲ့
အရှက် သိက္ခာတွေကိုစိတ်တိုင်းကျ အရောင်ဆိုးခဲ့ လေ သတဲ့လား။
အရှက်တရားတွေချနှင်းလို့ ကျေနပ်ခါမှ အခြားတစ်ပါးအတွက် သူရဲကောင်းဖြစ်လိုသူဟာ
အပြင်ပန်းလှ၍အတွင်းပုပ်သည့် ထုံးဖြူသုတ်သော အုတ်ရိုးဖြစ်တယ်။
ဖောက်ပြန်တတ်သူတို့ရဲ့သွားရာလမ်းဟာဘယ်သောခါမှ မအေးချမ်းလေဘူး သတဲ့လား။
သစ္စာတရားတွေ ခိုင်မြဲအောင် တင်းတင်းကျစ်ခဲ့ပီးခါမှ မခိုင်လုံတဲ့ ဆင်ခြေအမျိုမျိုးတွေနဲ့
ကိုယ်လွတ်ရုန်းတတ်သူရဲ့သစ္စာတရားဟာ အဆင်းသာရှိ၍အချင်းမရှိသော ပေါက်ပန်းကဲ့သို့ဖြစ်တယ်။
လွမ်းဆွတ်ပြရုံချစ်ပြရုံနဲ့ပစ္စုန်ပန်ကအမိုက်မှောင်ကိုဖုံးကွယ်လို့ရနိုင် လေသတဲ့လား။
ဇာတ်လမ်းသစ်ကိုစဖို့ခိုင်မာတဲ့ ကြိုးတစ်ချောင်းကို ဓားတုံးတုံးနဲ့ဖြတ်သလိုမျိုး
သံယောဇဉ်ဆိုတာကို မရမက ဖြစ်တောက်သွားပီးခါမှ တစ်ပါးသူရှေ့မှာ အကြင်နာ ယိုစီးနေသူဟာ
လူစကားပြောသော တိရစ္ဆန်သာ ဖြစ်တယ်။
ဂါထာတစ်ပုဒ်ကိုရွတ်ဆိုသကဲ့သို့မိမိကိုယ်ကို ယောကျာင်္းကောင်းဖြစ်သည်ဟုရွတ်ဆိုရင်း
ချစ်လှပါသည်ဆိုသောမိန်းမသားတစ်ဦးအပေါ်ရှိသမျှအပြစ်များကိုအံ့ မခန်းပုံချကာ
မက်မောစရာ ပညာ၊ဂုဏ်မရှိပေမယ့်သနားစရာ သူ့အပြောတွေကြားမှာမျက်ကန်းတစ္ဆေမကြောက်သလိုပဲ
ဘ၀အမောတွေကိုစာနာ နားလည်းပေးရင်းဘ၀တစ်ခု လူမသိ သူမသိကျိုးပေါက်ခဲ့ တယ်။
ရိုးသားခြင်းကို ကျိုးပေါက်ဖို့ဘယ်သူ့အပေါ်မှ မချိုးဖောက်ခဲ့ရပါဘူး သတဲ့လား.။
သင်ချိုးဖျက်မှု့ကြောင့် ကျိုးပျက်ရသူအတွက် တိုင်တည်ရာ နေရာကဗျာ ဖြစ်တယ်။
မုန်းလို့ပဲပစ်ပစ်မချစ်လို့ပဲပြေးပြေးအဝေးကြီးပဲရောက်ရောက်ပျောက်ရှမျက်ကွယ်ပုန်းရှောင်ဖယ်လဲ