Tuesday, April 7, 2015

ခြောက်နှစ်မြောက်အလွမ်း(ချစ်ခင်ပွန်းကိုဇင်သို့ )




ဧ ပြီ  ၇ မှာ မင်း နဲ့ ငါ

ချစ် ဇာတ် လမ်း လေး စ ခဲ့ တာ

ပျော် ရွှင် စ ရာ အ ပြည့် နဲ့  

မိုး လေ မ မြင် ဖြစ် ခဲ့ ကြ တာ…….

၂၅ ဇွန် မှာ မင်း နဲ့  ငါ

တ သက် ဘ ၀ ရည် ရွယ် တာ

မှတ် တမ်း တင် ကာ ပြုံး ပြုံး လေး

ရွှေ လက် မြဲ မြဲ တွဲ ဘို့ အ ရေး……

၂၅ ရက် သြ ဂက်စ မှာ

ခွဲ ခွါ ဖို့ ရာ

အ ကြောင်း ဖန် လာ

လွမ်း မော စ ရာ ဖြစ် ခဲ့ တာ……

တ နေ့ နေ့ မှာ ပြန် ဆုံ နိုး နဲ့ 

စ က္ကန့် မိ နစ် နေ့ လ ရာ သီ

တမ်း တ လွမ်း မော စောင့် ခဲ့ တာ

မျှော် လင့် ရ မဲ့ နေ့ တွေ

နှစ် ကာ လ ခြောက် ခု တောင် ကျော် ဖြတ် ပြီး ပါ ပေါ့ လား။ 






ကျမသေပျော်ပါပြီမောင်
 ကျေနပ်ပါတော့နော်
မောင်ပျော်ပါစေ

Sunday, April 5, 2015

ကိုယ်ချင်းစာစိတ်


လက်ထပ်ခြင်းဆိုတာ မိန်းမတယောက်အတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သလို အတူနေခြင်းကလည်း လိုအပ်ချက်မဟုတ်ပါဘူး..
တကယ်တမ်းလိုအပ်ချက်ဆိုတာ ကိုယ်ချစ်တဲ့သူကို နှစ်သက်စွာ မက်မောစွာ သိမ်မွေ့စွာ ချစ်နေဖို့ပါ..
သို့သော်လည်းတဖက်လူကအဆက်အသွယ်မလုပ်တော့တဲ့အခါမှာတော့ ခေါင်းကိုက်ခံပြီးစဉ်းစားမနေပါနဲ့.,
သူပတ်သက်ချင်တုန်းကရအောင်ဆက်သွယ်ပြီးမပတ်သက်ချင်တော့လို့မဆက်သွယ်တော့တာမထူးဆန်းပါဘူး..
ဘာကြောင့်လမ်းခွဲသွားရလဲဆိုတဲ့ မေးခွန်းတခုကိုပဲ ထပ်ခါတလဲလဲ စဉ်းစားမနေပါနဲ့.,အဖြေကတခုထဲပါ လမ်းခွဲချင်လို့ ခွဲသွားတာပါ..               ဒါပေမဲ့ အဲ့ဒိတဖက်လူရဲ့စိတ်ထဲမှာတော့ငါသာသူ့နေရာမှာဆိုရင်လို့ တွေးတတ်ဖို့စိတ်ဓာတ်လေးတော့ရှိဖို့လိုပါတယ်.
အဲ့စိတ်ဓာတ်လေးကလောကမှာလူသားအားလုးံဘာသာအားလုးံလိုက်နာရမယ့်ချစ်စရာစိတ်ဓာတ်လေးပါ..
တနည်းအားဖြင့်တော့ အဲ့စိတ်ဓာတ်လေးကို ကိုယ်ချင်းစာတရားလို့ခေါ်ပါတယ်..
အချစ်မှာ နားလည်မှုနဲ့ပေါင်းစပ်တာလောက် ခိုမြိန်တဲ့အရာလောကမှာမရှိဘူး..
 Myat Kthi Aung

Wednesday, April 1, 2015

အမှတ်တရနေ့ တနေ့ 

ဒီနေ့ ဧပြီ တစ်ရက်နေ့ က ကျမဘဝရဲ့ အမှတ်တရနေ့ ဖြစ်သွားတယ် ဝမ်းသာခြင်း ဝမ်းနည်းခြင်းကို တပြိုင်နက်ထဲ ခံစားခဲ့ရတယ် ကျမ ဘဝသစ်တခုကို စတင်ဘို့ ခြေလှမ်း ဘယ်နေ့ ကနေ စရမယ်လို့ သိခဲ့ရတယ် ဝမ်းသာတာက ကိုယ့်ဘဝသစ်တခုကို တည်ဆောက်ရတော့မယ် ဝမ်းနည်းတာက ခြောက်နှစ်နီးပါးနေလာခဲ့တဲ့ သံယောဇဉ်တွယ်မိခဲ့တဲသူတွေနဲ့ ဘယ်တော့ပြန်တွေ့ မယ် မှန်းမသိတဲ့အတွက်ပါ။ ဒါပေမဲ့ လူဘဝကြီး (လောကပါလသဘာဝအမှန်တရား)မှာက တွေ့ ကြုံ ဆုံ ကွဲ ဖြစ်မြဲ ဓမ္မတာ ဘဲမို့ လို့  တည်ငြိမ်အောင်ထိမ်းထားနိုင်ခဲ့တယ် ကျမအတွက် အမှတ်တရ နေ့ လေးတနေ့ ပါ။

Monday, March 9, 2015

ပုံပြင်ဟောင်း ( U ♡ Me )



အက္ခရာထက်၌ ပွင့်သော ဝါကျများ၏ အဆုးံတွင် မောင်နှင့်ကိုယ်တို့၏ ပျော်ရွှင်ခြင်းများရှိသည် လက်တစ်ဖက်ထဲနဲ့ မလုံလောက်သောအခါ လက်နှစ်ဘက်ဖြင့်လက်နှစ်ဘက်ဖြင့်မလုံလောက်သောအခါ ရင်ဘတ်တစ်ခုလုးံဖြင့်ရင်ဘတ်တစ်ခုလုးံနှင့် မလုံလောက်သောအခါမှာတော့ ဘဝတစ်ခုလုးံဖြင့် မောင့် ဘဝထဲကို စိတ်လိုလက်ရ ဝင်ပြီးချစ်ခြင်းမေတ္တာတွေနဲ့ စောင့်ရှောက်ခဲ့ပါတယ်။
တစ်ယောက်အသက်ရှုသံကို တစ်ယောက် ပုတ်နှိုးလို့ မကြာခဏလှမ်းလှမ်းကြည့်ရတဲ့ ချစ်ခြင်းဟာ သိပ်ပြီး အပြစ်ကင်းလှတယ်။နွေဆိုပေမယ့် လေနုလေး ဖြတ်တိုက်လိုက်သလို ပါးပါးလှပ်လှပ်ကလေး ပါပဲ။
ချစ်တယ် ဆိုတဲ့စကားကို မောင်က ပြောလို့မဝ ဘူးတဲ့။ကိုယ်ကလည်း မောင် ဘယ်နှစ်ကြိမ် ပြောပြော နားထောင်လို့ မဝဘူးလို့ ။ဒီလိုနဲ့ ချစ်တယ် ဆိုတဲ့ စကားကို အကြိမ်အရေအတွက် မမှတ်မိနိုင်လောက်အောင် ပြောဘူးကြတယ်။အမှတ်တရဆိုတာ ထူးထွေပြီး ကိုယ်တို့အတွက် မလိုတော့ပါဘူး။အတူရှိချိန်တိုင်းဟာ အမှတ်တရတွေပဲ။
မောင်နဲ့ပတ်သတ်ရင် ကိုယ့်မှာ မာနဆိုတာလည်း မရှိခဲ့ပြန်ဘူး။မိန်းမ တစ်ယောက်ပီပီ မောင့်ရင်ခွင်မှာ ခိုဝင်ပြီး မောင့်အရိပ်ကို မှီလို့ နူးညံ့စွာ မိန်းမပီသ ပြချင်တယ်။မောင့်ဆီက အရိပ်ရဖို့ ကိုယ်ကိုယ်တိုင် စောင့်ရှောက်ခဲ့တယ်။အပြန်အလှန် စောင့်ရှောက်ရတာ ချစ်ခြင်းရဲ့ မင်္ဂလာတစ်ပါးပဲ လို့  မောင့် ကိုပြောတော့ ကိုယ်သာ အနားမှာ ရှိရင် သူ့ဘဝပြည့်စုံပါပြီ တဲ့။ချစ်စရာကောင်းအောင် ပြောတတ်တဲ့ စကားတွေဟာ မောင့်နှုတ်ခမ်းနဲ့ လိုက်ဖက်အောင် ချို လွန်းတယ်။
လက်ရှိ ကျန်တဲ့ ဘဝရဲ့ အချိန်တိုင်းကို မောင့်လက်ကလေးကို ဆွဲပြီး လောကဓံကို တင့်တောင့်တင့်တယ် ရင်ဆိုင်ချင်တယ်။ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်ဘဝဟာ မောင့်အတွက်ဖြစ်တယ် ဆိုတာလည်း လောကကြီးကို သိစေချင်တယ်။ဒါဟာ ဒီကမ္ဘာမြေအတွက် လှလှ ပပ ပွင့်ပေးလိုက်တဲ့မိန်းမတစ်ယောက်ရဲ့ အချစ် စစ်စစ် တစ်ပွင့် ဖြစ်တယ် ဆိုတာလည်း ကမ္ဘာမြေကြီး သိစေချင်တယ်။
ခင်ဦး


Saturday, March 7, 2015

My Beloved Husband Ko Zin

ကျမ ကို ဖုန်းမဝယ်ရသေးဘူးလို့  လိမ်ညာပြီး  ဖုန်းအသစ်နဲ့ ပွားနေတဲ့အချိန် မိသွားသောပုံ အဟီး
ဒါလေးက ဖုန်းအဟောင်း

Sunday, February 22, 2015

အမှတ်တရ

ချစ်သူသိလေ
++++++++
ပန်းပွင့်ရှိမှ၊ ရနံ့ ရတာမဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊ ရရှိခိုက်မှ၊ ထာဝရတည်၊ကာလရှည်လျား၊ နှလုံးသားမှာ၊စွဲမြဲစွာဖြင့်၊ထုံနံ့ယစ်ဝေ၊ပျံ့ဆွတ်စေ၏၊ချစ်သူသိလေ.....
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊ မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊ကြားလာတတ်တာ၊ မဟုတ်ပါလေ၊စမ်းရေသံကြား၊ သူ့စကားရှိ၊ ငှက်၏တေး မှာ၊ သူ့သံသာတွေ၊နှုတ်ချွေစကား၊ နားမှာတီးတိုး၊ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊ကြားနေရ၏၊ ချစ်သူသိလေ ...ချစ်သူသိလေ...သတိရလျှင်၊ ဒေသအကွာ၊နေရတာကွဲ၊ဘယ်လိုခွဲခွာ၊ဘယ်လောက်ကွာမလဲ၊ဘယ်မှာဖြစ်ဖြစ် ၊ တွယ်တာရစ်ငင်၊ထာဝရထင်သော၊ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)

Tuesday, February 3, 2015

Wiscasset. Mines က My Beloved Husband Ko Zin ( နောက်တခါလာပြန်ပြီဟေ့)

 Snn ဆိုလား +17188449310  viber မှာတင်ထားတဲ့ ပုံနဲ့ နံမည်( မရိုးစေရဘူး ) နောက်တခါ လာပြန်ပြီ ဟေ့
 Wiscasset. Mines က  My Beloved Husband Ko Zin ရဲ့ အသွင်တမျိုး



စိတ်မပူနဲ့ နော် တသက်လုံးဘယ်တော့မှ ကွာပေးမှာမဟုတ်တာတော့ အသေချာဆုံး ဆုံးဖြတ်ချက်တခုပေါ့ 
I wouldn't divorce for u forever that in my mind.

Friday, January 30, 2015

ချစ်ခြင်းတရား တိမ်လိုလွင့်တတ်သူ အတွက်


ချစ်ခြင်းတရားဟာ တိမ်လိုလွင့်တတ်သူဆီမှာမှသက်ရောက်နေခဲ့မိ
~~~~~~~~~~~~~~~~~~~~~~~~~
မောင့်ဆီကိုလာဖို့ ဘယ်နည်းကများအဆင်ပြေမလည်းလို့ ခဏခဏတွေးကြည့်ဘူးပါရဲ့
မာနဆိုတဲ့လက်နက်ကို ချပြီး ဒူးထောက်ဝင်လာရမလား
အတ္တဆိုတဲ့လက်နက်ကို ချပြီးရို့ရို့ကျိုးကျိုးဝင်လာရမလား
မောင်နဲ့ ကိုယ့်အတ္တမာနတွေကအတူနေလို့မှမရတာ ကိုယ့်မှာ စိတ္တဇဖြစ်ရပါတယ်
ကိုယ့်မှာတော့ ကိုယ့်အတ္တနဲ့မာန မရှိဘဲ ဘယ်လိုမှအသက်မရှင်နိုင်ဘူး
ထွက်သွားပါလို့ မပြောသလိုပြန်လာပါလို့လည်းမတောင်းဆို ပါဘူး
သေချာတာကတော့အချစ်စစ်စစ်တွေ ကိုယ့်ဆီမှာ ကျန်နေပါသေးတယ် မောင်( အချစ်ဆိုတာ ထိတွေ့မှုလို့ ယူဆထားတဲ့ယောက်ျားတစ်ယောက်မှာမိန်းမတစ်ယောက်အတွက်သတိရခြင်းတွေ ကြေကွဲခြင်းတွေ
တစ်သက်လုးံမမေ့ပါဘူးဆိုတဲ့စကားလုးံတွေရှိမနေနိုင်ပါဘူး။ကျမကိုမမေ့ဘူးဆိုရင်တောင်လိုတရ

ဖန်ဆင်းပေးနိုင်တဲ့ နတ်သမီး တစ်ပါးအဖြစ်ရှင် သတိရနေတယ်လို့ပဲ ယုံကြည်ပါတယ်။အဲ့လောက်တောင် ကျမရှင့်ကို အချစ်နဲ့ပတ်သက်ပြီးယုံကြည်မှုမဲ့ပါတယ်။ )
……………………………………


မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ယုံယုံကြည်ကြည် စောင့်စားခဲ့ဘူးတယ်။
တိမ်လိုလွင့်တတ်တဲ့ယောက်ျားတစ်ယောက်မှာရံဖန်ရံခါတောင်သတိတရရှိတတ်ပါ့မလား။အဲ့အတွေးစိတ်နဲ့ပဲ့
ကိုယ်နာကျင်ရပေါင်းများပြီ။
ဒဏ်ရာတွေ တရစပ်ရလာတိုင်း နာနာကျင်ကျင်နဲ့ ဟက်ဟက်ပက်ပက်ရယ်မောမိတော့တယ်။ အဲ့လိုမှမဟုတ်ရင် ကိုယ်ရူးသွားနိုင်လောက်တယ်။
……………………………


နံကြားထဲစိုက်သွင်းခံရတဲ့ဓားဟာချစ်ခြင်းမေတ္တာ တဲ့ အဲ့လိုနဲ့ကျမ သေခဲ့တယ်။
……………………………
မောင်နဲ့ပတ်သက်ရင်ချစ်ခြင်းမေတ္တာမှတစ်ပါး ကျမ မှာလည်းကိုးကွယ်စရာမရှိဘူး။
ရှင်က တိမ်ဖြစ်နေရင်တောင် ကျမကကောင်းကင်အဖြစ်နဲ့ တည်ရှိချင်နေတုန်း………
ကျမရဲ့ချစ်ခြင်းတရားတွေနဲ့ မောင့်အပေါ်မှာ အဆုးံမဲ့ အုပ်မိုးထားချင်ခဲ့မိတယ်။
…………………

ကိုယ်ပေးတဲ့ချစ်ခြင်းမေတ္တာမှာ ဒဏ်ရာရသေစေနိုင်လောက်တဲ့ အရာ တစ်ခုမှမပါခဲ့ပါဘူး မောင်
ပါခဲ့တယ် ဆိုရင်တောင် တစ်သံသရာလုးံ မောင့်အတွက်သာရှင်သန်ခဲ့တဲ့ ကျမအချစ်တွေအတွက်
မောင့်ကို လက်မလွှတ်ချင်စိတ်နဲ့ချစ်ခြင်းအတွက် ရယူချင်စိတ်နဲ့ဒဏ်ဖြစ်စေခဲ့တယ်လို့ မှတ်ယူပါ။
…………………………


ကိုယ့်အိမ်မက်နဲ့ကိုယ် မနိုးတမ်းအိပ်စက်ချင်ခဲ့တယ်။
နိုးလာရင် ပျောက်ကွယ်သွားမလားဆိုတဲ့အတွေးနဲ့အိမ်မက်ကို ကျားကုတ်ကျားခဲ
တွယ်ထားရတဲ့ ကိုယ့်ချစ်ခြင်းတွေအတွက် ကိုယ့်အတ္တကိုယ်လည်း မုန်းမိပါရဲ့။
ကိုယ်မဟုတ်တဲ့တစ်ခြားသူကိုသိပ်ချစ်နေရတာဟာ ကိုယ့်အသက်ကိုတဖဲ့ပြီးတဖဲ့ ခြွေပေးနေရသလို
အသက်ရှင်ရတာ သိပ်ပင်ပန်းတယ်။
ကိုယ့်မျက်လုးံဖွင့်ချိန်ကစလို့မျက်လုးံတွေပိတ်ချိန်ထိသူ့အရိပ်တွေဆီကမလွတ်မြောက်နိုင်ခဲ့ဘူး။

အိမ်မက်ထဲထိအောင်လိုက်လာနိုင်တဲ့အရိပ်တွေအတွက် ကိုယ့်မှာ ခြောက်ခြားခဲ့ရပြီ။
……………………


တိမ်တွေဟာ ရွေ့တတ်တယ် မောင်
ရွေ့နေတဲ့ တိမ်တွေကို မှဖမ်းဆုပ်ချင်တဲ့ ကိုယ့်စိတ္တဇမှာလည်းဒဏ်ရာတွေ အပြည့်အနှက်ပါပဲ။

ခင်ဦး
၎-၈-၂၀၁၄

Friday, January 23, 2015

Wiscasset, Maine ကချစ်ချစ် ( My beloved husband Ko Zin )


Bago    Zorpia
34, Rensselaer, Indiana, United States
  • Looking for anything with anyone,
    aged 20 or above, in Rensselaer.    
  •      http://www.zorpia.com/#!profile/?frm=ilike/BagoThar0101

Wiscasset , Maine က ကျမချစ်ချစ် ပထမအကြိမ် ဝင်ကြည့်ခြင်း     
Wiscasset, Maine  က ဒုတိယအကြိမ်ဝင်ကြည့်ခြင်း များအတွက် အထူး အထူး ကို ကျေးဇူးတင်တယ်    ယောင်္ကျားရေ  အလွမ်းပြေလေးပေါ့ နော့