Friday, March 22, 2013
မလေးရှားမှ ကုသိုလ်
ကျမ မလေးရှားမှာနေစဉ်က နေ့ စဉ်နေ့ တိုင်း နံနက်ခြောက်နာရီထိုး အလုပ်သမားများအလုပ်သွားသည်နှင့် ဆန်လေးဘူးခန့် ကို အိမ်ရှေ့ တွင်ကြဲချထားလိုက်ပါသည်။ စာကလေးများကိုအစာကျွေးခြင်းပါ။ ဆန်ကီလို ငါးဆယ် ၀င်အိတ်ကြီးတအိတ်ကို တပတ်(သို့ )ခြောက်ရက်ခန့် သာကျွေးရပါသည်။ အလွန်တရာကြည်နူးဖွယ်ကောင်းသော မြင်ကွင်းလေးကို အစာကြဲပြီးချိန်တိုင်း အိမ်ထဲမှ ကြည့်နေမိပါသည်။ စာကလေးများဆူညံစွာနှင့် အစာကိုစားနေသောမြင်ကွင်းက ကျမအတွက် တသက်မမေ့နိုင်စရာပါ။ ဆန်ကုန်သွား၍ မချမိပါလျှင် ဆူညံစွာအော်နေတတ်ပါသည်။ ကုန်တိုင်းချပေးထားပြီး ညနေသူတို့ အိပ်တန်းတက်ချိန်နီးမှ မချတော့ပါ။ သူတို့ ကိုနေ့ တိုင်းကျွေးနေသောကြောင့် နေရောင်ထွက်ပြူစအချိန်ရောက်သည်နှင့် ကျမအိမ်ရှေ့ ဓါတ်ကြိုးတွင် တန်းစီစောင့်ဆိုင်းနေကြသည်။ ကျမ၏ ဘေးအိမ်တွင်နေသော တရုတ်မကပြောပါသည်။ သူတို့ အိမ်က အ၀တ်တွေပေါ်ချီးပါချပါသည်တဲ့။ သူမပြောသည်မှာမှန်ပါသည်။ ကျမအိမ်အစာလာစားလျှင် ကျမအိမ်၌ သာနားသည်မှ မဟုတ်တာ။ အိမ်နီးနားချင်းများအိမ်များ၌လည်းနားပါသည်။ ထို့ အတွက်ကြောင့် ကျမခြံ၏ အလယ်ကောင် တည့်တည့် တွင်သာဆန်ကိုချပေးထားပါသည်။
ကိုယ့်ကြောင့်သူများကိုမထိခိုက်စေချင်သောကြောင့်နှင့် ကျမ၏ကုသိုလ်သည် သူများအတွက် အကုသိုလ်ဖြစ်နေမှာစိုးသောကြောင့်ဆင်ခြင်လိုက်ခြင်းပါ။ သူတို့ ကတော့ဘာမှမသိရှာပါ။ အစာချလျှင်စားမည်။ အစာမရှိလျှင် အော်ပါမည်။ ထိုသို့ နှင့် မလေးရှားနေထိုင်စဉ် သက်တမ်းတလျှောက် နေ့ စဉ်ပြုမြဲ ဒါန ပြုလုပ်ခဲ့ပါသည်။
Wednesday, March 13, 2013
နန်းရှင်ဖြစ်တည်လာသောရပ်ဝန်း
https://www.facebook.com/pages/%E1%80%94%E1%80%94%E1%80%B9%E1%80%B8-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/564047433624843?ref=hl
နန်းရှင် · by နန်း ရှင် · August 16, 2011
ဘ၀ရဲ့နှောင်ကြိုး
သောက ရပ်ဝန်းထဲကချစ်ကြိုးတွေကို ဖြတ်တောက်လွတ်မြောက်ချင်ပေမယ့်ငါ့နှလုံးသားမှာသံယောဇဉ်တွေ တရစ်ပြီး တရစ်ရစ်ပတ်နှောင်ဖွဲ့ အို  ပြေးမထွက်ရဲပါ ။ ငါ့အတ္တဟာ ငါ့ရင်ကို ပြန်လောင်ကျွမ်းမိုးလိုရွာနေတဲ့ အနမ်းတွေလည်းသက်မဲ့တခုလိုရင်မှာခံစားလောင်ကျွမ်းသွားတဲ့ နှလုံးသားအစုံကိုကြေကွဲစွာ ငေးကြည့်နေမိတယ်  အထပ်ထပ် လွှမ်းခြုံခံထားရတဲ့သောကတွေကြားက  အတ္တတွေ တခုပြီး တခုမွေးဖွားသံယောဇဉ်တွေနဲ့  ယက်လုပ်ထားတဲ့ဒီ အတ္တတွေဟာခါးသက်တဲ့ဘ၀အတွက်ထွက်မပြေးရဲတဲ့ဘ၀ရဲ့ နှောင်ကြိုးတွေပါလေ  ။   ။
                      ၁၃ ၊ ၈ ၊ ၁၁
(၃၈)နှစ်ပြည့် အမှတ်တရ ရေးဖွဲ့ ခြင်း
ခိုင်လင်း(မေဃ၀တီ)
နန်း ရှင်
 နန်းရှင်၏ ဖခင်  မြသန်းလင်း (ကဗျာဆရာ)
နန်းရှင်၏မွေးသမိခင် 
Monday, March 11, 2013
ရယ်စေချင်လို့ပါ
  • နန်း ရှင်
    အကြံပြုတိုက်တွန်းချက်အား အလွန်လေးစားစွာ လက်ခံထားပြီးပါပြီ။မကြာခင် တင်ပြလိုက်ပါ့မယ်...ကျေးဇူးပါနော်....။
    ကြောက်လို့ လားလို့ မေးရမလိုဖြစ်နေပြီ။
    ဒီနေ့ ကမ္ဘာ့ကဗျာနေ့ ကျင်းပတယ်။၂၁ရက်နေ့ မှာ မအားလို့ ဒီနေ့ မှ ကျင်းပဖြစ်တယ်။တခြားလူတွေမအားကြလို့ ကျနော်နဲ့ ညိုထက်(လမ်းသစ်ဦး)
    နှစ်ယောက်ပဲ အခန်းနားကိုတက်ပြီး နှစ်ယောက်ထဲကျင်းပတယ်။လူမစည်ကား
    ပေမဲ့ အရမ်းကို ခမ်းနားတဲ့ ပွဲတစ်ခုပါ။
    တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဆိုတဲ့အတိုင်း အခုထိမရင့်ကျက်နိုင်သေးသလို မုန်တိုင်းတွေကလဲ ထန်သည်ထက် ထန်နေပါ့ပဲ။
     သတွါခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။ 
Tuesday, March 5, 2013
မလေးရှားမှ သံဝေဂ
က ပြန်လာတော့ သူမကို သိပ်ဂရုမစိုက်တော့ဘူး ကောင်လေးက အပြင်သွားရင်းနဲ့ ကောင်မလေးတယောက်နဲ့  ရှု့ပ်နေတယ် ပိုက်ဆံကလဲရေလို သုံးနေတော့ သူလုပ်သမျှဖြစ်နေတာပေါ့ အဲ့ဒါနဲ့ သူမတို့ လင်မယား တကျက်ကျက်ဖြစ်လာကြတယ် သူမက ဆေးတော်တော်စွဲနေလို့  ကောင်လေးက သူ့ မကို အခန်းထဲမှာပိတ်ပြီး ထားလိုက်တယ် ဆေးဖြတ်ခိုင်းတာတဲ့ သုံးရက်လောက်ကြာတော့ ယင်းမထတော့ဘူး အဲ့ဒီတော့မှ တံခါးဖွင့်ပေးပြီး သူမအလုပ်ကို ပေးမလုပ်တော့ဘဲ ခလေးဘဲထိမ်းခိုင်းထားတယ် သူမကလဲလွတ်ပြီဆိုတာနဲ့  ကောင်လေးကို ပစ္စည်းတွေနဲ့  (ဘိန်း) အတူ ရဲ ကိုဖမ်းခိုင်းလိုက်တယ် ကောင်လေး အဖမ်းခံလိုက်ရတယ် ထောင်ကျသွားတယ် သူမ ခလေးတယောက်နဲ့ ကျန်ခဲ့ပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ် ကောင်လေး က ဆယ်လဘဲကျတာ သူမပြန်လိုက်ပေးလို့ သက်သာသွားတယ် ကောင်လေး ထောင်ကထွက်လာတော့ သူ့ ခလေးကို တောင်းတယ် ပြီးတော့ သူ့ အမေဆီကို မြန်မာပြည်ကို ပို့ လိုက်တယ် ခလေးမှာလဲ HIV ရှိနေတယ် သူမကိုတော့ စီးပွားပြိုင်ဘက်လို သဘောထားပြီးတိုက်ခိုက်တော့တာတဲ့ သူမက ဆေးစွဲသမား ဆေးမရှိရင်မဖြစ်တော့ဘူး ကောင်လေး ကလုံးဝမသုံးဘဲ ရောင်းရုံရောင်းတော့ ကောင်လေးကအရမ်းအဆင်ပြေတယ် ကောင်လေးက သူ့ ပိုက်ဆံသူပိုက်ပြီး မြန်မာပြည်ပြန်သွားတယ် သူမတယောက်ထဲ ဆေးပေးရင်လုပ်ချင်တာလုပ်အနေအထားကိုရောက်သွားတယ် ပြီးတော့ သူမကို ဆေးအမြဲရှာပေးနိုင်တယ်ဆိုတဲ့ယောင်္ကျားတယောက်နဲ့ အတူနေနေတယ် အဲ့ဒီအချိန်မှာ တခါထပ်တွေ့ လိုက်တယ် သူမရဲ့ လက်တွေမှာ ရေယုံတွေပေါက်နေတယ် အကြီးကြီးတွေ အများကြီးဘဲ သူမယူထားတဲ့ယောင်္ကျားက ဆေးလဲရှာပေးတယ် ဆေးလဲကုပေးတယ်တဲ့ ကျမတတ်နိုင်သလောက်ပိုက်ဆံပေးခဲ့သေးတယ် တော်တော်အခြေအနေဆိုးနေပြီ ဒါနဲ့ မတွေ့ မိတော့ဘူး သတင်းကြားတာတော့ ရေယုံတွေပြောက်သွားပြီး ဘိန်း (ရေခဲ)ပြန်ရောင်းနေတယ်တဲ့  ဒါပေမဲ့ ပစ္စည်းချပေးတဲ့သူတွေကို ပိုက်ဆံပြန်မပေးနိုင်လို့ ပြေးသွားရတယ်တဲ့ ပြီးတော့ ရဲဖမ်းခံရပြီး ကမ့်ထဲမှာတင် သေသွားပါတယ်တဲ့
သူမရဲ့  မလေးစရောက်တုန်းကတွေ့ လိုက်ရတာကနေ သေဆုံးချိန်ထိ အကြောင်းအရာများကို သိလိုက်ရတဲ့ ကျမအတွက် သနားပါတယ်လို့ ပြောရမလား မိုက်လိုက်တာလို့ ပြောရမလားတောင် မဝေခွဲတတ်တော့ပါ။ သို့ သော် သူမ၏ဘ၀လမ်းကြောင်းကို ကြည့်၍ သံဝေဂ ရလိုက်မိပါသည်။
Saturday, March 2, 2013
မလေးရှားမှ ဖြစ်ရပ်မှန်
ကျမမလေးရှားရောက်တော့ ပွဲစား ပို့ ပေးသောအလုပ်ရှာပေးနိုင်သောလူအိမ်တွင်နေရပါသည်။ ကျမရောက်သောနေ့ တွင် ကျမရေချိုးရန်အတွက် ရေချိုးခန်းဝင်စဉ်တွင် ထို အလုပ်ရှာပေးသောလူက ဆပ်ပြာခြင်းတောင်းလာပေးပါသည်။ ခြင်းတောင်းဆိုသည်မှာ ခေါင်းလျှော်ရည်ဘူးစသောအစုံအလင် ထည့်ထားသောခြင်းကို                ဆိုလိုပါသည်။      ထိုသူက တံခါးအပေါ် ကပေးသော်လည်း  တံခါးချက်မှာမခိုင်သောကြောင့် တံခါးပွင့်သွားရာ ကျမလဲအလန့် တကြားနှင့် တံခါးကို ပြန်ပိတ်လိုက်ပြီး ဆပ်ပြာခြင်းကို လှမ်းယူလိုက်ပါသည်။ စစခြင်းဆောက်နှင့်ထွင်းခြင်း ဆိုတဲ့စကားကကျမအတွက်များလား။ ကျမ၏မလေးရှား စရောက်ရောက်ခြင်းအဖြစ်အပျက်တခုပါ။ ကျမက အမျိုးသား၏ စပန့် သားအကျီ င်္များကို ယူသွား၍ အောက်ခံအကျီ င်္ကျောအပြည့်နှင့်ဝတ်ပါသည်။ ထိုသို့ ဝတ်စားခြင်းကပင် ထိုသူ၏ မျက်စေ့ကျစရာဖြစ်နေပြန်ပါသည်။ ကျမသွားခြင်းသည် အလုပ်လုပ်ရန်အတွက်ဆိုသော်လည်း ကျမဘာမှ မည်မည်ရရမတတ်ပါ။ စက်လဲကျွမ်းကျွမ်းကျင်ကျင်မတတ်။ အချက်အပြုတ်ကလဲလူစဉ်မမှီ။ စားသောက်ဆိုင်လုပ်ရန်ကလဲ ရုပ်ရည်ကလဲမရှိ။ သို့ သော် ထိုအိမ်တွင် ဘိန်းစားများ ကိုချက်ပြုတ်ကျွေးရန် ကျမမီးဖိုဆောင်သို့ ဝင်ခဲ့ရပါသည်။ အလုပ်မရခင်စပ်ကြားဟုပြော၍ ၀င်ခိုင်းခြင်းပါ။ ဘိန်းစားများ ဆိုသည်မှာ အလုပ်ရှာပေးမည်ဆိုသောသူတယောက်သာလျှင် အလုပ်ရှိ၍ သူ့ သူငယ်ချင်းများအားလုံးမှာ သူ့ အားမှီ၍ စားနေကြသောသူများဖြစ်ပါသည်။ အလုပ်လုပ်လျှင်လည်း အိမ်လခရရန် သုံးရက်ခန့် အလုပ်ဆင်း၍ အိပ်နေကြသောဘိန်းစားနေကြသော သူများဖြစ်ပါသည်။ ကျမတခါတရံဘူးမျှမမြင်ဘူးခဲ့သော အဖြစ်အပျက်များကြား ရောက်ရှိလို့ နေရပါသည်။ တနေ့ ကျမကို ပို့ ပေးသောပွဲစား ပြန်ရောက်လာပါသည်။ ကျမကို သူနှင့်အတူတကွနေပါ။ သူအားလုံးတာဝန်ယူပါသည်။ သူက ထိုင်းနှင့်မလေးရှားသို့ လူပွဲစားဖြစ်ပါသည်။ ထိုင်းတွင်လည်း ထိုင်းမတယောက်ကို အတူတကွနေထိုင်ပါသည်။ ကျမကိုတော့ မလေးရှားတွင်သူနှင့်အတူနေရန်အတွက်ပါတဲ့။ ကျမနေသောအိမ်တွင် အိမ်ခန်းငှားခများပေးပြီး သူထိုင်းသို့ ပြန်သွားပါသည်။ ကျမကို ထိုအိမ်ရှိ ဘိန်းစားများက သူတာဝန်ယူပါမည် ငါတာဝန်ယူပါမည် နှင့် ဘိန်းရှုသောအခန်းတွင်လုနေကြသည်ဟု တဆင့်ပြန်ကြားမိသောအခါ ကျမကျောချမ်းနေရပါသည်။ ထိုအချိန်တွင်ပင် အလုပ်ရှာပေးမည့်သူက ကျမအားအလုပ်ရှာပေးရန် အလုပ်ရှိသောနေရာသို့  ခေါ်သွားသော်လည်း အလုပ်အစဉ်မပြေသဖြင့် ထိုအိမ်၌ ပင်ပြန်နေရပြန်ပါသည်။ ကျမဟင်းချက်နေရပါသည်။ ဟင်းချက်သည်ဆိုသည်မှာလည်း အထူးအထွေမဟုတ်ပါ။ ကြက်ဥဟင်း၊ ကြက်ဥကြော်၊ ပဲနီလေးဟင်း၊ ပဲဟင်း များသာလည်နေပါသည်။ သူတို့ အားလုံးကို ထိုဟင်းများမှသာတတ်နိုင်ပါမည်။ တခါတရံတွင် ထမင်းမစားရသောနေ့ ပင်ရှိပါသည်။ ကျမတော်တော်ကိုစိတ်ကုန်နေမိပါသည်။မလေးရှားလာမိသည်မှာမှားပြီဟုပင်ကောက်ချက်ချနေမိပါသည်။ ကျမရောက်ပြီး နှစ်ဆယ့်နှစ်ရက်မြောက်နေ့ တွင် ပဲကုလားဟင်းထဲ ဆီသတ်အိုးကို ထည့်ရန် မလိုက်စဉ် ခြေထောက်ပေါ်သို့ ဆီပူများအကုန်ကျကုန်ပါသည်။ ကျမလဲစီးထားသော ဖိနပ်ကို ချွတ်ပစ်လိုက်ရာ အရည်ပြားပင်ပါသွားပြီး အဖြူထည်အတိုင်းကျန်ခဲ့ပါသည်။ ကျမဆီပူလောင်နေပါသည်။ အလုပ်လုပ်ဘို့ မဆိုထားနှင့် လမ်းတောင်မလျှောက်နိုင်တော့ပါ။ ကျမကံကြမ္မာဆိုးလေစွ။ ဆေးခန်းပြဘို့ နေနေသာသာ ဆေးပြာပင်ဝယ်ရန်ပိုက်ဆံမရှိခဲ့ပါ။ ကျမထိုအတိုင်းပင်နေခဲ့ပါသည်။ ကျမအနာမှာ နှစ်လခန့် ကြာခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဘိန်းစားနေစဉ် ဘိန်းငွေ့ တွေက ကျမအနာသို့ ဝင်ခဲ့ပါသည်။ ရက်နဲနဲကြာလာသော် သူတို့ ဘိန်းရှုချိန်ရောက်လျှင် ကျမအနာကကိုက်လာပါသည်။ သူလဲ ဘိန်းငွေ့ ကိုရှုဘို့ တောင်းနေခြင်းပါ။ ဘိန်းငွေ့ လဲရရော ကိုက်တာလဲပြောက်သွားပါသည်။ တရက်နှစ်ရက်ခန့် သတိမထားမိပါ။ သုံးရက်မြောက်နေ့ တွင် သတိထားမိလိုက်ပါပြီ။ ကျမ ကို အိမ်ပြောင်းပေးပါရန် တောင်းဆိုမိပါသည်။ ကျမကို အလုပ်ရှာပေးမည့်သူက သူ့ သူငယ်ချင်းအိမ်တွင် အခန်းသွားငှားပေးပါသည်။ အကြွေးနှင့်ပါ။ ထိုအိမ်မှာနေသောသူများက အလုပ်ကိုကောင်းမွန်စွာလုပ်ပြီး မိဘများဆီသို့  ပိုက်ဆံပို့ နေသောသူများဖြစ်ပါသည်။ ကျမကိုလဲဂရုစိုက်ကြပါသည်။ ကျမထိုအိမ်တွင်သုံးလခန့် နေပြီးနောက်အလုပ်ရရာနေရာသို့ ပြောင်းရွေ့ နေထိုင်ခဲ့ပါသည်။ ကျမကို ပို့ သောပွဲစားကတော့ပေါ်မလာတော့ပါ။ ကျမကိုအလုပ်ရှာပေးမည့်သူကတော့ အမြဲတမ်းလာပါသည်။
ကျမကိုအမတယောက်ကဲ့သို့  လာရောက်စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်တဲ့။ ကျမထိုစက်ရုံ၌ အလုပ်လုပ်နေရင်း ချာတိတ်လေးတယောက်နှင့် ရင်းနှီးခြင်း တခုစတင်ဖြစ်ခဲ့ပါသည်။ ကျမတို့ ၏ရိုးရိုးသားသားရင်းနှီးခြင်းကို  အလုပ်ရှာပေးမည့်ပွဲစားကရေးကြီးခွင်ကျယ်လုပ်၍ ရောက်လာကာ ချာတိတ်ကလေးကို ကြိမ်းမောင်းပြီး ဒီစက်ရုံတွင်အလုပ်ဆက်မလုပ်ရန် မောင်းထုတ်လိုက်ပါသည်။ ချာတိတ်ကလေး တခြားနေရာတနေရာသို့ ပြောင်းသွားပါသည်။ ကျမကိုတော့ဖုန်းဆက်ပါသည်။ ကျမအလုပ်ပိတ်လျှင် ချာတိတ်ကလေးထံသို့ သွားတတ်ပါသည်။ တရက်ချာတိတ်ကလေး ထံသွားစဉ် နောက်ကျသွားပါသည်။ တော်တော်မိုးချုပ်မှ စက်ရုံသို့ ပြန်ရောက်လာသောကျမကို ပွဲစားက သူ့ စောင့်နေသည်မှာကြာလှပြီး ချာတိတ်ကလေး၏ အလုပ်သို့ ပင်ရောက်ခဲ့ကြောင်းပြောပါသည်။ နောက်ထပ်ထပ်သွားလျှင်ချာတိတ်ကို သတ်ပစ်မည်ဟုပင်ခြိမ်းခြောက်လာပါသည်။ ကျမကိုလည်း သူကြိုက်နေကြောင်း ပြောပါသည်။ ကျမကတော့ သူ့ စကားများကို အရေးတယူမလုပ်ခဲ့ပါ။ သွားမြဲသွားဖြစ်ခဲ့သည်။ တနေ့  ညနေခြောက်နာရီခန့် တွင် ချာတိတ်ကလေး၏ စက်ရုံမှ ဖုန်းဆက်လာပါသည်။ ချာတိတ် ဒါးထိုးခံရလို့ ဆေးရုံရောက်နေပါသည်တဲ့။ ညနေ သုံးနာရီ Tea Time အချိန်တွင် လူနှစ်ယောက်လာတွေ့ ပါသည်တဲ့။ ပြီးတော့ လည်ပင်းတွင် နှစ်ချက် လည်မြိုတွင်တချက်ထိုးသွားရာ သွေးများအလွန်ထွက်နေပါသည်တဲ့။ကျမတော်တော်တုန်လှုပ်သွားပါသည်။  မနက်မိုးလင်းစအချိန်တွင် ဖုန်းဆက်ကြည့်ရာ ချာတိတ်သေပါပြီတဲ့။ ကျမဆေးရုံသို့ လိုက်သွားကြည့်ခဲ့ပါသည်။ ကျမဘာဆိုဘာမှမတတ်နိုင်ခဲ့ပါ။ ကျမကြောင့် ချာတိတ်ကလေးဒုက္ခရောက်သွားခဲ့ပါပြီ။ ကျမဆီသို့ ပွဲစားရောက်လာပြီး နောက်ထပ်တနေရာတွင် အလုပ်သွင်းပေးခဲ့ပါသည်။ ချာတိတ်ကိစ္စအတွက် ကျမကိုပါ ခြေရာဖြောက်ခြင်းဖြစ်ပါသည်။ ကျမ ကိုလဲခြိမ်းခြောက်ပါသည်။ နောက်တခါထို အဖြစ်အပျက်မျိုးဖြစ်ခဲ့ရင် ကျမကိုသတ်ပါမည်တဲ့။ ကျမသူ့ လက်ကလွတ်ရန် မြန်မာပြည်ပြန်ရုံကလွဲလို့ တခြားနည်းမရှိတော့ပါ။ ထို့ အတွက်ကြောင့် ကျမမြန်မာပြည်ပြန်ပါတော့မည်။ 
ထို အကြောင်းအရာများသည် ကာယကံရှင်ကိုယ်တိုင် မြန်မာပြည်မပြန်ခင် ကျမဆီမှ အကူအညီတောင်းခံရင်း ပြောပြသွားသောဖြစ်ရပ်မှန် ဇါတ်လမ်းလေးကို ပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီး မှာ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ရင်တွင်းခံစားချက်များကို ပြောပြပြီး ကျမချိတ်ပေးသောပွဲစား နှင့် နောက်ရက်တွင် မြန်မာပြည်သို့ ပြန်သွားပါတော့သည်။
တစ္ဆေခြောက်ခံရခြင်း
ကျမအိမ်ထောင်ကျသောအခါ ကျမအဒေါ် ဖေဖေ့အကို၏မိန်းမ က မင်္ဂလာ ကိစ္စများကို လိုက်ပါဆောင်ရွက်ပေးပါသည်။ ကျမဖေဖေက ၀န်ထမ်း ဖြစ်၍ ထားဝယ်တွင် တာဝန်ကျနေပြီး မေမေက မော်လမြိုင် ရေပေါ်ဈေးထဲတွင် လ္ဘက်ရည်ဆိုင်ဖွင့်ထားပါသည်။ ကျမဖေဖေနှင့်မေမေ က ပိုက်ဆံသာပေး၍ လစ်လျှူ ရှုထားခဲ့ပါသည်။ သို့ သော် ကျမအတွက်မေမေက တလလျှင် လခ သဘောမျိုးပေးပါသည်။ ကျမအမျိုးသား က သူ့ သူငယ်ချင်း ရထားသောလိုင်းခန်းတွင် နေထိုင်ရန် အစစအရာရာ စီစဉ်ထားပြီးသား ဖြစ်ပါသည်။ ထိုသို့ နှင့် ကျမ ကိုယ်ဝန်ရရှိခဲ့ပါသည်။ ကျမကိုယ်ဝန်ရထားမှန်းသိသော မေမေက စားစရိတ်အပြင် ဆေးခန်းသွားပြဘို့ အတွက်ပါ ထောက်ပံ့ပေးခဲ့ပါသည်။ ကျမမွေးဖွားရန်အတွက် မေမေရှိရာမော်လမြိုင်သို့  သွားရောက်ခဲ့ပါသည်။ ကျမသွားသောနေ့ က စနေနေ့ ဖြစ်ပါသည်။ မော်လမြိုင် သို့ ရောက်သောအခါ မေမေက ဖေဖေရှိရာ ထားဝယ်သို့  သွားနေသောကြောင့် ဆိုင်က အလုပ်သမား များက အိမ်သော့ပေး၍ နေစေခဲ့ပါသည်။ တနင်္ဂနွေနေ့  နံနက် နှစ်နာရီခွဲ ခန့် တွင် ကျမ ခါးထဲမှ မျက်ကနဲ ခံစားလိုက်ရပါသည်။  သို့ သော် ကျမပြန် အိပ်ဘို့ ကြိုးစားပါသည်။ ဘယ်လိုမှ အိပ်လို့ မရတော့ပါ။ ခါးထဲမှ တော်တော်ကို ကိုက်ခဲနေပါသည်။ ကျမအမျိုးသား က ရုံးကခွင့်ယူ၍ လိုက်ပို့ ပြီး ပြန်ရန်ဖြစ်ပါသည်။ ထိုသို့ ဝေဒနာကို ခံစားနေရသောကြောင့် အမျိုးသားက နံနက် ငါးနာရီတွင် မော်လမြိုင်မြို့ ရှိ ပေါ်ပြူလာသားဖွားအထူးကု ဆးခန်း သို့ ပို့ ပေးခဲ့ပါသည်။ သူလဲအတူတူ ကျမနှင့် ရှိနေပါသည်။ ကျမတို့ ၏ သားဦးလေး ကို နံနက် ခြောက်နာရီ ဆယ့်ခုနစ်မိနစ်တွင် အောင်မြင်စွာမွေးဖွားခဲ့ပါသည်။ ဆေးခန်းတွင် အခန်းပေးထားပါသည်။ အခန်းထဲတွင် ကုတင်နှစ်လုံးထည့်ထားပြီး အလည်တွင်စားပွဲတလုံးရှိပါသည်။ အခန်းပေါက် ကိုတော့လိုက်ကာနှင့်ကာထားပါသည်။ တံခါးမရှိပါ။ ကျမနှင့် သား က ကုတင်တလုံး ကျမအမျိုးသားက ကုတင်တလုံး နှင့်အခန်းထဲတွင် အဆင်ပြေစွာ နေထိုင်နိုင်ပါသည်။ စားရေးသောက်ရေးကိုတော့ ဆိုင်က ချက်ပြီး လာပို့ ပါသည်။ ထိုသို့ နှင့် သုံးရက်မြောက်သောညတွင်ဖြစ်ပါသည်။ ကျမ ဖြတ်ကနဲ နိုးလာသောကြောင့် မျက်စိဖွင့်ကြည့်လိုက်ရာ အခန်းဝမှ ဆံပင်ရှည်ကိုဖားလျှားချထားသော ကိုယ်ဝန်နှင့်အမျိုးသမီး လိုက်ကာကို မ၍ ၀င်လာသည်ကို အတိုင်းသားမြင်နေရပါသည်။ မျက်နှာကိုတော့မမြင်ရပါ။ ကျမရင်တွေတဒိန်းဒိန်းခုန်နေသည်ကို ပြန်ကြားနေရပြီး ကြောင်၍ ကြည့်နေမိ ပါသည်။ ပြီးတော့မှ ကျမအမျိုးသားကို သတိရသွားသောကြောင့် အမျိုးသား၏အမည်ကို အော်ခေါ်မိပါသည်။ သို့ သော် အသံလုံးဝမထွက်ပါ။ ကျမကသာ အားယူ၍အော်နေသော်လည်း ဘာသံမှကိုမထွက်လာပါ။ ထိုအမျိုးသမီး  တဖြည်းဖြည်းနှင့် ကုတင်နားရောက်ခါနီးမှ ကြောက်လွန်း၍ အသားကုန်အော်လိုက်မိပါသည်။ ထိုအချိန်တွင်မှ အသံထွက်သွားပြီး ကျမအမျိုးသားက ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဟုအလန့် တကြားနှင့်ထလာပါသည်။ ကျမဘေးဘီကို ပြန်ကြည့်လိုက်သောအခါ ထို အမျိုးသမီး ၏ အရိပ်အယောင်ကို လုံးဝမမြင်ရတော့ပါ။ ကျမလဲဘာမှမပြောဆိုနိုင်တော့ပါ။ တော်တော်ကို ဆို့ နင့်နေပါသည်။ ကျမအမျိုးသားက ရေကို မန်းပြီး တိုက်ပါသည်။ ကျမအမျိုးသားကို ဟိုဘက်ကုတင်မသွားပါနဲ့  ကျမနားမှာ နေရန်သာခေါ်ထားမိပါသည်။
Friday, March 1, 2013
၂၀၁၃ ထမနဲပွဲ(Rensselaer in USA)
ကိုနန်းရှင်(ခ) ကိုဇင် http://www.myshmm.com/
Thursday, February 28, 2013
မလေးရှားမှ အမှတ်တမဲ့
မလေးရှားနိုင်ငံ Pudu Raya ဟုခေါ်သောကားဂိတ်ကြီးတွင် အထဲဝင်ရန်အပေါက်သည်လည်း လူရိပ်ကျမှပွင့်တတ်သောမှန်တံခါးများဖြစ်ပါသည်။ အခြားသောကာရံထားသောနေရာတိုင်းတွင်လည်း မှန်များသာဖြစ်ပါသည်။ ကျမ၏ သူငယ်ချင်းတယောက်သည် လူကြိုလူပို့ သောအလုပ်ကိုလုပ်သောကြောင့် အစဉ်အမြဲတမ်းထိုကားဂိတ်သို့ သွားနေကြဖြစ်ပါသည်။ လူကြိုခြင်းအလုပ်သည် ထိုင်းမှ ၀င်လာသောကားများကို သွားရောက်စောင့်၍ ပါလာသောလူအား သူသွားလိုသောနေရာ သို့ ရောက်အောင်လိုက်ပို့ ရခြင်းပါ။ ထိုင်းမှ ကားများကလည်း မနက်မိုးလင်း လေးနာရီ နှင့် ငါးနာရီ ကြားတွင်ဝင်တတ်ပါသည်။ တနေ့ နံနက် သူသည် လူရောက်မည်ဆိုသောကြောင့် ကားဂိတ်သို့  သွားခဲ့ပါသည်။ ကားဂိတ်ရောက်သောအခါ သူ ၀င်နေကြမှန်တံခါး မှ ၀င်လိုက်ရာ လူပါနောက်ပြန်လဲကျသွားပါသည်။ အိပ်ချင်မူးတူးဖြစ်နေသောကြောင့် မှန်တံခါး ဟုထင်ပြီး ၀င်လိုက်သောနေရာသည် တံခါးနေရာမဟုတ်ဘဲ ကာထားသောမှန် ဖြစ်သောကြောင့် မှန်နှင့်တိုက်မိပြီး နောက်ပြန်လဲကျခြင်းဖြစ်ပါသည် ။
ဘေးဘီကို ကြည့်ပြီး ရှက်ကိုးရှက်ကန်းနှင့် တံခါး နေရာကို အသေအချာ ပြူးပြဲ ရှာ၍ ၀င်လိုက်ရပါတော့သည်။ သူပြန်ပြောပြသောကြောင့် သိလိုက်ရပြီး နောက်ပိုင်း မှန်တံခါးမြင်လျှင် သူ့ ၏ အမှတ်တမဲ့  အဖြစ်အပျက်တခုကို သတိရပြီး ပြုံးမိပါသည်။
Monday, February 25, 2013
မလေးရှားမှ ကြားဝင်ခဲ့ခြင်း (သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျား)
Facebook ထဲဝင်ကြည့်ရင်းမှ ညီမလေး တဦးရေးထားသော သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျားတို့ ဖေါက်ပြန်ကြသည်ဆိုသောစာသားလေးကို တွေ့ ၍ ကျမကိုယ်တွေ့ မြင်သိခဲ့ရသောအဖြစ်အပျက်လေးတခုကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ ကျမအလုပ်သမားလိုလျှင်သွားရှာနေကြ ကပုန်းမှ မြန်မာလက်ဘက်ရည်ဆိုင်နားတွင်ဖြစ်ပါသည်။ ဗမာလူမျိုး အမျိုးသားနှင့် ဖိလစ်ပိုင်အမျိုးသမီးတဦး တို့ အတူတကွနေထိုင်ကြပြီး သားယောင်္ကျားလေးတယောက်မွေးဖွားထားသည်မှာ သုံးနှစ်ကျော်ခန့် ရှိပါပြီ။ သူတို့ အိမ်ထောင်သက်ဘယ်လောက်သက်တမ်းလဲခန့် မှန်းကြည့်လျှင်သိနိုင်ပါသည်။ နောက်တစ်စုံတွဲက ဗမာအမျိုးသားနှင့် အင်ဒိုနီးရှားအမျိုးသမီးတယောက် အတူတကွနေထိုင်ပြီး သမီးလေး တယောက်မွေးဖွားထားသည်မှာ တစ်နှစ်ကျော်ကျော်ခန့် ရှိပါသည်။ သို့ သော် ခလေးအားမွေးဖွားပြီး ခြောက်လခန့် တွင် အင်ဒိုနှီးရှားသို့ ပြန်ပို့ လိုက်ပြီဖြစ်ပါသည်။  ဖ မဟုခေါ်သော ဖိလစ်ပိုင်မက သူ၏ခလေးအား သူမိဘများထံသို့ ပြန်ပို့ ရန် အတွက် ဖိလစ်ပိုင်သို့ ပြန်သွားပါသည်။ ထိုအချိန်တွင်ပင် အင်ဒိုနီးရှားကိုယူထားသော ဗမာ အမျိုးသားက လည်း မြန်မာပြည်သို့ ပြန်သွားခဲ့သော အချိန်ကာလဖြစ်ပါသည်။ ဖ မကိုယူထားသောဗမာတွင် မလေးရှားနိုင်ငံထုတ် Tico ဟုခေါ်သော ကားသေးလေးကို စက်ရုံမှပေးထားပါသည်။ သူက မိန်းမနှင့်ခလေးပြန်သွားသောကြောင့် စက်ရုံတွင်ပင် နေထိုင်ပါသည်။ သို့ သော် အလုပ်ပြီးချိန်တိုင်းတွင် သူသည် ဗမာများနေထိုင်သောအိမ်သို့ ကားလေးနှင့် လျှောက်လည်တတ်ပါသည်။ ထိုသို့ နှင့်သုံးလခန့် ကြာသောအခါ သူသည် အ မနေထိုင်သောအိမ်တွင်သာ ရေချိုးခြင်း ထမင်းစားခြင်းများကို ပြုလုပ်နေပါပြီ။ အ မကလည်း သူမလာလျှင်စက်ရုံသို့ လိုက်နေပါပြီ။  သို့ သော် ညအိပ်ချိန် စက်ရုံသို့ ပြန်အိပ်ပါသေးသည်။ အ မနှင့်အတူနေသော ဗမာများ ကလဲ စက်ရုံမှ ပေးသောအိမ်သို့ ပြောင်းနေသောကြောင့် အ မကလဲတယောက်ထဲဖြစ်နေပါသည်။ သူတို့ နှစ်ယောက်အတွက် အစစ အရာရာ ဖေါက်ပြန်ရန်အတွက် ရေကန်အသင့်ကြာအသင့်နှင့် အခြေအနေက ပေးနေပါပြီ။ သစ္စာမရှိသောမိန်းမနှင့် စည်းမရှိသောယောင်္ကျားတို့ ဖေါက်ပြန်နေ ကြပါသည်။ ထိုသို့ သောအနေအထားတွင် ကျမကြားဝင်ခဲ့ပါသည်။
ကျမ ဖ မထံသို့ ဖုန်းဆက်၍ အမြန်ပြန်လာသင့်ကြောင်း သူမ၏သူဌေးအိမ် နှင့် အေးဂျင့်သို့  သွားရောက်ခြင်း များကို ပြုလုပ်ပေးခဲ့ပါသည်။  ကျမပြုလုပ်ပေးခြင်းမှာ ခလေးများမျက်နှာကို ကြည့်၍ မိစုံဖစုံ အတွက်ကူညီပေးခဲ့ခြင်းပါ။  တစ်လခန့် အကြာတွင် ဖ မပြန်ရောက်လာပါသည်။ ထိုသူက နှစ်ယောက်ပေါင်း ပေါင်းမည် ဟုပြောပါသည်တဲ့။ ဖ မက သူ့ အမျိုးသား သွားရာနောက်တကောက်ကောက်လိုက်ခြင်းဖြင့် ထိမ်းသိမ်းလိုက်သော်လည်း မြန်မာပြည်ပြန်သွားသော အ မ၏အမျိုးသားကတော့ ထိုအကြောင်းများကို ကြားပြီး မြန်မာပြည်မှပြန်မလာတော့သောကြောင့် အ မပါမစ်သက်တမ်းကုန်သည်အထိအလုပ်လုပ်၍  အင်ဒိုနီးရှားသို့ ပြန်သွားပါသည်။ ကျမရှိနေစဉ်တွင်ပင် ကြားရသည်ကတော့  ဟောင်ကောင်သို့ အိမ်ဖေါ်သွားလုပ်သည်ဟုသိခဲ့ရပါသည်။ နောက်ဆုံးကောက်ချက်ချမိသည်က မိန်းမများသစ္စာမရှိလျှင် ယောင်္ကျားများက ခွင့်မလွှတ်ပါ။ ယောင်္ကျားများဖေါက်ပြန်လျှင် မိန်းမများ ကသာလျှင် ခွင့်လွှတ်ကြပါသည်ဟု.............................။
Saturday, February 23, 2013
မလေးရှားမှ ပြုံးတော်မူ
ကျမဈေးဝယ်နေကြဆာလာရန်းရှိအသစ်ဖွင့်သောဆိုင်တွင် ဆန်နှင့် အခြား လိုအပ်သော အသုံး အဆောင် များဝယ်ရန် အလုပ်သမားနှစ်ယောက်နှင့်အတူ လာခဲ့ကြပါသည်။ ကျမကားပါကင်ထိုးပြီးချိန်တွင် နှစ်ယောက်ထဲမှ တယောက်က အမ ကျနော် ဖိနပ်လိုချင်လို့  ဟုပြောသောကြောင့် သွားလေနင်တို့ ကြည့်ပြီး ၀ယ်ပေါ့ ဆို၍ တွန်းလှည်းနှင့်ကျမတယောက်ထဲ ထွက်ခဲ့ပါသည်။ ကျမလိုအပ်သည်များ ကိုဝယ်ယူပြီးချိန်အထိ ထိုနှစ်ယောက်ကို မတွေ့ မိသေးပါ။ ကျမကောင်တာတွင်ငွေရှင်းနေချိန်တွင်ရောက်လာပါသည်။ ကျမက ရခဲ့ပြီလား ဟုမေးရာ အမကိုစောင့်နေတာ အမကိုမေးမလို့  ဆို၍ ငွေရှင်းပြီး သူတို့ နောက်လိုက်ခဲ့ပါသည်။ ဖိနပ်များထားသောနေရာသို့ ရောက်ရာ ကျမလဲဝိုင်းရွေးပေးပြီး ဟဲ့ နင်နဲ့ တော်လားမတော်လား တိုင်းယူနော် လို့ ပြောလိုက်သောအခါ ဖိနပ်လိုချင်သောတယောက်က ပြန်ပြောလိုက်သည်မှာ အမ ဖိနပ်က အကြီး နဲ့ အသေး ဈေးအတူတူဘဲမှတ်လား ကျနော် အကြီးဘဲယူလိုက်တော့မယ် ဟုဆိုလေသတည်း။
Wednesday, February 13, 2013
ချစ်ခင်ပွန်းနန်းရှင်အတွက် (Valentine)လက်ဆောင်
“ မင်းမမှန်ရင်မင်းတရားခံဖြစ်မယ် ။ငါမမှန်ရင်ငါတရားခံဖြစ်မယ် ။တရားဆိုတာညှာလည်းမညှာညာလည်းမညာသာစေ နာစေ မရှိ 
ပကတိသူ့ သဘော သူဆောင်ခြင်း ပဲ။
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာနောင်နေ့မင်းရဲ့အနာဂါတ် ။
မပတ်သက်ချင်လို့ မရ မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။
မင်းဘာလဲ မင်းဘယ်သူလဲ မင်းဟာ မင်းဘဲ ။ ” 
~ ဆရာတင်မိုး ~
Angelhlaing
  "serious"
တစ်စုံတစ်ခုကြောင့်များ ...ဘ၀ဟာ မှားခဲ့သလား ...အရာအားလုံးဟာ .. တုန်တုန်ရီရီ ..။
ကိုယ် မင်းကို မပြတ်နိုင်ဘူး     မင်း သတင်းကြားရင် မနေနိုင်ဘူး      မင်းကိုလွမ်းတဲ့စိတ်နဲ့ မဖြေနိုင်ဘူး
အားလုံး အသစ်ပြန်စလို့ရရင် ........အားလုံး အချစ်ပြန်ဖြစ်လို့ရရင် .......မျိုသိပ်ထားပေမယ့် ကိုယ် သိပ်အားငယ်ပါတယ်။
ဟန်ဆောင်ထားပေမယ့်   တကယ်အနားမှာမရှိတော့မှ ... ပိုချစ်လာရတယ် ...။
ပစ်မသွားပါနဲ့ အခါခါ . ဖုန်းတွေဆက်    အက်ကွဲကြောင်းတစ်ခုရဲ့ အဆုံးသတ်ကိုသုံးသပ်ဖို့အင်အားတောင်မရှိနိုင်တော့။
ကဗျာတွေ ကိုယ်ရေးခဲ့တိုင်းကိုယ်နဲ့ထပ်တူ လက်ချောင်းသွယ်ဖြူဖြူလေးတွေလည်းကဗျာရေးနေမလား..တွေးဖူးတယ်။
J'Bon ကော်ဖီဆိုင်ကHot chocolet တစ်ခွက်လည်းအိပ်မက်ထဲမှာ ခါးလိုက်တာ အချစ်ရယ်။
အညတရ စာမျက်နှာထက်မှာမင်း ကိုယ့်ကို ဖယ်ထုတ်လိုက်သလိုဘ၀ရဲ့ စာမျက်နှာထက်မှာရောမင်းအတွက်ကိုယ်ရှုပ်နေပြီလား .....၊
အားလုံး ဟားတိုက်ကြတဲ့ ... ဒဏ်           ကိုယ် ... ခံနိုင်ရည်ရှိပါတယ်။
ဘယ်သူတွေဘယ်လိုကြည့်ကြည့်       ကိုယ်က .. မင်းမျက်နှာပဲ ကြည့်ခဲ့တယ်။
အခုတော့လည်း .....သံယောဇဉ် တစ်ပင်တင်းရင်း   လွမ်းနေ ...တဲ့ အချိန်ကာလ .. အပိုင်းအစတွေထဲ ကိုယ်တဖြည်းဖြည်း ကြေကွဲ       မင်းရေးဖူးတဲ့ ကဗျာတွေပဲ သတိရပြိုလဲ ၀မ်းနည်းခြင်းတွေသာ ...
အမှတ်တရအဖြစ် ... ကျန်ရစ်တယ် ....။ ။
Thursday, February 7, 2013
မွေးနေ့  (သေဆုံးခြင်းများ) အမှတ်တရ
ကျမဖေဖေက၀န်ထမ်းတယောက်ပါ။ ထားဝယ်မှာတာဝန်ကျနေတုန်းက ကားရလို့  ကားမောင်းရင်းမှ ကားညာဘက်သို့ ဆွဲဆွဲသွားသောကြောင့် ဆေးခန်းသွားပြခဲ့ပါသည်။ ထားဝယ်မှ ဆရာဝန်ကြီးဦးဖိုးတုတ်က ရန်ကုန်သို့ အမြန်ပြန်၍ မိသားစုပင်စင်တင်သင့်ကြောင်း နှင့်ဆေးကုသဘို့ အကြံဥဏ်ပေးခဲ့ပါသည်။ သို့ နှင့်ဖေဖေကို ရန်ကုန်သို့ ပြန်ခေါ်လာခဲ့ပါသည်။ ဆေးခန်းပြောင်းများစွာကို အစိုးရိမ်ကြီးစွာ လိုက်ပြနေသောမေမေ့ခမျှာသနားစရာပင်။ အဖြေရလာခဲ့ပါပြီ။ အဆုတ်မှာ အကြိတ်တွေ့ ပါသည်တဲ့။ အဆုတ်ကင်ဆာလို့ ခေါ်ပါသည်။ ကျမဖေဖေ ဆေးလိပ်အလွန်ကြိုက်သောကြောင့် ဆေးလိပ်`၏ ဆိုးကျိုးကို စတင်ခံစားရပါပြီ။ ဖေဖေ နေမကောင်းသောကြောင့် ကျမတို့ ဇနီးမောင်နှံကို အိမ်ပေါ်သို့ ပြန်ခေါ်ခဲ့ပါသည်။ ကျမသားလေး နှစ်လခန့် ရှိနေပါပြီ။ ကျမအမျိုးသားရုံးကပြန်လာလျှင် ကျမဖေဖေကို ပြုစုရန် မေမေတယောက်ထဲမနိုင်သောကြောင့်ဖြစ်ပါသည်။ ကျမကတော့ ခလေးငယ်သေး၍ ဖေဖေ့နားနေရုံလောက်သာရပါသည်။ ကျမဖေဖေ ရှစ်လတိတိ အိပ်ရာထဲလဲခဲ့သောကြောင့် ကျမလဲ ကျမကိုယ်ကျမ ဂရုမစိုက်ဖြစ်ခဲ့ခြင်းပါ။ ကျမသားလေး ကိုးလတွင် ကျမဖေဖေဆုံးပါသည်။ ကျမ အတွက် ပြန်သတိထားမိလိုက်ချိန်တွင် ကျမမှာ ကိုယ်ဝန်နှစ်လ ရှိနေပါပြီ။ ညစဉ် ညတိုင်း ဖေဖေ နှင့်လူနှစ်ယောက်နောက်ကလိုက်လာသည်ကို အိမ်မက်မက်ပါသည်။ ကျမဘယ်လို လုပ်ရမည် ကိုမသိတော့ပါ။ ကျမ ကိုယ်ဝန် ပျက်ကြသွားခဲ့ပါသည်။ ကျမ မေမေက  သစ်တော်သီးစားမလား လို့ မေးတော့ ဘာမှစားချင်စိတ်မရှိသောကျမ စားလိုက်မိပါသည်။ ထိုနေ့ ညနေ ကျမအတွက် ကံဆိုးမိုးမှောင်ကျပါပြီ။ ကျမ အဖျားတွေတက်ပြီး ခြုံထားသောစောင် တရမ်းရမ်းဖြစ်နေသောကြောင့် မေမေက ကျမကိုလှုပ်နိုးရာ ကျမမနိုးတော့ပါ။ ချက်ခြင်းပင်ဆေးရုံသို့ သွားခဲ့ပါသည်။ ကျမကားပေါ်တွင် လိုက်ပါနေသောအချိန် အပြင်က မီးရောင်များကို မြင်နေရပါသည်။ ဆေးရုံသို့ ရောက်သောအခါ ကျမ မေးခိုင်နေပါသည်။ ကျမစကားပြောလို့ မရတော့ပါ။ ကျမကို ဆရာဝန်လေးတယောက်က ပါးကိုခပ်စပ်စပ်လေး ရိုက်ရိုက်ပြီးမေးနေပါသည်။ နာမည်ဘယ်လိုခေါ်သလဲ နှင့်အကြိမ်ပေါင်းများစွာမေးနေပါသည်။ ကျမသိနေသော်လည်းပြန်ပြောလို့ မရခဲ့ပါ။ နောက်ဆုံး အချိန် ကျမကို အားယူ၍ပြောရန် ကြားလိုက်သောကြောင့် အတင်းညှစ်ထုတ်ပြီး ပြောလိုက်ရာ အသံထွက်သွားခဲ့ပါသည်။ တိုသို့ မှ ကျမအား ခွဲခန်းထဲသို့ သွင်း၍  သန့် ရှင်းရေးလုပ်ပေးပြီး ဆေးတလုံးထိုးပေးပါသည်။ ကျမဘာဆိုဘာမှမသိတော့ပါ။ ကျမသတိရသည့်အချိန်တွင် ကျမနံမည်တွင်နေသည်က သားအိမ်ပုတ်နေပါသည်။ အနံ့ တောင်ထွက်နေပါသည်။ အချိန်များ နဲနဲလေးနောက်ကျခဲ့လျှင် သေနိုင်ပါသည်တဲ့။ ကျမအသက်ဘေးကသီသီလေးလွတ်ခဲ့ရပါသည်။ 
Wednesday, February 6, 2013
တဖက်သတ်စီရင်ခြင်း
အကိုကို့ ဒုကသည်စခန်းမှာစောင့်နေတဲ့အမတယောက်ရှိကြောင်းကိုယ့်ကြောင့်
လူတယောက်စိတ်ဆင်းရဲနေလျင်အကိုဒီဘဝမှာပျော်နိုင်မှာလားစတဲ့စကား
လေးတွေပြောဖြစ်ပါသေးတယ်။သူကပြန်ပြောတာက
(ကျွန်တော်လည်း ဗုဓ်ဒ ကို လေးစားသူပါ။ခင်ဗျားလည်း လေးစားတယ်
ဆို ရင် ကေသီ မြင်းထိန်းအကြောင်းကိုလေ့ လာပါတဲ့။ကျွန်တော့် နဲ့
ပတ်သက်သမျ တရားသဘောနှင့်အညီဖြစ်လာပါလိမ့်မ
ယ်။ )
အဲ့ဒါကိုနန်းရှင်ဆိုတဲ့ ကျမအမျိုးသားကကျမနဲ့ ပတ်သက်ပြီး သူ့ ရဲ့ သဘောထားကို ပြောတာပါတဲ့
ကျမနဲ့ ဘယ်လိုမှ မပတ်သက်တဲ့အကြောင်းပါ ကျမဆိုတာထက် အိမ်ထောင်တခုမှာဆိုရင်ပိုမှန်မှာပါ
ကေသီမြင်းထိမ်း က မြင်းတွေကို အနုနည်း အကြမ်းနည်း အသေသတ်တဲ့နည်းတွေနဲ့ ထိမ်းပါတယ်တဲ့
ဘုရားရှင်ကို လျှောက်ပါတယ်တဲ့ အရှင်ဘုရားကကော ရဟန်းတွေကိုဘယ်လိုနည်းနဲ့ ဆုံးမပါသလဲ တဲ့
မြတ်စွာဘုရား ကအနုနည်းနဲ့ တန်တဲ့ရဟန်းကို အနုနည်းနဲ့  အကြမ်းနည်းနဲ့ တန်တဲ့ရဟန်းကို အကြမ်းနည်း နဲ့  အသေသတ်ဘို့ တန်တဲ့ရဟန်းကို အသေသတ်တဲ့နည်းနဲ့ တဲ့ အသေသတ်တယ်ဆိုတာအသက်သတ်တာကိုခေါ်တာမဟုတ်ပါဘူးတဲ့ သူ့ ဘ၀ကိုသတ်လိုက်တာပါတဲ့ အဲ့ဒါက ဆိုလိုပါတယ် ကျမသိသလောက်ပြန်တင်ပေးတာပါ အမှားပါခဲ့တယ် မကျေနပ်ခဲ့ဘူးဆိုရင်လဲ ကြိုတင်တောင်းပန်ပါတယ်။
အိမ်ထောင်တခုမှာ အိမ်ထောင်ရှင်ယောင်္ကျားတယောက်က တရားဝင်လက်ထပ်ထားတဲ့မိန်းမ ကို ကေသီမြင်းထိမ်း လို ထိမ်းပြီး သူ့ ဘ၀ကို သတ်လိုက်တာပါတဲ့  မကြားဘူး ဘူးနော် မှတ်သားစရာပါ။
http://www.facebook.com/bago.thar.902  
အနိုင်လိုသူနဲ့ချိုင်လိုသူတို့ ကြား မဆိုင်သလိုနေပြီး
ဒိုင်ရှိုလေးနဲ့ ထိုင်ငိုရတဲ့ရက်တွေမြန်မြန်သာ ပျက်ကြွေပါစေတော့...လို့ ။
အချစ်ကိုချစ်၍   စစ်ကိုမုန်းပါသည်။
သို့ သော်...အချစ်စစ်အတွက်    စစ်ဖြစ်နေရသည်။
Thursday, January 31, 2013
မလေးရှားမှ ရယ်စရာ
ကျမ မလေးရှားတွင်နေထိုင်စဉ်အချိန် ၌တွေ့ ကြုံရခဲ့သောအဖြစ်အပျက်ကလေးတခုပါ။ ကျမသည် လေဘာဆပ်ပလိုင်း လုပ်သောကြောင့် အလုပ်သမား ၃၀ ခန့် ရှိပါသည်။ ၄င်းတို့ ၏ အလုပ်နေရာများမှာ သုံးနေရာကွဲ၍   မြို့ ပြင်ကျသောကြောင့်     ချက်ပြုတ်စားသောက်စရာများ လိုအပ်သည်များ နှင့် သူတို့ မှာသည်များကို ၀ယ်ပို့ ပေးပါသည်။ တနေ့ ၌ အလုပ်သမားများထဲမှ တဦးအားခေါ်၍ဈေးဝယ်ရန် သွားပါသည်။ လမ်းတွင်ဘလောက်ချက်တခုနှင့်တွေ့ ၍ ရဲမှကျမအားအရင်လိုင်စင်သာစစ်ပြီး သူ့ ကိုစစ်ပါသည်။ ကျမကိုမေးနေစဉ် ရဲကိုကြည့်နေပြီး သူ့ကို မေးသောအခါတွင်မှ မျက်နှာလွှဲလိုက်သဖြင့် လာစစ်သောရဲမှာ အလွန်တရာစိတ်ဆိုးသွားပါသည်။ ထို့ ကြောင့်ကျမမှာ ရဲအားမနဲတောင်းပန်ပြီး သူ၏စာရွက်စာတမ်းများကိုပြ၍ဖြေရှင်းခဲ့ရပါသည်။ ရဲမပြောပါနှင့် ကျမလည်းအလွန်တရာစိတ်ဆိုးမိပါသည်။ ထိုသို့ ဖြင့် သူ့ အလုပ်နေရာသို့ ပြန်ရောက်သောအခါ ကျမသူ့ ကို မေးကြည့်ပါသည်။ ဘာဖြစ်လို့ ရဲကမေးမှ နင့်မျက်နှာလွှဲလိုက်ရသလဲ ဆိုတော့ သူပြန်ဖြေလိုက်ပုံကြောင့် စိတ်ဆိုးခဲ့သည်များမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး ရယ်မောမိပါတော့သည်။
သူပြန်ဖြေလိုက်ပုံမှာ” အမကမှာထားတယ်လေ ရဲမြင်ရင်မကြည့်ရဘူး “ ဟုဆိုလေသတည်း။
မှတ်ချက်။ ။ကျမမှာထားသည်မှာ၎င်းတို့ လမ်းသွားနေစဉ်ရဲမြင်လျှင်သွားမကြည့်ရန်၊ သူတို့ နှင့်မျက်လုံးချင်းဆုံမိပါကခေါ်၍မေးတတ်ရစ်တတ်သောကြောင့်ဖြစ်ပါသည်။