Friday, July 11, 2014

ဝါဆိုလပြည့်


ဒီနေ့  ဝါဆိုလပြည့်နေ့  ဘာအလှုမှမလုပ်နိုင်ခဲ့ပေမဲ့ ဥပုလ်စောင့်တည်ပြီး အိမ်ကဘုရားမှာဘဲ ပန်း ရေချမ်း ဆီမီး ကပ်လှုပူဇော်ခဲ့ပါတယ် ထိုမှန်သောသစ္စာစကားကြောင့် ကျမရင်ဆိုင် ကြုံတွေ့ နေရသော အခက်အခဲ များကို လွယ်ကူစွာဖြေရှင်းနိုင်သော ဆုံးဖြတ်ချက်မှန်ကန်သောကိုယ်ဖြစ်ပါစေ နိဗ္ဗါန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေ။

Monday, July 7, 2014

အုန်းပြန့် ကမ့်မှ သတင်းထူး

july 2 2014ရက်နေ့ ကTakခရိုင်မြို့ ပိုင်၊အုန်းပြန့် ပလာ၊ယူအန်မှလူကြီး၊စစ်အရာရှိတဦး၊အမ်အိုအိုင်မှလူကြီး တဦးတို့ မှအစည်းအဝေးကိုစခန်းရုံးခန်းမဆောင်မှာလုပ်ခဲ့ပါတယ် မြို့ ပိုင်တယောက်ထဲသာပြောခဲ့တာပါ ဇူလိုင်လရှစ်ရက်နေ့ မှာတုံကင်ဝေမဲ့အကြောင်းနဲ့ လူဦးရေ    အတိအကျသိအောင်ပြုလုပ်ခြင်းဖြစ်ကြောင်းပါ (လူဟောင်း(ယူအန်ရှိသော)ရှစ်ထောင့်သုံးယောက်နဲ့ လူသစ်(ယူအန်မရှိ ရိက္ခာစားနေသော)
 ခြောက်ထောင့်ကိုးရာဆယ့်ခုနစ်ယောက် စာရင်းရှိ)
ဒီနေ့ ရှစ်ရက်နေ့ မနက်ခြောက်နာရီ မှာ ဇုံအေရှိ ရပ်ကွက်ရှစ်ခုလုံးကိုလေယဉ်ကွင်း၊ ဇုံဘီရပ်ကွက်ရှစ်ခုလုံးကို ဇုံဘီဘောလုံးကွင်းတွင် တပြိုင်နက်တည်း စုရုံးစေပြီး စစ်သား များနှင့် ပလာ(အောစော်)တို့ က အစိမ်းရောင်တုံကင်ဝေခဲ့ပါတယ် တုံကင်ရပြီးတဲ့ သူများနောက်တခေါက်ပြန်ဝင် လို့ မရအောင်ကိုလဲ လက်မှာ ခရမ်းရောင်မှုတ်ဆေးနဲ့ အမှတ်အသားပြုလုပ်ပေးခဲ့ပါတယ်


ပြီးနောက်ရပ်ကွက်တွင်းအစည်းအဝေးမှ ၁၅ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ပလာမှ ရပ်ကွက်အလိုက် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ပြီး ၂၈ ရက်နေ့ တွင် စစ်အစိုးရအာဏာပိုင်များမှ ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်
july21,2014 နေ့ မှာ စစ်တပ်ကလက်မှတ်တခု ပလာကလက်မှတ်တခု နဲ့ ဒီလိုဖြစ်သွားတယ်
july 28,2014 မှာ အပေါ်က စာရွက်စိမ်းကို အောက်က ကဒ်အဖြူရောင်နဲ့ စစ်သား၊ ရဲ၊ အောစော် တို့ ဝိုင်းရံပြီး ရဲက လဲပေးလိုက်တယ်

Thursday, July 3, 2014

နိုင်ငံသား(အမေရိကန်)ဖြေရန်

နိုင်ငံသား(အမေရိကန်)ဖြေရတော့မှာမို့ လို့ မှိုရနေတဲ့မျက်နှာထင်ပါရဲ့ 

Wednesday, July 2, 2014

ဘယ်လောက်ဝေးဝေးနီးနီးလေး (အိပ်ပျော်သွားတာ)


ဝေးကွာခြင်းဘာကိုပြောတာလဲ
ချစ်သူနှစ်ယောက်တစ်နယ်စီခြားနေတာလားမိုင်ထောင်ချီဝေးနေတာလား…ဝေးကွာခြင်းဆိုတာမိုင်တွေခြားနေတာမဟုတ်ဘူးလူချင်းအနီးဆုံးရှိနေပေမယ့် တစ်ယောက်ကိုတစ်ယောက်တကယ့်ရင်ထဲကမချစ်နိုင်ကြရင်မိုင်ထောင်ချီခြားနားနေပြီးစိတ်ထဲအမြဲရှိနေတဲ့ချစ်သူတွေထက် ဝေးကွာခြင်းထက် ဝေးကွာခြင်းပါပဲ.……
ဒါကြောင့်ဘယ်လောက်ပဲဝေးနေပါစေစိတ်မပျက်ပါနဲ့တစ်ယောက်နဲ့တစ်ယောက်သစ္စာရှိပြီးစိတ်ထဲအမြဲရှိနေပါစေငါတို့တွေ့ဆုံနိုင်ဖို့နေတွေဟာနီးနီးလေးပါ……
<မင်းဧကရာဇ်>
ချစ်သူနှစ်ယောက်မှာဘယ်လောက်ပဲတစ်ယောက်နဲ့တစ်ယောက်ကြားမိုင်ပေါင်းများစွာခြားနားနေပါစေကိုယ့်ချစ်သူကိုအရမ်းချစ်တဲ့စိတ်တွေကြောင့်အပြန်အလှန်နှလုံးသားခြင်းနီးစပ်နေလိမ့်မယ်
ဘယ်လိုပဲတစ်ယောက်နဲ့တစ်ယောက်အနေဝေးနေရပါစေကိုယ့်ချစ်သူပေးတတ်တဲ့ဘယ်လိုသောဂရုစိုက်မှုမျိုးကိုမဆိုရင်ထဲမှာတန်ဖိုးထားနေမိလိမ့်မယ်
ဘယ်လောက်ပဲတစ်ယောက်ရဲ့အဝေးကြီးမှာတစ်ယောက်ရှိနေရပါစေကိုယ့်ချစ်သူအပေါ်စိုးရိမ်နေတတ်တဲ့စိတ်တွေနဲ့အတူအရမ်းလွမ်းနေမိတဲ့စိတ်တွေကိုပိုင်ဆိုင်နေရလိမ့်မယ်
ဘယ်လိုပဲ တစ်ယောက်နဲ့တစ်ယောက်ကြားဆုံတွေ့ခွင့်ရဖို့အတွက် အချိန်တွေလိုအပ်နေပါစေ
ကိုယ့်ချစ်သူရှိနေတယ်ဆိုတဲ့စိတ်တွေနဲ့ကိုယ့်ရဲ့အချိန်တွေကို ဖြတ်သန်းရင်းသစ္စာရှိရှိနဲ့အတူတူရှိနေခွင့်ရမဲ့အချိန်တွေကို စောင့်နေပေးမိကြပါလိမ့်မယ်
Khin Myo Aye

Monday, June 30, 2014

တန်ဘိုး ထက် လက်ခ ဈေးကြီးသွားလို့ ပါ



မနေ့ ကဆေးလိပ် (ခရောင်းတစ်အနီ)နှစ်တောင့် ပို့ ဖြစ်တယ် မဲဆောက်ကနေ အမေရိကန် ကို ဆေးလိပ်ဘိုးက ဘတ် ထောင့်နှစ်ရာနဲ့ ဆယ့်ရှစ်ဘတ် ပို့ ခက ထောင့်နှစ်ရာနဲ့ လေးဆယ် ပါဆယ်ဘူးက ဘတ်ငါးဆယ် ဒါပေမဲ့စာတိုက်မှာသွားလုပ်ပေးတဲ့ကောင်မလေးကို ဘတ်တစ်ရာ့ငါးဆယ် ပိုက်ဆံစိုက်ပေးတဲ့ အမျိုးသမီး ကို  ဘတ်နှစ်ရာ ကိုယ့်နေရာကနေ မဲဆောက်ကိုငွေလွှဲခ က အသားတင်နှ စ်ထောင့် ရှစ်ရာ အတွက် ငါးဆယ်ခုနှစ်ဘတ် ဘဏ်ခက နှစ်ဆယ့်ငါးဘတ် အားလုံးပေါင်း ဘတ်နှစ်ထောင့်ကိုးရာနဲ့  သုံးဆယ့် နှစ် ဘတ် ကုန်သွားတယ် တန်ဘိုး ထက် လက်ခကြီးသွားတယ်လို့ဆိုမှာပေါ့နော် အဟီး



Wednesday, June 25, 2014

ဒီနေ့ 

ကျမချစ်ချစ်ကပိုက်ဆံပို့ လိုက်တယ် ဒီနေ့ အတွက်အပျော်ဆုံးပေါ့ ကျေးဇူးအထူးတင်ပါတယ်ယောင်္ကျားရယ်


Thursday, May 29, 2014

ကျမရှစ်ရှစ်နဲ့ ဆူရှီ



မောင် ဖောက်ပြန်မှုတွေ ခေတ်စားလာချိန်မဖောက်ပြန်နဲ့မတားပါဖူး မောင့်ဆန္ဒကို သိက္ခာနဲ့ထိန်းနိုင်ပါစေ
မောင် သစ္စာဆိုတာ ပန်းနာမည်အဖြစ်ဘဲကျန်တော့မဲ့ခေတ်မှာ သစ္စာတရားရဲ့ တန်ဖိုးကိုနားလည်နိုင်ပါစေ
မောင်အရက်သေစာသောက်စားလို့အမျိုးကောင်းသားတွေပျက်စီးနေတဲ့အခါမှာအရက်ကြောင့်ဖြစ်လာနိုင်မဲ့ ဆိုးကျိုးတွေကို မောင်ကိုယ်တိုင်သိမြင်နိုင်ပါစေ
နားလည်မှုနဲ့ချည်နှောင်လို့အသိတရားလက်ကိုင်ထားရင်မောင်နဲ့ကျမဘဝခရီးသာယာမြဲလို့မခွဲအတူရှိနေဖို့ မဝေးတော့ဖူးဆိုတာနားလည်ထားပါမောင်
အမုန်းတိမ်တိုက်လေး

Thursday, May 15, 2014

ရင်တွင်းဖြစ်


အသက်လေးဆယ်ကျော်ရဲ့ရင်တွင်းဖြစ်
ရင့်ကျက်သွားတဲ့မိန်းမတယောက်ရဲ့အပြုံးဆိုတာမျက်ဝန်းမှာဘဲ့တွေ့နိုင်တော့တာမျိုးပါ။
သစ်ရွက်ကြွေတာမြင်ရင်ရင်မခုန်တတ်တော့ပေမဲ့ပတ်သက်ခဲ့ဖူးတဲ့အတိတ်တခုကိုတော့
လွမ်းလွမ်းဆွေးဆွေးနဲ့ပြန်ငေးမိတတ်စမြဲဘဲ့လေ။
ဘယ်လောက်ဘဲ့တည်ငြိမ်နေပြီပြောပြောတယောက်ထည်းရပ်တည်နေနိုင်ပြီဆိုဆို
အားငယ်ချိန်တိုင်းတော့ဘေးနားရှိနေစေချင်မိတာပါ။
မတွေ့မမြင်တာဘယ်လောက်ကြာကြာတခါတလေအဆင်ပြေပါစေလို့တော့
ဆုတောင်းပေးဖြစ်နေမြဲလေ။
ဝါဝါနိုင်(တနင်္သာရီ)
ကျမ မောင့်ကို အရမ်းလွမ်းတဲ့အချိန်မောင်လဲ ကျမကို လွမ်းနေပါ့မလား တွေးမိတယ်
ကျမဘေးမှာ မောင့်ကို ရှိစေချင်တဲ့အခါမောင့်ဘေးမှာ ဘယ်သူရှိနေမလဲ တွေးပူမိတယ်
ကျမ မောင့်ကို အရမ်းချစ်ပြီးခွဲရမှာ ကြောက်လာမိတဲ့အခါမောင်ရောကျမလို ဖြစ်ရဲ့ လား တွေးမိလာတယ်
ကျမထက် ပိုမချစ်ရင် နေပါ ကျမချစ်သလောက် ပြန်ချစ်စေချင်တဲ့ စိတ်တစ်ခု ကျမမှာ အမြဲရှိနေတယ်
*****ဆု*****