ကျမချစ်ချစ်ကပိုက်ဆံပို့ လိုက်တယ် ဒီနေ့ အတွက်အပျော်ဆုံးပေါ့ ကျေးဇူးအထူးတင်ပါတယ်ယောင်္ကျားရယ်
Wednesday, June 25, 2014
Thursday, May 29, 2014
ကျမရှစ်ရှစ်နဲ့ ဆူရှီ
မောင် ဖောက်ပြန်မှုတွေ ခေတ်စားလာချိန်မဖောက်ပြန်နဲ့မတားပါဖူး မောင့်ဆန္ဒကို သိက္ခာနဲ့ထိန်းနိုင်ပါစေ
မောင် သစ္စာဆိုတာ ပန်းနာမည်အဖြစ်ဘဲကျန်တော့မဲ့ခေတ်မှာ သစ္စာတရားရဲ့ တန်ဖိုးကိုနားလည်နိုင်ပါစေ
မောင်အရက်သေစာသောက်စားလို့အမျိုးကောင်းသားတွေပျက်စီးနေတဲ့အခါမှာအရက်ကြောင့်ဖြစ်လာနိုင်မဲ့ ဆိုးကျိုးတွေကို မောင်ကိုယ်တိုင်သိမြင်နိုင်ပါစေ
နားလည်မှုနဲ့ချည်နှောင်လို့အသိတရားလက်ကိုင်ထားရင်မောင်နဲ့ကျမဘဝခရီးသာယာမြဲလို့မခွဲအတူရှိနေဖို့ မဝေးတော့ဖူးဆိုတာနားလည်ထားပါမောင်
အမုန်းတိမ်တိုက်လေး
မောင်အရက်သေစာသောက်စားလို့အမျိုးကောင်းသားတွေပျက်စီးနေတဲ့အခါမှာအရက်ကြောင့်ဖြစ်လာနိုင်မဲ့ ဆိုးကျိုးတွေကို မောင်ကိုယ်တိုင်သိမြင်နိုင်ပါစေ
နားလည်မှုနဲ့ချည်နှောင်လို့အသိတရားလက်ကိုင်ထားရင်မောင်နဲ့ကျမဘဝခရီးသာယာမြဲလို့မခွဲအတူရှိနေဖို့ မဝေးတော့ဖူးဆိုတာနားလည်ထားပါမောင်
အမုန်းတိမ်တိုက်လေး
Monday, May 26, 2014
Sunday, May 25, 2014
Thursday, May 15, 2014
ရင်တွင်းဖြစ်
အသက်လေးဆယ်ကျော်ရဲ့ရင်တွင်းဖြစ်
ရင့်ကျက်သွားတဲ့မိန်းမတယောက်ရဲ့အပြုံးဆိုတာမျက်ဝန်းမှာဘဲ့တွေ့နိုင်တော့တာမျိုးပါ။
သစ်ရွက်ကြွေတာမြင်ရင်ရင်မခုန်တတ်တော့ပေမဲ့ပတ်သက်ခဲ့ဖူးတဲ့အတိတ်တခုကိုတော့
လွမ်းလွမ်းဆွေးဆွေးနဲ့ပြန်ငေးမိတတ်စမြဲဘဲ့လေ။
ဘယ်လောက်ဘဲ့တည်ငြိမ်နေပြီပြောပြောတယောက်ထည်းရပ်တည်နေနိုင်ပြီဆိုဆို
အားငယ်ချိန်တိုင်းတော့ဘေးနားရှိနေစေချင်မိတာပါ။
မတွေ့မမြင်တာဘယ်လောက်ကြာကြာတခါတလေအဆင်ပြေပါစေလို့တော့
ဆုတောင်းပေးဖြစ်နေမြဲလေ။
ဝါဝါနိုင်(တနင်္သာရီ)
ကျမ မောင့်ကို အရမ်းလွမ်းတဲ့အချိန်မောင်လဲ ကျမကို လွမ်းနေပါ့မလား တွေးမိတယ်
ကျမဘေးမှာ မောင့်ကို ရှိစေချင်တဲ့အခါမောင့်ဘေးမှာ ဘယ်သူရှိနေမလဲ တွေးပူမိတယ်
ကျမ မောင့်ကို အရမ်းချစ်ပြီးခွဲရမှာ ကြောက်လာမိတဲ့အခါမောင်ရောကျမလို ဖြစ်ရဲ့ လား တွေးမိလာတယ်
ကျမထက် ပိုမချစ်ရင် နေပါ ကျမချစ်သလောက် ပြန်ချစ်စေချင်တဲ့ စိတ်တစ်ခု ကျမမှာ အမြဲရှိနေတယ်
*****ဆု*****
ကျမထက် ပိုမချစ်ရင် နေပါ ကျမချစ်သလောက် ပြန်ချစ်စေချင်တဲ့ စိတ်တစ်ခု ကျမမှာ အမြဲရှိနေတယ်
*****ဆု*****
Friday, April 11, 2014
ခင်ဆူရှီဆိုင်ပိုင်ရှင်မြန်မာပြည်ဖွား တရုပ်လင်မယား မြန်မာလူငယ်တယောက်ကိုထပ်အနိုင်ကျင့်ပြန်ပြီ ထက်ရာဇာ
April 11, 2014 at 7:25am
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် ရစ်ချစ်မွန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ခင်ဆူရှီ လို့အမည်ရတဲ့ ဆူရှီဆိုင်ပိုင်ရှင်မြန်မာနိုင်ငံသား တရုပ်လင်မယားဟာ အခုတခါ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ သူတို့ဆိုင်က မြန်မာလူငယ်ဆူရှီအလုပ်သမားတယောက်ကို ပေးစရာရှိတဲ့လစာတွေမပေးပဲ အိမ်ပေါ်ကနှင်ချခဲ့တယ်လို့ ကျနော့်ဆီကို သတင်းဝင်ရောက်လာပါတယ်။ဒီလို လစာတွေမရပဲ အိမ်ပေါ်ကနေမောင်းချခံရခဲ့တဲ့ ကာယာကံရှင် သတင်းပေးလာသူကတော့ ကိုဇင်(ခ)ဇင်မျိုးလင်းဖြစ်ပြီး အသက်၃၃ နှစ်ရှိတဲ့ မြန်မာလူငယ်တယောက်ဖြစ်ပါတယ်။သူဟာ ဒီဇင်ဘာလ၂ရက်နေ့မှာ ခင်ဆူရှီစားသောက်ဆိုင်ကို တလ လစာ ၁၈၀၀ နဲ့ တနေ့ကို မနက်၁၀နာရီကနေ ည၁၀နာရီအထိ အလုပ်လုပ်ဖို့ စတင်အလုပ်ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့် သူတို့ပြောခဲ့သလို မနက်၁၀နာရီကနေ ည၁၀နာရီထိမဟုတ်ပဲ တကယ်တမ်းအိမ်ပြန်ရချိန်ဟာ ည၁၁နာရီနီးပါးမှ အိမ်ပြန်ရတယ်လို့လဲပြောပါတယ်။ဒီလိုအလုပ်လုပ်ပြီး ရက်အနည်းငယ်အကြာမှာ ဆိုင်ရှင်ကိုထွန်းထွန်းက သူ့ရဲ့ ကားအဟောင်းတစီးကို ၃၅၀၀ နဲ့ကိုဇင့်ကိုရောင်းခဲ့ပြီး တလကို ၃၀၀ နှုန်းနဲ့ လစဉ် လစာထဲမှဖြတ်ဖို့ ၂ဦးသဘောတူခဲ့ကြပါတယ်။ကိုဇင်ကလည်း ကားဖိုးမြန်မြန်ကျေရင် ပြီးရောဆိုတဲ့ မျှော်လင့်ချက်နဲ့ တလ၃၀၀ မဟုတ်ပဲ သူပေးနိုင်ရင် ပေးနိုင်သလောက် လစဉ် ၁ထောင်မျိုး ၁၂၀၀ မျိုး ကိုထွန်းထွန်းကိုပေးခဲ့ပါတယ်။ဒီလိုနဲ့ လေးလပြည့်တဲ့နေ့ ဧပြီလ၁ရက်နေ့မှာတော့ ကိုဇင်က ကိုထွန်းထွန်းကို သူပေးထားတဲ့ကားဖိုးကျေသွားတဲ့အပြင် ကိုထွန်းထွန်းက သူ့ကိုပေးစရာ ၁၅၀၀ကျော်ကျော်ရှိကြောင်းစါရင်းပြတဲ့အခါ ကိုထွန်းထွန်းဟာ ကိုဇင့်ကို ဒေါသတကြီးနဲ့ မင်းကိုငါကားရောင်းထားတာ ဘာသက်သေရှိသလဲ ဘာစာရွက်စာတမ်းရှိသလဲ ကြိုက်တယ်နေရာသွားတိုင်လို့ပြောပြီး ကားသော့ကိုသိမ်းလိုက်ပြီး အခုချက်ခြင်း အိမ်ပေါ်ကဆင်းပေးဖို့နှင်ချခဲ့ပါတယ်။မြန်မာလူငယ်အလုပ်သမားကိုဇင်ဟာ ၄လလုပ်ခဲ့ပြီး ကားဖိုးပေးခဲ့ရပေမယ့် ကားလဲမပိုင် လစာလဲမရပဲ အိမ်ပေါ်ကဆင်းပေးခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုသိရဖို့ ကိုထွန်းထွန်းရဲ့မိန်းမဖြစ်တဲ့ မခင်မိမိရဲ့လက်ကိုင်ဖုန်း ၈၅၉ ၅၈၂ ၆၇၀၄ ကိုဆယ်သွယ်မေးမြန်းပြီးကိုဇင်နဲ့ဖြစ်တဲ့ပြသာနာကို မေးမြန်းရာမှာ မခင်မိမိက နင်နဲ့ဘာဆိုင်လဲ နင်ကဘာကောင်လဲ နင့်ယောက်ဖမို့လို့လား စတဲ့ရုပ်ရင်းကြမ်းတမ်းတဲ့စကားတွေနဲ့ပဲ ကျနော့်ကိုအကြောင်းပြန်ခဲ့ပါတယ်။နောက်ဆုံးကိုဇင်ပြောပြချက်အရတော့ လာမယ့် မေလ ၁ရက်နေ့ မှာ ကန်တာကီပြည်နယ် ရစ်ခ်ျမွန်တရားရုံးကနေ သူ့ရဲ့နစ်နာကျေးတွေနဲ့ မတရားအလုပ်ခံရတာတွေအတွက် တရားဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။
လေးစားစွာဖြင့်
ထက်ရာဇာ
https://www.facebook.com/notes/htat-yar-zar/%E1%80%81%E1%80%84%E1%80%B9%E1%80%86%E1%80%B0%E1%80%9B%E1%80%BD%E1%80%AE%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%96%E1%80%BC%E1%80%AC%E1%80%B8-%E1%80%90%E1%80%9B%E1%80%AF%E1%80%95%E1%80%B9%E1%80%9C%E1%80%84%E1%80%B9%E1%80%99%E1%80%9A%E1%80%AC%E1%80%B8-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%B9%E1%80%90%E1%80%B1%E1%80%9A%E1%80%AC%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%91%E1%80%95%E1%80%B9%E1%80%A1%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%80/775633465789816 မှကူးယူပါသည်။
- Zin Myo Lin I worked at Khin's Sushi for 4 months.But I didn't get my salary .I bought a car from them .it cost $3500.They charge monthly for it from my salary.This month is all done to pay them.But ,they don't pay my car and make me move out from my apt.Now ,I have no car ,no money,no food.There are a lot of people like me at their job.Every Shusi guy work by understanding.no paper work.
https://www.facebook.com/KhinsSushi
Monday, April 7, 2014
အိမ်ထောင်သက်ငါးနှစ်ပြည့်တဲ့နေ့ 
ဧ ပြီ ၇ မှာ မင်း နဲ့ ငါ ချစ် ဇာတ် လမ်း လေး စ ခဲ့ တာ
ပျော် ရွှင် စ ရာ အ ပြည့် နဲ့ မိုး လေ မ မြင် ဖြစ် ခဲ့ ကြ တာ…….
၂၅ မေမှာ မင်း နဲ့  ငါ တ သက် ဘ ၀ ရည် ရွယ် တာ
မှတ် တမ်း တင် ကာ ပြုံး ပြုံး လေး ရွှေ လက် မြဲ မြဲ တွဲ ဘို့ အ ရေး……
၂၅ ရက် သြ ဂက်စ မှာ ခွဲ ခွါ ဖို့ ရာအ ကြောင်း ဖန် လာ
လွမ်း မော စ ရာ ဖြစ် ခဲ့ တာ……
တ နေ့ နေ့ မှာ ပြန် ဆုံ နိုး နဲ့  စ က္ကန့် မိ နစ် နေ့ လ ရာ သီ
တမ်း တ လွမ်း မော စောင့် ခဲ့ တာ မျှော် လင့် ရ မဲ့ နေ့ တွေ
နှစ် ကာ လ လေး ခု တောင် ကျော် ဖြတ် ပြီး ပါ ပေါ့ လား။
ခွင့်ပန်ခြင်း
အထင်မလွဲပါနဲ့ ရင်ထဲ ခဏ မြင်ကြည့်လေ စာနာတတ်မယ်ဆိုရင် မခံစားဘူးတဲ့မင်း နားလည်နိုင်မှာပါ
အတုယောင်တွေအတွက် မလိုအပ်ခဲ့ပေမယ့်လည်း စစ်မှန်တဲ့ အချစ်စစ်တွေမှာတော့သဝန်တိုခြင်းဆိုတာ
မရှိမဖြစ်တဲ့ သင်္ကေတတစ်ခုပါ
နှလုံးသားရဲ့စေခိုင်းရာ ဖြူစင်စွာမြတ်နိုးခဲ့ပြီမို့ အချစ်ဦး မဖြစ်ရင်လည်းနေပါစေ
အလွမ်းတွေ မဝေချင်တာကြောင့် နောက်ဆုံးအချစ်နဲ့ အချစ်ဆုံးတော့ ဖြစ်ခွင့်ပေးပါ။ ။
ခွင့်ပန်ခြင်း
အထင်မလွဲပါနဲ့ ရင်ထဲ ခဏ မြင်ကြည့်လေ စာနာတတ်မယ်ဆိုရင် မခံစားဘူးတဲ့မင်း နားလည်နိုင်မှာပါ
အတုယောင်တွေအတွက် မလိုအပ်ခဲ့ပေမယ့်လည်း စစ်မှန်တဲ့ အချစ်စစ်တွေမှာတော့သဝန်တိုခြင်းဆိုတာ
မရှိမဖြစ်တဲ့ သင်္ကေတတစ်ခုပါ
နှလုံးသားရဲ့စေခိုင်းရာ ဖြူစင်စွာမြတ်နိုးခဲ့ပြီမို့ အချစ်ဦး မဖြစ်ရင်လည်းနေပါစေ
အလွမ်းတွေ မဝေချင်တာကြောင့် နောက်ဆုံးအချစ်နဲ့ အချစ်ဆုံးတော့ ဖြစ်ခွင့်ပေးပါ။ ။
ရစ်သမ်
Saturday, April 5, 2014
Thursday, April 3, 2014
ဘယ်လောက်ဝေးဝေးနီးနီးလေးပါ ..............နော်
ဘယ်လောက်ဝေးဝေး နီးနီးလေး။
••°°••°°••°°••°°••°°••°°••°°••
မျက်စိရှေ့မှာ ရှိနေပေမယ့် စိတ်ထဲမှာ မရှိရင် နီးလျက် ဝေးနေပါတယ်။
မျက်စိရှေ့မှာ မရှိပေမယ့် စိတ်ထဲမှာ ရှိနေရင် ဝေးလျက် နီးနေပါတယ်။
မျက်စိရှေ့မှာ ရှိဖို့ထက် စိတ်ထဲမှာ ရှိဖို့က ပိုအရေးကြီးပါတယ်။
နားလည်မှု အပြည့်ပါတဲ့ မေတ္တာတရားသာ ရှိရင် စိတ်ထဲမှာ အမြဲရှိနေမှာပါ။
ပကတိ တံတားက အရပ်ဒေသတွေကို ဆက်သွယ်ပေးတယ်။
မေတ္တာ တံတားက နှလုံးသားတွေကို ဆက်သွယ်ပေးတယ်။
မေတ္တာစိတ်ကိုယ်စီနဲ့သတိရ နေကြမယ်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ဝေးဝေးနီးနီးလေးပါပဲ။
အရှင် ဆန္ဒာဓိက
ရွှေပါရမီတောရ။
စောင့်ထိန်းသင့်စောင့်ထိန်းအပ်သောလူ့ကျင့်ဝတ်
လူ့သိက္ခာအရှက်တရားအကြောက်တရားတို့အားရင်ဝယ်ပိုက်၍
မိဘဆိုဆုံးမသောမိဘစောင့်ရှောက်သောငါသည် ဟီရိသြတပ္ပတရားဖြင့်
လူမိန်းမတစ်ယောက်အဖြစ်ရပ်တည်၏။ကံကံ၏အကျိုးကိုယုံကြည်၏။ငရဲကိုကြောက်၏။
တရားတော်များကိုယုံကြည်၏။ဝဋ်နာကံနာကိုကြောက်၏။
မိန်းမယုတ်ယောကျာင်္းယုတ်တို့အားဝေးစွာရှောင်ကျဉ်ပါ၏။စေတနာသည်အကျိုးပေး၏။
မိမိစိုက်ပျိုးသောကုသိုလ် အကုသိုလ်သည်မိမိကိုယ်တိုင်ပြန်လည်ရိတ်သိမ်းရမည်ဖြစ်၏။
မဒမ်ကိုး
၂။၎။၂၀၁၄
တရားတော်များကိုယုံကြည်၏။ဝဋ်နာကံနာကိုကြောက်၏။
မိန်းမယုတ်ယောကျာင်္းယုတ်တို့အားဝေးစွာရှောင်ကျဉ်ပါ၏။စေတနာသည်အကျိုးပေး၏။
မိမိစိုက်ပျိုးသောကုသိုလ် အကုသိုလ်သည်မိမိကိုယ်တိုင်ပြန်လည်ရိတ်သိမ်းရမည်ဖြစ်၏။
မဒမ်ကိုး
၂။၎။၂၀၁၄
Monday, March 31, 2014
ခေါင်းပုံဖြတ် အနိုင်ကျင့်ခံနေရသော အမေရိကရောက် မြန်မာဆူရှီသမားများ
ခေါင်းပုံဖြတ် အနိုင်ကျင့်ခံနေရသော အမေရိကရောက် မြန်မာဆူရှီသမားများ ထက်ရာဇာ
March 29, 2014 at 4:53am
အမေရိကရောက်လာသော မြန်မာများထဲတွင် အတော်များများက ဆူရှီလိပ်ကြသည်ဟု ပြောလျှင် မှားမည်ဟုမထင်။တချို့က ဆူရှီဆိုင်ပိုင်ရှင်ဘ၀နှင့်လိပ်သည် တချို့က အလုပ်ရှင်ဆီမှာ အလုပ်သမားအနေနှင့်လိပ်သည်။တချို့က ကုန်ပဏီမှာ အော်ပရေးရှင်းရှပ်ဖ်လို့ခေါ်သည့် ပြည်နယ်ပေါင်းစုံလျှောက်သွားနေရသည့် ကုန်ပဏီရှပ်ဖ်ဘ၀နှင့်လိပ်သည်။မည်သို့ပင်ဆိုစေကာမူ အားလုံးကတော့ ဆူရှီလောသားများပင်ဖြစ်သည်။သေချာသည်ကတော့ အမေရိကမှာရှိသည့် ဆူရှီဆိုင်၁၀ဆိုင်ကြည့်လျှင် ၉ဆိုင်လောက်ကတော့ မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့် ဆူရှီဆိုင်များကိုသာ တွေ့ရမည်ဖြစ်သည်။ဆိုင်ရှင်ကလည်း မြန်မာပြည်သား အလုပ်သမားကလဲ မြန်မာပြည်သား အများအမြင်နှင့်ကြည့်လျှင်တော့ ကိုယ့်လူမျိုးခြင်းခြင်းဆီမှာ အလုပ်ဝင်လုပ်သည်က သူများနိုင်ငံသားဆီမှာသွားလုပ်ခြင်းထက် ဘာသာစကားကအစ အစားအသောက်အဆုံး ပိုပြီးအဆင်ပြေသည်ဟု အားလုံးက ထင်နိုင်စရာရှိနိုင်ပါသည်။တကယ်လဲ မြန်မာအလုပ်ရှင်နှင့်မြန်မာအလုပ်သမား မိသားစုလို ညီအကိုမောင်နှမတွေလို အလုပ်ရှင် အလုပ်သမား သဘောမထားပဲ ဒိုးတူဘောင်ဖက် အတူရုန်းကန်နေသည့် မြန်မာအများစုကိုလည်း တွေ့ခဲ့ရဖူးပါသည်။သို့သော် အားလုံးကတော့မဟုတ်ချေ။အခုလည်း ကျနော့်အီးမေးလ်ထဲသို့ ပေးစာတစောင်ရောက်ရှိလာခဲ့ပါသည်။အီးမေးလ်ပို့သူက အားလုံးသိစေချင်ပါသည်ဟု ရေးသားထား၍ ကျနော့်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် တင်ဖြစ်ခဲ့ရပါသည်။နောက်ထပ်ဆူရှီလောကရဲ့ အနိုင်ကျင့်မှုများ တရားမျှတမှုမရှိသော လုပ်ရပ်များနှင့် ချစားနေသော အမေရိကရဲ့ ဆူရှီလောကအကြောင်းများကို အလျဉ်းသင့်သလို ရေးသားသွားပါဦးမည်ဖြစ်ပါသည်။(မှတ်ချက်) ပေးစားကို မူရင်းအဓိပ္ပါယ်မပျောက်စေပဲ ကျနော့်စကားပြေနှင့် ဖတ်ရအဆင်ပြေအောင် ပြန်လည်ရေးသားထားပါကြောင်း။
လေးစားစွာဖြင့်
ထက်ရာဇာ(ခေတ္တ)အမေရိက
ကိုထက်ရာဇာခင်ဗျား
ကျနော်လေးစားစွာစာရေးလိုက်ပါတယ်။အကြောင်းကတော့ ကျနော်တို့ဆူရှီသမားတွေ သိထားသင့်တယ်ထင်တာရယ် နောက်အကိုက ဆူရှီလောကမှာ လူတော်တော်များများသိတာရယ်ကြောင့် အကို့အီးမေးလ်ကို လိုက်စုံစမ်းပြီး သူငယ်ချင်းတယောက်ဆီကရလို့ ကျနော် ဒီစာကိုရေးလိုက်တာပါအကို။ဆူရှီသမား အားလုံးသိအောင်လဲ ဖြန့်ဝေပေးပါလို့ ကျနော်အကူအညီတောင်းပါရစေ။အဖြစ်ကဒီလိုပါအကို။
ကျနော်အမေရိကရောက်တာ ၂နှစ်ရှိပါပြီ။ရောက်ကတည်းကဆူရှီလိပ်နေတာပါ။တရက်တော့ ကျနော့်သူငယ်ချင်းတယောက်ရဲ့ ဆက်သွယ်ပေးမှုနဲ့ အမေ၇ိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် ရစ်ရှ်မွန်ဆိုတဲ့မြို့က ဆူရှီစားသောက်ဆိုင်မှာ ဆူရှီလိပ်ဖို့ ကျနော်လာခဲ့ပါတယ်။လစာက ၁လ ဒေါ်လာ ၁၈၀၀ စားစရိတ်နေစရိတ်အပြီး မနက်၁၀နာရီက ည၁၀နာရီလို့ မလာခင်ဖုန်းဆက်ကတည်းကပြောပြီးမှ ကျနော်လာခဲ့တာပါ။ နာမည်နဲ့တကွပြောရရင်တော့ ဆူရှီစားသောက်ဆိုင်နာမည်က KHIN SUSHI ဖြစ်ပြီး မြန်မာပြည်ဖွား တရုပ်လင်မယား၂ယောက်ပိုင်တာပါ။ယောက်ျားဖြစ်သူနာမည်က ကိုထွန်းထွန်းဖြစ်ပြီး မိန်းမနာမည်က ဒေါ်ခင်မိမိပါ။ကျနော်ရောက်ပီး နောက်နေ့မနက်၁၀နာရီကနေအလုပ်စဆင်းပါတယ်။မနက်၁၀နာရီကနေ နေ့လည်၂နာရီကြမှ ထမင်းစားချိန်ကျနော့်ကို နာရီဝက်ပေးနားမယ်လို့ပြောပါတယ်။နာရီဝက်ထက်နောက်ကျရင် တမိနစ်ကို ၁ဒေါ်လာနှုန်းနဲ့ဖြတ်မှာဖြစ်တယ်လို့လဲပြောတဲ့အခါကျနော်လဲဘာမှမပြောခဲ့ပါဘူး။တကယ်တမ်းကျတော့ည၁၀နာရီထိပဲ ပြောခဲ့ပေမယ့် ဆိုင်သိမ်းတာက ၁၀နာရီမှဆိုတော့ သန့်ရှင်းရေးလုပ် ကြမ်းတိုက် အားလုံးပြီးသွားတဲ့အခါ ည၁၁ နာရီထိုးသွားပါပြီ။ကျနော့်ကိုဖုန်းထဲမှာပြောတုန်းက မနက်၁၀နာရီက ည၁၀နာရီအထိပဲ ဆူရှီပဲလိပ်ရမယ် ကျန်တာဘာမှလုပ်စရာမလိုဘူးဆိုလို့ ကျနော်လာခဲ့တာပါ ။ဒါပေမယ့်ကျနော်သည်းခံပြီးဘာမှမပြောခဲ့ပါဘူး။ကျနော့်ကိုထားတဲ့အိမ်နဲ့ အဲဒီစားသောက်ဆိုင်က လမ်းလျောက်ရင် ၁၀မိနစ်ကျော်ဝေးပါတယ်။ကျနော်မနက်လဲကိုယ့်ဖာသာကိုယ် လမ်းလျောက်လာရသလို ပြန်ရင်လဲ ည၁၁နာရီကျော် တယောက်ထဲလမ်းလျောက်ပြန်ရတာပါ။အဲဒီအချိန်အမေရိကမှာ လမ်းလျောက်ပြန်ရင်ဘယ်လောက်အန္ဒာရယ်ကြီးသလဲဆိုတာ အမေရိကမှာ နေကြသူတိုင်းသိပါတယ်။ပိုဆိုးတာက ဒီလောက်နှင်းတွေအရမ်းကျနေတဲ့ကြားထဲမှာ နှင်းတောထဲကို လမ်းလျောက်ပြန်ရတာပါပဲ။နောက်တပတ်လောက်ကြာတဲ့အခါ အိမ်ထဲမှာ ဟီတာ(အပူပေးစက်)ကိုအရမ်းမသုံးဖို့နဲ့ တလကိုမီးဖိုး၅၀ကျော်ရင် မင်းလခထဲက တ၀က်ပေးရမယ်ဆိုတဲ့အခါ ဒီလောက်အေးတဲ့ရာသီမှာ ကျနော်ဟီတာသုံးမိတာ မှားသလားခင်ဗျာ။ကျနော်အလုပ်ပင်ပပန်းတာကိုမမှုပါဘူး။ဒါပေမယ့် မနက်ဆိုင်ကိုရောက်တာနဲ့ သူ့မိန်းမ ခင်မိမိက မြန်မာတွေက ဘယ်လိုသောက်ကျင့်ရုပ်ကြောင်း ဒါကြောင့်ခေတ်အဆက်ဆက် သူများဆီမှာသာ ကျွန်ခံနေရကြောင်း မြန်မာဆိုရင် ကြည့်တောင်မကြည့်ချင်ကြောင်း ခုလဲဆူရှီလုပ်နေရလို့ မြန်မာတွေနဲ့ဆက်ဆံနေရကြောင်း နေ့စဉ်မိုးလင်းက မိုးချုပ်ဆိုင်မသိမ်းခင်ထိ ကျနော်ကြားလာရတာ မခံချင်တာနဲ့ အလုပ်ဝင်ပြီး၁လကျော်အကြာမှာ ကျနော်လဲပြန်မေးမိပါတယ် အမတို့ကရော မြန်မာနိုင်ငံသားမဟုတ်ဘူးလားဆိုတော့ လင်မယား၂ယောက်စလုံး ကျနော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဟေ့ကောင်လူပါးမ၀နဲ့ ငါတို့က မြန်မာနိုင်ငံသားဆိုပေမယ့်တရုပ်ကွ မြန်မာဖြစ်ရင် ကျွန်ဖြစ်နေဦးမယ် တရုပ်ထဲမှာကျွန်မရှိဘူး သခင်ပဲရှိတယ်လို့ ကျနော့်ကိုဝိုင်းပြောကြတယ်အကို။အကိုစဉ်းစားကြည့်ပါ အမေရိကမှာ တလကို ဒေါ်လာ၁၈၀၀ နဲ့ တနေ့ကို ၁၃နာရီခိုင်းပြီး ဒီလောက်အေးတဲ့ရာသီမှာ အပူစက်ဖွင့်ရင် မီတာခတ၀က်ပေးရမယ်ဆိုတာ ဒီအထိကျနော်ခံနိုင်ပါတယ် နေ့စဉ်နဲ့အမျှ စောက်မြန်မာတွေက စောက်မြန်မာတွေကလို့ ပြောနေတာကတော့ ကျနော်ဘယ်လိုမှ သည်းမခံနိုင်ပါဘူးအကို ။ဒါကြောင့်ကျနော်၂လပြည့်တဲ့အချိန်မှာ အလုပ်ကထွက်ခဲ့ပါတယ်။ဒါဟာကျနော်ကိုယ်တိုင်ခံစားခဲ့ရတဲ့ဖြစ်ရပ်တွေပါ။ကျနော်ခံစားရသလို တခြားဆူရှီသမားတွေခံစားရမှာစိုးလို့ ကျနော့်စာကို အများသိအောင် ဖြန့်ပေးပါလို့ ကျနော်အကူအညီတောင်းတာပါ အကို။
လေးစားစွာဖြင့်
KHIN SUSHI တွင်လုပ်ခဲ့ဖူးတဲ့ မြန်မာဆူရှီသမားတဦး
Sunday, March 9, 2014
မောင်ဖတ်ဖို့
မောင်ပြောတော့ သူက အပျော်ရည်းစားတဲ့လား....
ဟင့်အင်း မောင် ကျမ လက်ခံလို့မရဘူး......
အပျော်ချစ်ခံခဲ့ရတဲ့ သူက တကယ်ချစ်မိခဲ့ရင် မိန်းကလေးမို့ သူပဲ နစ်နာရမယ်....
အပျော်သဘောထားတဲ့မောင်ကရည်းစားများတယ်လို့ ပတ်ဝန်းကျင်မှာ အမြင် မှားရမယ်.....
မောင့်ချစ်သူ ကျမကတော့ဖောက်ပြန်မှုတွေနဲ့ချစ်သူကို နားလည်ပေးဖို့ နာကျင်ရမယ်.....
မောင် သာယာတဲ့ တဒင်္ဂ အပျော်ဆိုတာကကျမတို့ဘ၀မှာ ဆိုးရွားတဲ့ပုံရိပ်စစ် တစ်ခုဖြစ်စေနိုင်တယ်လေ....
မောင့်ကို လက်လွှတ်မပေးနိုင်တဲ့ ကျမလည်း စိတ်မချခြင်းတွေနဲ့ လည်ပင်းဖက်ပေါင်းရလို့
အကြိမ်ကြိမ် အခါခါ သံသယတွေနဲ့ ကြီးပြင်းရလိမ့်မယ်.....
သစ္စာမဲ့ခြင်းတွေနဲ့ကင်ပွန်းတပ်ထားလို့မောင်လည်း ပြီးပြည့်စုံတဲ့အချစ်တစ်ခုကိုဖန်တီးဖို့နောင်တတွေနဲ့ရင်းနှီးရလိမ့်မယ်.....
သူကလည်းအပျော်တမ်းကစားခြင်း တွေနဲ့ဆုံစည်းခဲ့လို့မောင့်အပေါ်အမုန်းမှတ်တမ်းတွေပဲ ရေးထိုးရလိမ့်မယ်....
ကဲ...မောင်ပြောတဲ့အပျော်ဆိုတာဘယ်သူတွေကများ ပျော်ခဲ့ရလို့လဲဘယ်လိုအရာတွေများအကျိုးရှိသွားစေလို့လဲမောင်ရယ်....
အဝေးမှာနေရင်း လွမ်းနေရမယ့်အဖြစ် ကျမလဲ ဘယ်နေချင်ပါ့မလဲ
ဖြစ်နိုင်ရင် ကျမလဲမောင့်အနားမှာနေလို့ အမြဲချစ်ချင်တာပေါ့ရှင်
အမြဲမတွေ့ ရလို့ ဖုန်းလေးဆက်ပြီး အလွမ်းဖြေနေရတဲ့ဘဝကျမလဲ ဘယ်ပျော်ပါ့မလဲမောင်
ဖြစ်နိုင်ရင် မောင်နဲ့ မျက်နှာချင်းဆိုင်ပြီးတစ်နေ့ တာဖြစ်ခဲ့သမျှ အတူဝေမျှချင်တာပေါ့ရှင်
နှစ်ပတ်လည်နေ့  Valentine နေ့ တွေမှာ တစ်ယောက်တည်း အထီးကျန်စွာ ဘယ်နေချင်ပါ့မလဲမောင်
ဖြစ်နိုင်ရင် မောင်နဲ့ လက်တွဲ နေရာအနှံ့ လျှောက်လည်ချင်တာပေါ့ရှင်
အခုတော့ အနေဝေးနေတဲ့ မောင်နဲ့ ကျမ အလွမ်းတွေနဲ့ ပဲ နီးရမယ့်ရက်
မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေရတာ များခဲ့ပါပေါ့ မောင်
ပစ်ထားတတ်တဲ့သူကိုမှစွဲလမ်းစွာချစ်မိတော့လည်းမျှော်နေတတ်တဲ့အကျင့်အရိုးစွဲလာတာမဆန်းကြယ်တော့ပါ...
လူတယောက်အပေါ်သစ္စာရှိဖို့ဆိုတာ အတော်စဉ်းစားရကြပ်တဲ့ အရာတခုဆိုရင်
ကျမကတော့ မောင်မရှိတော့တဲ့နောက် အဲဒီလူပြောများတဲ့သစ္စာတရားကို လက်ကိုင်ထားမိဆဲပါပဲ
ပန်းတပွင့်အနားလိပ်ပြာတွေလာဝဲတာမဆန်းပါဘူး ဒါပေမဲ့ အဲပန်းပွင့်က လာဝဲသမျှ
လိပ်ပြာတိုင်းကို ငြင်းဆန်မိတာ ဆန်းတယ် ဒါပေမဲ့ ကျမအတွက်တော့မဆန်းပါဘူးကျမသာပန်းတပွင့်ဆိုရင်လည်း မောင်ဆိုတဲ့လိပ်ပြာလေးကိုပဲအလိုရှိလို့ပါ
ကျမတို့တွေ ချစ်သူတွေမဟုတ်တော့ဘူးမောင်ကကျမကို မချစ်တော့ပါဘူးတဲ့
မင်းလဲငါ့ကိုမချစ်ပါနဲ့တော့တဲ့
သိပ်ရယ်ရတာပဲမောင်ရယ် မောင်မချစ်ရင် မချစ်နဲ့တော့ပေါ့
ကျမဘက်က အချစ်တွေ လာမတားနဲ့လေ
အချစ် ဆိုတဲ့အရာက ဖြတ်တောက်တားဆီးလို့ရရိုးဆို
ကျမ ဘ၀မှာ မောင်ဆိုတာ ရောက်လာစရာကို မရှိဘူးလေ
အချစ်ဆိုတာ ဖြတ်တောက်လို့မရလို့ မောင်တောင် ကျမချစ်သူဖြစ်လာသေးတာပဲ
ဘ၀ မ မေ့ နဲ့ပေါ့ မောင် ရယ်
. . .M$. . .
အချစ်ဆိုတာကိုမယုံကြည်တော့တဲ့နောက်သစ္စာဆိုတာရေပေါ်ဆီဖြစ်လာပြီးစည်းဆိုတာစောင့်စည်းမှုမရှိတတ်တော့ဖူး
ဒီလိုလူတွေများလာတဲ့လောကမှာအချစ်ကိုယုံကြည်တဲ့သူတွေကခါးသီးစွာခံစားကြရတယ်
သစ္စာရှိတဲ့သူတွေကနာကျင်စွာကျန်ရစ်ကြရတယ်စည်းစောင့်တဲ့သူတွေကမျက်ရည်ကိုအဖော်ပြုနေကြရတယ်
အမုန်းတိမ်တိုက်လေး
*****ဆု*****
မောင်ဖတ်ဖို့
Thursday, February 27, 2014
ကျမလဲလောကီသားပေမို့  (မျှော်လင့်မိတယ်)
လူတစ်ယောက်ကိုတကယ်ချစ်မိသွားရင် သူကိုချစ်ရတာဘယ်လောက်ပင်ပန်းနေပါစေ
ဘယ်လိုဘဲ အဆင်မပြေမှုတွေရှိနေပါစေ အကြောင်းပြချက်များစွာနဲ့ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး
အမြဲနီးရဖို့ ကြိုးစားနေလိမ့်မယ်
(သိုး)
ဘယ်လိုဘဲ အဆင်မပြေမှုတွေရှိနေပါစေ အကြောင်းပြချက်များစွာနဲ့ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး
အမြဲနီးရဖို့ ကြိုးစားနေလိမ့်မယ်
(သိုး)
ဘရက်ပစ်ပြောရင်ဖွင့်ခဲ့တဲ့ အချစ်လျှို့ ဝှက်ချက်
ကျနော့်ဇနီး (အန်ဂျလီနာဂျိုလီ) တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ သူ့ ဘယ်နေရာမှာမှ အဆင်မပြေခဲ့ ဘူးလေ။နေ့တိုင်း သူ ငိုတယ်။ အနုပညာမှာ အဆင်မပြေဘူး။ လူမှုရေး ဘဝမှာ အဆင်မပြေဘူး။ ကလေးတွေနဲ့လည်း အခက်အခဲတွေရှိတယ်။ အဘက်ဘက်က သိသိသာသာကို ရှုံးနိမ့်လာတယ်။
နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်ပြီး ဝိတ်သိသိသာသာကို ကျသွားတယ်။ အသက် ၃၅ နှစ်အရွယ်မှာ ပေါင် ၉၀ ပဲရှိတော့တယ်။ ပေါင် ၃၀ တောင် ကျသွားတာ။ သာမန်မိန်းကလေးတစ်ယောက်မှာ ရှိရမယ့် ဝိတ်ထက် သိသိသာသာကို ကျသွားတယ်။လုံးအားနည်းလာတယ်။ အအိပ်လည်းမမှန်ဘူး။ အစားလည်းမမှန်ဘူး။ ကျနော်တို့ အိပ်ကောင်းလို့ တစ်ေ ရးနိုးေ န ချိန်မှာ သူမ အိပ်မပျော်နိုင်သေးဘူး။ မနက်မိုးလင်းချိန်က သူ့အတွက် အိပ်ချိန် ဖြစ်ဖြစ်နေ တတ် တယ်။ဒီကြားထဲကျနော်နဲ့တောင် ပြဿဿသ နာဖြစ်လိုက်သေး တယ်။ အိမ်ထောင်ရေး ပြိုလဲတော့မယ့်အထိပေါ့။ နောက်တော့ ကျနော် သူ့ကို နားလည်လာတယ်။ သူအားနည်းနေ တာကို သိလိုက်တယ်။ သူဖျားတိုင်း ကျနော်ပြုစုတယ်။ ညတိုင်း သူ့ဘေးမှာ နေပြီး စကားေ တွပြောပေးတယ်။ ကျနော်အပြင်သွားတိုင်း ကျနော့ဇနီးကို ဘယ်လောက်ချစ်တဲ့အကြောင်း မိတ်ဆွေတွေ ကို ပြောဖြစ်တယ်။ သူ့အတွက် လက်ဆောင်လေးတွေ ဝယ်ပေးဖြစ်တယ်။
ကျနော်က ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထား တာလေ။ ကျနော့အတွက် ကတော့ သူ ဟာ အလှဆုံးဖြစ်တယ် ဆိုတာ သိအောင် ကျနော် ပြောတယ်။ သူ့ကို ကြင်နာ နွေးထွေး ယုယ မှု ပေးတယ်။ သူစိတ်ဆင်းရဲစေအောင် ကျနော်မလုပ်တော့ အကြောင်း ကတိအထပ်ထပ် ပေးမိတယ်။ သူေ ပျာ်အောင် ထားမိတယ်။ သူယုံအောင်လည်း ကြိုးစားတယ်။ ခုတော့ အားလုံး အခြေအနေကောင်း တစ်ခုကို ရောက်သွားပါပြီ။ ကျနော့် ဇနီး ဂျိုလီဟာ အရင်တုန်းက မင်းသမီး ဂျိုလီလိုပဲ လှပပြီး တက်တက်ကြွကြွ ရှိတာကို မြင်တွေ့ရမှာပါ။
ကျနော်တစ်ခု နားလည်သွားတယ်။ The woman is the reflection of herman တဲ့။ ကျနော်တို့ ယောင်္ကျားလေးတွေရဲ့ ပြုစု၊ ပြုမူဆက်ဆံမှုအတိုင်းအမျိုးသမီးများကအလိုအလျောက် ပြုပြင်ပြောင်း လဲသွား ပါ တယ်။ မုန်းစရာ လူတစ်ယောက်လို့ သဘောထားပြီး ဆက်ဆံနေရင် မိတ်ဆွေရဲ့  အမျိုးသမီး ဟာ မုန်းစရာ ရုပ်ရှည်နဲ့ ပုံစံကို သိသာပိုင်ဆိုင်နေမှာပါ။ အချစ်တွေနဲ့ လွမ်းမိုးထားတဲ့ ချစ်သူ ကတော့ ကမ္ဘာမှာ အလှဆုံးပဲပေါ့။"
The woman is the reflection of her man.
If you love her to the point of madness, she will become it. " -
-
Ref: AP
အောင်ခမ်း (ရိုးရာလေး)
Saturday, February 8, 2014
Saturday, February 1, 2014
အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ
တရားမ၀င် တခုလပ် နှစ်ယောက်ဟာ အခုတော့ တစ်ယောက် တစ်ကမ္ဘာ
ရွက်စုတ်ပြက္ခဒိန်က နေ့ရက်တွေလို တစ်ရွက်ချင်း စုတ်ဖြဲလို့ရရင် ကောင်းမယ်
သူမရှိဘဲ အသက်ရှုရတာကို သည်းမခံနိုင်ဘူး သိပ်ပြီး သည်းလွန်းတယ်လို့ မထင်လိုက်ပါနဲ့ဗျာ
မရွာခဲ့ရတာ ၃ နှစ် ၃ မိုး မစွေခဲ့ရတာ ၃ နှစ် ၃ မိုး
ခဏခဏပြောဖြစ်တဲ့ အဲ့ဒီနေ့ဟာ မရောက်ခင်ကတည်းက ကိုတို့သမိုင်းမှာ တွင်ပြီးသား
ကိုစားချင်တဲ့ အစားအသောက်တွေ ကိုဖူးချင်တဲ့ ဘုရားတွေ ကိုနေချင်တဲ့ ဘ၀လေးတွေ
ခုဆို မင်းလည်း အတွေးနဲ့တင် နေသားကျလောက်ရောပေါ့
အပြုံးတွေ စုထား အပျော်တွေ စုထား တလှပ်လှပ်တုန်တတ်တဲ့ မင်းရင်ခုန်သံတွေ စုထား
တလှိုက်လှိုက်ငိုတတ်တဲ့ မင်းမျက်ရည်တွေ စုထား လေယာဉ်နံပါတ်ပေးလိုက်မယ်
ဆိုက်ပြီဆိုတာနဲ့ ပြေးလိုက်လာခဲ့ မိုနာလီဇာလို ပြုံးပြီး ဒါဗင်ချီလို ပျော်ပါ
ရင်ခုန်သံနဲ့ မျက်ရည်တွေကို ငိုပါ ဘ၀ရဲ့ အပျော်ဆုံး ဒုတိယဟာ ဒီလောက်တော့ ခမ်းနားရမယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ သံယောဇဉ်ပင်လေး စိုက်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ ကိုတို့ ဘ၀လေး ချိတ်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ မျှော်လင့်ခြင်းတွေ မျှော်လင့်ထားမှတော့မျှော်ပြီးရင်း မျှော်နေရတာပေါ့
ဘာပဲဖြစ်ဖြစ်ပါ အမျှော်လင့်ကြီး မျှော်လင့်ထားတာမို့ မျှော်ကြည့်လိုက်တယ်
တရားမ၀င် တစ်ခုလပ် နှစ်ယောက်ဟာ အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ .....
ရင်ဆူး
27.1.2014
11:30 PM
Sunday, January 19, 2014
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ
သူကငါ့အတွက်ဘ၀တလျှောက် လျှောက်လှမ်းရမယ့်လမ်းမှာလက်တွဲဖေးမကူးသွားမယ်သူပါ
သူက ငါအတွက် အပြုံးတွေနဲ့အတူ ငါရဲ့ ၀မ်းနည်းမှုတွေကို နှစ်သိမ့်နိုင်မယ့်သူပါ
သူက ငါအတွက် တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ပေးဆောင်နိုင်မယ့်သူပါ
သူက ငါအတွက် အေးချမ်းတဲ့ရင်ခွင်တခုအဖြစ် နားခိုခွင့်ပေးနိုင်မယ့်သူပါ
နောက်ဆုံးမှ ငါသိလိုက်ရတာက ငါသိပ်ချစ်တဲ့သူက ငါဆိုတာ သူရဲ့ တခြားသောအရာတွေထက် နောက်မှ ရှိနေမှန်းဝမ်းနည်းစွာ သိလိုက်ရတဲ့အချိန်...............................Poem
ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှတကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။
အသက်ရှူ ရပ်သွားတာတောင်ဦးနှောက်အလုပ်လုပ်နေရင်သေပြီလို့ မဆိုနိုင်သေးဘူး..။
ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့မင်းသိပ်ပျော်နေလား ဟင်..။
စိတ်ချ…..နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။
ဒီလိုပဲ..တန်ဖိုးရှိတဲ့ မိန်းမဆိုတာစာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။
မင်းလူ…
သူက ငါအတွက် အပြုံးတွေနဲ့အတူ ငါရဲ့ ၀မ်းနည်းမှုတွေကို နှစ်သိမ့်နိုင်မယ့်သူပါ
သူက ငါအတွက် တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ပေးဆောင်နိုင်မယ့်သူပါ
သူက ငါအတွက် အေးချမ်းတဲ့ရင်ခွင်တခုအဖြစ် နားခိုခွင့်ပေးနိုင်မယ့်သူပါ
နောက်ဆုံးမှ ငါသိလိုက်ရတာက ငါသိပ်ချစ်တဲ့သူက ငါဆိုတာ သူရဲ့ တခြားသောအရာတွေထက် နောက်မှ ရှိနေမှန်းဝမ်းနည်းစွာ သိလိုက်ရတဲ့အချိန်...............................Poem
ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှတကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။
အသက်ရှူ ရပ်သွားတာတောင်ဦးနှောက်အလုပ်လုပ်နေရင်သေပြီလို့ မဆိုနိုင်သေးဘူး..။
ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့မင်းသိပ်ပျော်နေလား ဟင်..။
စိတ်ချ…..နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။
ဒီလိုပဲ..တန်ဖိုးရှိတဲ့ မိန်းမဆိုတာစာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။
မင်းလူ…
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
စိမ်ကားတဲ့ကြယ်တွေလဲနေရာအနှံ့ပြန့်ကာကြဲနေတယ်
ရုတ်တရက်တွေးမိလိုက်ပြီ အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ် နောက်ကျောမလုံတဲ့ အလွမ်းတချို့ သိမ်းထားဆဲ-----------------------။
Subscribe to:
Posts (Atom)



































ခင်ဆူရှီ စားသောက်ဆိုင်




.png)

