Sunday, March 9, 2014

မောင်ဖတ်ဖို့


မောင်ပြောတော့ သူက အပျော်ရည်းစားတဲ့လား....
ဟင့်အင်း မောင် ကျမ လက်ခံလို့မရဘူး......
အပျော်ချစ်ခံခဲ့ရတဲ့ သူက တကယ်ချစ်မိခဲ့ရင် မိန်းကလေးမို့ သူပဲ နစ်နာရမယ်....
အပျော်သဘောထားတဲ့မောင်ကရည်းစားများတယ်လို့ ပတ်ဝန်းကျင်မှာ အမြင် မှားရမယ်.....
မောင့်ချစ်သူ ကျမကတော့ဖောက်ပြန်မှုတွေနဲ့ချစ်သူကို နားလည်ပေးဖို့ နာကျင်ရမယ်.....
မောင် သာယာတဲ့ တဒင်္ဂ အပျော်ဆိုတာကကျမတို့ဘ၀မှာ ဆိုးရွားတဲ့ပုံရိပ်စစ် တစ်ခုဖြစ်စေနိုင်တယ်လေ....
မောင့်ကို လက်လွှတ်မပေးနိုင်တဲ့ ကျမလည်း စိတ်မချခြင်းတွေနဲ့ လည်ပင်းဖက်ပေါင်းရလို့
အကြိမ်ကြိမ် အခါခါ သံသယတွေနဲ့ ကြီးပြင်းရလိမ့်မယ်.....
သစ္စာမဲ့ခြင်းတွေနဲ့ကင်ပွန်းတပ်ထားလို့မောင်လည်း ပြီးပြည့်စုံတဲ့အချစ်တစ်ခုကိုဖန်တီးဖို့နောင်တတွေနဲ့ရင်းနှီးရလိမ့်မယ်.....
သူကလည်းအပျော်တမ်းကစားခြင်း တွေနဲ့ဆုံစည်းခဲ့လို့မောင့်အပေါ်အမုန်းမှတ်တမ်းတွေပဲ ရေးထိုးရလိမ့်မယ်....
ကဲ...မောင်ပြောတဲ့အပျော်ဆိုတာဘယ်သူတွေကများ ပျော်ခဲ့ရလို့လဲဘယ်လိုအရာတွေများအကျိုးရှိသွားစေလို့လဲမောင်ရယ်....


အဝေးမှာနေရင်း လွမ်းနေရမယ့်အဖြစ် ကျမလဲ ဘယ်နေချင်ပါ့မလဲ
ဖြစ်နိုင်ရင် ကျမလဲမောင့်အနားမှာနေလို့ အမြဲချစ်ချင်တာပေါ့ရှင်
အမြဲမတွေ့ ရလို့ ဖုန်းလေးဆက်ပြီး အလွမ်းဖြေနေရတဲ့ဘဝကျမလဲ ဘယ်ပျော်ပါ့မလဲမောင်
ဖြစ်နိုင်ရင် မောင်နဲ့ မျက်နှာချင်းဆိုင်ပြီးတစ်နေ့ တာဖြစ်ခဲ့သမျှ အတူဝေမျှချင်တာပေါ့ရှင်
နှစ်ပတ်လည်နေ့  Valentine နေ့ တွေမှာ တစ်ယောက်တည်း အထီးကျန်စွာ ဘယ်နေချင်ပါ့မလဲမောင်
ဖြစ်နိုင်ရင် မောင်နဲ့ လက်တွဲ နေရာအနှံ့ လျှောက်လည်ချင်တာပေါ့ရှင်
အခုတော့ အနေဝေးနေတဲ့ မောင်နဲ့ ကျမ အလွမ်းတွေနဲ့ ပဲ နီးရမယ့်ရက်
မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေရတာ များခဲ့ပါပေါ့ မောင်
ပစ်ထားတတ်တဲ့သူကိုမှစွဲလမ်းစွာချစ်မိတော့လည်းမျှော်နေတတ်တဲ့အကျင့်အရိုးစွဲလာတာမဆန်းကြယ်တော့ပါ... 

လူတယောက်အပေါ်သစ္စာရှိဖို့ဆိုတာ အတော်စဉ်းစားရကြပ်တဲ့ အရာတခုဆိုရင်
ကျမကတော့ မောင်မရှိတော့တဲ့နောက် အဲဒီလူပြောများတဲ့သစ္စာတရားကို လက်ကိုင်ထားမိဆဲပါပဲ
ပန်းတပွင့်အနားလိပ်ပြာတွေလာဝဲတာမဆန်းပါဘူး ဒါပေမဲ့ အဲပန်းပွင့်က လာဝဲသမျှ
လိပ်ပြာတိုင်းကို ငြင်းဆန်မိတာ ဆန်းတယ် ဒါပေမဲ့ ကျမအတွက်တော့မဆန်းပါဘူးကျမသာပန်းတပွင့်ဆိုရင်လည်း မောင်ဆိုတဲ့လိပ်ပြာလေးကိုပဲအလိုရှိလို့ပါ


ကျမတို့တွေ ချစ်သူတွေမဟုတ်တော့ဘူးမောင်ကကျမကို မချစ်တော့ပါဘူးတဲ့
မင်းလဲငါ့ကိုမချစ်ပါနဲ့တော့တဲ့
သိပ်ရယ်ရတာပဲမောင်ရယ်  မောင်မချစ်ရင် မချစ်နဲ့တော့ပေါ့
ကျမဘက်က အချစ်တွေ လာမတားနဲ့လေ
အချစ် ဆိုတဲ့အရာက ဖြတ်တောက်တားဆီးလို့ရရိုးဆို
ကျမ ဘ၀မှာ မောင်ဆိုတာ ရောက်လာစရာကို မရှိဘူးလေ
အချစ်ဆိုတာ ဖြတ်တောက်လို့မရလို့   မောင်တောင် ကျမချစ်သူဖြစ်လာသေးတာပဲ
ဘ၀ မ မေ့ နဲ့ပေါ့ မောင် ရယ်
. . .M$. . .

  
အချစ်ဆိုတာကိုမယုံကြည်တော့တဲ့နောက်သစ္စာဆိုတာရေပေါ်ဆီဖြစ်လာပြီးစည်းဆိုတာစောင့်စည်းမှုမရှိတတ်တော့ဖူး
ဒီလိုလူတွေများလာတဲ့လောကမှာအချစ်ကိုယုံကြည်တဲ့သူတွေကခါးသီးစွာခံစားကြရတယ်
သစ္စာရှိတဲ့သူတွေကနာကျင်စွာကျန်ရစ်ကြရတယ်စည်းစောင့်တဲ့သူတွေကမျက်ရည်ကိုအဖော်ပြုနေကြရတယ်

အမုန်းတိမ်တိုက်လေး

*****ဆု***** 
 မောင်ဖတ်ဖို့

Thursday, February 27, 2014

ကျမလဲလောကီသားပေမို့  (မျှော်လင့်မိတယ်)



လူတစ်ယောက်ကိုတကယ်ချစ်မိသွားရင် သူကိုချစ်ရတာဘယ်လောက်ပင်ပန်းနေပါစေ
ဘယ်လိုဘဲ အဆင်မပြေမှုတွေရှိနေပါစေ အကြောင်းပြချက်များစွာနဲ့ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး
အမြဲနီးရဖို့ ကြိုးစားနေလိမ့်မယ်
(သိုး)
 
ဘရက်ပစ်ပြောရင်ဖွင့်ခဲ့တဲ့ အချစ်လျှို့ ဝှက်ချက်

ကျနော့်ဇနီး (အန်ဂျလီနာဂျိုလီ) တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ သူ့ ဘယ်နေရာမှာမှ   အဆင်မပြေခဲ့ ဘူးလေ။နေ့တိုင်း သူ ငိုတယ်။ အနုပညာမှာ အဆင်မပြေဘူး။ လူမှုရေး ဘဝမှာ အဆင်မပြေဘူး။ ကလေးတွေနဲ့လည်း အခက်အခဲတွေရှိတယ်။ အဘက်ဘက်က သိသိသာသာကို ရှုံးနိမ့်လာတယ်။
နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်ပြီး ဝိတ်သိသိသာသာကို ကျသွားတယ်။   အသက် ၃၅ နှစ်အရွယ်မှာ ပေါင် ၉၀ ပဲရှိတော့တယ်။ ပေါင် ၃၀ တောင် ကျသွားတာ။ သာမန်မိန်းကလေးတစ်ယောက်မှာ ရှိရမယ့် ဝိတ်ထက် သိသိသာသာကို ကျသွားတယ်။လုံးအားနည်းလာတယ်။ အအိပ်လည်းမမှန်ဘူး။ အစားလည်းမမှန်ဘူး။ ကျနော်တို့     အိပ်ကောင်းလို့ တစ်ေ ရးနိုးေ န ချိန်မှာ သူမ အိပ်မပျော်နိုင်သေးဘူး။     မနက်မိုးလင်းချိန်က သူ့အတွက် အိပ်ချိန် ဖြစ်ဖြစ်နေ တတ် တယ်။ဒီကြားထဲကျနော်နဲ့တောင် ပြဿဿသ နာဖြစ်လိုက်သေး တယ်။ အိမ်ထောင်ရေး ပြိုလဲတော့မယ့်အထိပေါ့။  နောက်တော့ ကျနော် သူ့ကို နားလည်လာတယ်။ သူအားနည်းနေ တာကို သိလိုက်တယ်။ သူဖျားတိုင်း ကျနော်ပြုစုတယ်။   ညတိုင်း သူ့ဘေးမှာ နေပြီး စကားေ တွပြောပေးတယ်။ ကျနော်အပြင်သွားတိုင်း ကျနော့ဇနီးကို     ဘယ်လောက်ချစ်တဲ့အကြောင်း မိတ်ဆွေတွေ ကို ပြောဖြစ်တယ်။ သူ့အတွက် လက်ဆောင်လေးတွေ ဝယ်ပေးဖြစ်တယ်။

ကျနော်က ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး      တစ်ယောက်ကို ပိုင်ဆိုင်ထား တာလေ။ ကျနော့အတွက် ကတော့ သူ ဟာ အလှဆုံးဖြစ်တယ် ဆိုတာ သိအောင် ကျနော် ပြောတယ်။ သူ့ကို ကြင်နာ နွေးထွေး ယုယ မှု ပေးတယ်။ သူစိတ်ဆင်းရဲစေအောင် ကျနော်မလုပ်တော့ အကြောင်း ကတိအထပ်ထပ် ပေးမိတယ်။  သူေ ပျာ်အောင် ထားမိတယ်။ သူယုံအောင်လည်း ကြိုးစားတယ်။ ခုတော့ အားလုံး အခြေအနေကောင်း       တစ်ခုကို ရောက်သွားပါပြီ။ ကျနော့် ဇနီး ဂျိုလီဟာ အရင်တုန်းက မင်းသမီး  ဂျိုလီလိုပဲ လှပပြီး တက်တက်ကြွကြွ ရှိတာကို မြင်တွေ့ရမှာပါ။

ကျနော်တစ်ခု နားလည်သွားတယ်။ The woman is the reflection of herman    တဲ့။ ကျနော်တို့  ယောင်္ကျားလေးတွေရဲ့ ပြုစု၊ ပြုမူဆက်ဆံမှုအတိုင်းအမျိုးသမီးများကအလိုအလျောက်  ပြုပြင်ပြောင်း လဲသွား ပါ တယ်။ မုန်းစရာ လူတစ်ယောက်လို့      သဘောထားပြီး  ဆက်ဆံနေရင် မိတ်ဆွေရဲ့  အမျိုးသမီး ဟာ မုန်းစရာ ရုပ်ရှည်နဲ့ ပုံစံကို သိသာပိုင်ဆိုင်နေမှာပါ။        အချစ်တွေနဲ့ လွမ်းမိုးထားတဲ့ ချစ်သူ ကတော့ ကမ္ဘာမှာ အလှဆုံးပဲပေါ့။"

The woman is the reflection of her man.

If you love her to the point of madness, she will become it. " -


-

Ref: AP

အောင်ခမ်း (ရိုးရာလေး)

Saturday, February 8, 2014

သူများအလှူ

ဓါတ်ပုံက ရက်စွဲမှားနေတာနော်


Saturday, February 1, 2014

အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ

အဲ့ဒီနေ့
တရားမ၀င် တခုလပ် နှစ်ယောက်ဟာ  အခုတော့ တစ်ယောက် တစ်ကမ္ဘာ
ရွက်စုတ်ပြက္ခဒိန်က နေ့ရက်တွေလို တစ်ရွက်ချင်း စုတ်ဖြဲလို့ရရင် ကောင်းမယ်
သူမရှိဘဲ အသက်ရှုရတာကို သည်းမခံနိုင်ဘူး  သိပ်ပြီး  သည်းလွန်းတယ်လို့ မထင်လိုက်ပါနဲ့ဗျာ
မရွာခဲ့ရတာ ၃ နှစ် ၃ မိုး    မစွေခဲ့ရတာ ၃ နှစ် ၃ မိုး
ခဏခဏပြောဖြစ်တဲ့ အဲ့ဒီနေ့ဟာ  မရောက်ခင်ကတည်းက ကိုတို့သမိုင်းမှာ တွင်ပြီးသား
ကိုစားချင်တဲ့ အစားအသောက်တွေ ကိုဖူးချင်တဲ့ ဘုရားတွေ ကိုနေချင်တဲ့ ဘ၀လေးတွေ
ခုဆို မင်းလည်း အတွေးနဲ့တင် နေသားကျလောက်ရောပေါ့
အပြုံးတွေ စုထား  အပျော်တွေ စုထား  တလှပ်လှပ်တုန်တတ်တဲ့ မင်းရင်ခုန်သံတွေ စုထား
တလှိုက်လှိုက်ငိုတတ်တဲ့ မင်းမျက်ရည်တွေ စုထား      လေယာဉ်နံပါတ်ပေးလိုက်မယ်  

ဆိုက်ပြီဆိုတာနဲ့ ပြေးလိုက်လာခဲ့  မိုနာလီဇာလို ပြုံးပြီး ဒါဗင်ချီလို ပျော်ပါ
ရင်ခုန်သံနဲ့ မျက်ရည်တွေကို ငိုပါ  ဘ၀ရဲ့ အပျော်ဆုံး  ဒုတိယဟာ ဒီလောက်တော့ ခမ်းနားရမယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ သံယောဇဉ်ပင်လေး စိုက်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ  ကိုတို့ ဘ၀လေး ချိတ်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ  မျှော်လင့်ခြင်းတွေ မျှော်လင့်ထားမှတော့မျှော်ပြီးရင်း မျှော်နေရတာပေါ့
ဘာပဲဖြစ်ဖြစ်ပါ  အမျှော်လင့်ကြီး မျှော်လင့်ထားတာမို့ မျှော်ကြည့်လိုက်တယ်
တရားမ၀င် တစ်ခုလပ် နှစ်ယောက်ဟာ  အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ .....

ရင်ဆူး
27.1.2014
11:30 PM

Sunday, January 19, 2014

ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ

သူကငါ့အတွက်ဘ၀တလျှောက် လျှောက်လှမ်းရမယ့်လမ်းမှာလက်တွဲဖေးမကူးသွားမယ်သူပါ
သူက ငါအတွက် အပြုံးတွေနဲ့အတူ ငါရဲ့ ၀မ်းနည်းမှုတွေကို နှစ်သိမ့်နိုင်မယ့်သူပါ
သူက ငါအတွက် တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ပေးဆောင်နိုင်မယ့်သူပါ
သူက ငါအတွက် အေးချမ်းတဲ့ရင်ခွင်တခုအဖြစ် နားခိုခွင့်ပေးနိုင်မယ့်သူပါ
နောက်ဆုံးမှ ငါသိလိုက်ရတာက ငါသိပ်ချစ်တဲ့သူက ငါဆိုတာ သူရဲ့ တခြားသောအရာတွေထက် နောက်မှ ရှိနေမှန်းဝမ်းနည်းစွာ သိလိုက်ရတဲ့အချိန်...............................Poem

 
ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး..။
ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှတကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။
ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။
အသက်ရှူ ရပ်သွားတာတောင်ဦးနှောက်အလုပ်လုပ်နေရင်သေပြီလို့ မဆိုနိုင်သေးဘူး..။
ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့မင်းသိပ်ပျော်နေလား ဟင်..။
စိတ်ချ…..နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။
ဒီလိုပဲ..တန်ဖိုးရှိတဲ့ မိန်းမဆိုတာစာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ   ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။

မင်းလူ…



သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ  ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
စိမ်ကားတဲ့ကြယ်တွေလဲနေရာအနှံ့ပြန့်ကာကြဲနေတယ်
ရုတ်တရက်တွေးမိလိုက်ပြီ အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ် နောက်ကျောမလုံတဲ့ အလွမ်းတချို့ သိမ်းထားဆဲ-----------------------။
jasmine

သံယောဇဉ် အမျှင်သေးသေး အမြင်ဆွေးလည်း ရုန်းထွက်မရနိုင်ပါ တကား။                      
မင်းလူ

Friday, December 27, 2013

florida သို့ အလည်တခေါက်

Harry potter ကိုအားကျလို့ သူတတ်ခဲ့တဲ့ Hogwarts ကျောင်းမှာ မှော်ပညာသွားသင်ဖို့  အသွားမှာပေါ့ဗျာ...။ဟီး။။။
 ကျနော်နဲ့  Mickey Mouse
 ပဌမဆုံးဆီးဖူးတဲ့ မီးပုန်းပျံပေါ်မှာ အားမနာရှာမကျိုး ဘေးလူကို အကူညီတောင်းပြီးရိုက်ထားရတဲ့ ပုံလေး...ဟ.ဟဟ
 ဘယ်သူလဲတော့မသိဘူး သူများတွေ ကျောက်ရုပ်မြင်တိုင်းရိုက်တာကို အားကျပြီး လိုက်ရိုက်မိတာ...
 ကျနော်သောက်ခဲ့တဲ့ လဖက်ရည်ဆိုင် အမိုးပေါ်မှာ....

https://www.facebook.com/sukhumvit.phra မှကူးယူပါသည်

Sunday, November 17, 2013

ကုသိုလ်


ကိုယ်မနေ့ က ဆေးရုံမှာ အရေးတကြီး သွေးလိုတယ်ကြေငြာလို့  သွေးသွားလှုဖြစ်တယ် ဒီနေ့  တန်ဆောင်မုန်းလပြည့်နေ့ မှာ ဥပုသ်စောင့်ဖြစ်တယ် မနက်ငါးနာရီထိုးရင် သင်္ကန်းတစုံကို  ပံ့သကူ လှုဘို့ လုပ်ထားတယ် ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအားလုံးကို  ကိုယ့်အမျိုးသားကိုဇင် ထပ်တူထပ်မျှ ရပြီး အစစအရာရာ အဆင်ပြေပါစေ ထိုမှန်သောသစ္စာစကားကြောင့် ကျမသည် ကျမအမျိုးသားအတွက် ကျမခံစားခဲ့ရသောခံစားချက်များ ဝဋ်ဒုက္ခများ  ဘေးရန်များ ပြန်လည် ခံရသောအချိန်တွင် ကာကွယ်ပေးနိုင်သော ကိုယ်ဖြစ်ရပါလို၏။ 


Wednesday, November 13, 2013

***လူမသေသရွှေ့ အချစ်လဲမသေနိုင်ပါ***


မင်းမရှိရင် ရှင်သန်ခြင်းမရှိတဲ့ ဘ၀တွေအတွက် မင်းနင်းမယ်ဆိုလဲ

ငါ့အသဲ လမ်းခင်းပေးဖို့ ၀န်မလေးပါဘူး မင်းပြောခဲ့ဖူးတဲ့ စကား ။

တကယ်ပြောတာပါ အရမ်းကြီးမဟုတ်ခဲ့တဲ့ အချစ်ဖျော့တော့တော့လေးကို  
 ခေါင်းမော့ပြီးလက်ခံခဲ့တာလေ  ငါလက်ခံခဲ့တဲ့ အပိုင်း ။

မျက်ရည်တွေ အချိန်ပြည့် စိုထိုင်းခဲ့ကောင်းကင်တစ်ခွင် ညိုမှိုင်းနေတဲ့ ရာသီ

ပတ်ဝန်းကျင် အားလုံး စုတ်ပြတ်သတ်သွားအောင်ရွာတဲ့ ဂျူလိုင်မိုး

အတိုးရော အရင်းပါပေါင်းပြီးသောင်းကြမ်းနေလေရဲ့ ။

နောင် အနာဂါတ်မှာတစ်သက်လုံး မက်ခွင့်မရှိတဲ့အိမ်မက်

မျော်လင့်မရတဲ့ အဆုံးမုန်းဖို့လဲ မလွယ်အသဲထဲက တွယ်တာမှုတွေ

အားလုံးပေါင်းလိုက်တော့ဘ၀မှာ အလွမ်းတွေစကြာဝဠာကြီးထဲ နေရာအနှံ့ ။

ဂန္တ၀င်မမြောက်တဲ့ ဒီချစ်ခြင်းတွေမှာ ရိုးသားမှုတော့ ရှိခဲ့ပါတယ်....

ကြိုးစားမှု တွေလဲ များခဲ့ပေမယ် ကံတရားက ဘက်လိုက်မူဝါဒ ကျင့်သုံးတော့

ဝဋ် ကိုသာ အပြစ်တွေပုံချရောက်ရာ အခန်းက ကပြခဲ့ ရတာပေါ့ ။

မင်းနှလုံးသား ကျဉ်းကျဉ်းလေးထဲက ငါ့ရဲ့ သံယောဇဉ်တွေဆောင့်ကြီး အောင့်ကြီး ပြန်ထွက်ပြေး

အရေးနိမ့်ခဲ့ရ အငြိုးအတေးက ဘာမှ မရှိ ။

လမ်းလျှောက်ရင်း တဖြေးဖြေးခြေလှမ်းတွေကျဲ အမဲရောင်ဖြစ်သွားတဲ့

အကြင်နာတရား ငါဘ၀အတွက်မှားများသွားပြီလား

စဉ်းစားရင်း နေပါဦးလို့တားမယ့်သူမရှိခါးသီးရတဲ့အချစ်တွေအတွက်စည်းလဲမထားတော့ဘူး  
 နောက်တစ်ခါဆိုရင်တော့ အမှာစာ မပို့ပါနဲ့.....ချစ်ခွင့်ရှိသမျှ ဆက်ချစ်မှာပါ ။
 
jasmine

Thursday, November 7, 2013

ကထိန်သင်္ကန်း ကပ်လိုက်တယ် ကိုဇင်




Saturday, August 3, 2013

ကိုဇင်နှင့်သူ၏သူငယ်ချင်းများ



ကိုဇင်အားနှိုင်းယှဉ်ကြည့်မိခြင်း

ချစ် ဇနီးသို
ငါ့  ရဲနှလုံးသား ခါးပိုက်ထောင်ထဲ ကအချစ်တွေကို ပုံအောပြီးအချစ်အတွက်လောင်းကြေးထပ်ခဲ့............
အဲ့ဒိအချိန်မှာပေါ့ သူ့ မျက်လုံးတွေကမ္ဘာကြီးတခြမ်းကိုပိုင်စိုးထားသလိုလို..........
တနေ့ တစုံတရာကြောင့်စိတ်နာနာနဲ့ နှမ်းတလုံးနီးပါး လျှော့ ချစ်ဖို့ ကြိုးစားမိတယ်..........
သူမမျက်ဝန်းထဲကကမ္ဘာရွာကြီးမှာမုန်တိုင်းတွေမိလို့ တိတ်..တိတ်..လို့ လူပျိုကြီး ပြီပြီနှစ်ခါတိတိ ချော့မိပြန်တယ်..
အဲ့ဒိတိတ်တိတ်နှစ်လုံးကြောင့်ပဲသူ့ ရဲ့ မျက်ဝန်းတွေကအတိုးချပြီးကမ္ဘာကြီးတလုံးလုံးကိုပိုင်စိုးသွားပြန်ပါရော......
ခတ်တယ်ချစ်သူ .........ငါလျှော့ချစ်ဖို့ ကြိုးစားမိတာဒါကြောင့်မှန်းမင်းမသိသေးပဲကိုး
ဒီလိုနဲ့ ဓါးသွားအလားမင်းနှုတ်ခမ်းပါးတွေကိုကြောက်လိုက် ချစ်လိုက် နေလာခဲ့တာ.......
ကိန္နရီ ကိန္နရာရဲ့ ခုနစ်ရက်မကတော့ပါဘူး.......ချစ်သူ

ကို ကို ဇင် မင်းနဲ့ ငါ အသားမဲရုပ်ဆိုး အသက်ကြီးငွေရှား လူ့ ပါမွှားလေးတွေကို ဘယ်သူကမှလဲ ကြိုက်လာမှာမဟုတ်သလို ဘယ်သူကိုမှလည်းဒို့ ကချစ်မိ ကြိုက်မိမှာ မဟုတ်ကြောင်းအပြန်အလှန်ယုံကြည်စေလိုသောဆန္ဒဖြင့်.....
ကိုဇင်*နန်းရှင်
by ကို ကို ဇင် on Tuesday, January 25, 2011 at 9:06pm


တီအာဝိုင်ဆိုတဲ့ ကျွန်တော့်ရဲ့အသက်ကိုတော့ မပြောချင်တော့ပါဘူး။ ဒါပေမဲ့ အသက် ဆယ့်ခြောက်ဆယ့်ခွန်ချာတိတ်တွေထက်တော့ ဆယ့်ငါးနှစ်လောက် ကြီးမယ်ထင်တာပေါ့ဗျာ။ အဲ့ဒိအသက်အရွယ်မှာ ရည်းဆားတစ်ယောက်ထားမိသွားတယ်။ အွန်ုလိုင်းမှာပါ။ သူနဲ့  ကျွန်တော့်နေရာ ကလဲ မိုင်းပေါင်း ထောင်ချီပြီးဝေးတယ်။ငါရည်းဆားထားဘူးပြီပဲလို့  တွေးပြီးတော့ စိတ်ထဲကကလိကလိနဲ့  ရယ်ချင်သလိုလို ဖြစ်မိတယ်။ကျွန်တော်က သူ့ ကိုပြောတယ်။ အသဲအသန်ကို ချစ်ပါတယ်လို့ ။ သူကလဲ ပြန်ပြောတယ်။ အသဲသန်ကြီး မချစ်ပါနဲ့ တဲ့။ပုံမှန်လေးပဲ မသေမချင်းချစ်ပေးပါတဲ့။
ကျွန်တော်ကလည်း ပထမဆုံးရည်းဆားလေးဆိုတော့ ....ဟုတ်ကဲ့ပါ ...မသေမချင်းကို ချစ်ပါ့မယ် လို့ ပြန်ပြောတယ်။အဲ့ဒိအချိန်မှာ သူကလဲ ဘာပြောလိုက်လဲ မသိဘူး။ တစ်ခု ခုတော့ပြောလိုက်တယ်။ ပြီးတော့ သူပြောတာကို နားမထောင်ပဲ စကားတွေ အရမ်းပြောနေ လို့ စိတ်ဆိုးသွားပြီ ဟီးဟီးတဲ့။ကျွန်တော်လဲ ဘာပြောရမှန်း မသိတော့ စိတ်ဆိုးသွားရင် ဘယ်လို  ချော့ရမလဲ ပြောလေလို့ ပြောလိုက်တယ်။သူက ချော့တတ် သလို ချော့ကြည့်ပေါ့ ဟားဟားဟား တဲ့။
သူ စိတ်ချမ်းသာအောင် ကျွန်တော်ချော့တတ်သလို ချော့လိုက်ပါတယ်။ တိတ်တိတ် မရယ်နဲ့ တော့် နော်.........လို့ ။
TRY
6/30/2013
03:42 AM
 http://www.tryistry.com/2013/06/my-own-stories-2.html#more