Friday, July 12, 2013
မယ်လ စခန်းတွင်း
ကရင်လက်ထပ်စာချုပ်
ခေါ်စာ
လက်ခံစာ
မဲဆောက် မယ်တောင်ဘုန်းကြီးကျောင်းနားက ဘုရင့်ပန်းခြံတွင်း
ကိုဇင် (ကျမအမျိုးသား၏လှုပ်ရှားမှုပုံရိပ်များ)
 www.myshmm.com နန်း ရှင်   https://www.facebook.com/min.nyo.16 facebook account ပါ
 https://www.facebook.com/photo.php?fbid=201215830037520&set=a.104777183014719.12023.100004473130304&; ဒါက နန်းရှင် facebook account
 https://www.facebook.com/profile.php?id=100004045987931 Nan Shin ဆိုတဲ့ facebook account နောက်တခုပါ
Ko Ko's profile photo
kokonanshin81@gmail.com
Bago Thar's profile photo
bagothar81@gmail.com နောက်အကောင့်တခုပါ
ko nanshin's profile photo
firstlady095@gmail.com ဒါကနောက်တခု ရှိပါသေးတယ်
koko chit's profile photo
kokochit1918@gmail.com  www.tatkhit.com လုပ်ထားတာပါ
kokozin2007
@gmail.com
http://www.tryistry.com/ 
 tryistry@gmail.com 
Saturday, June 8, 2013
တိုင်တည်ရာ နေရာကဗျာ
ဘ၀တစ်ခုကို  စာနာဖေးကူပါ့မယ်ဆိုတဲ့စကားလေးနဲ့
ဘ၀တစ်ခုကို စိတ်တိုင်းကျ နှင်းချေခဲ့လေ သတဲ့လား။
ဘ၀တစ်ခုလုံး ကြွေခါမှ အခြားတစ်ပါးဆီ ဦးတည်ထွက်ခွာ သွားသူ
သင်ဟာ ဘီလူးခေါင်းဆောင်းသောမင်းသား အယောင်အဆောင်သာဖြစ်တယ်။
ဘ၀တစ်ခုလုံးတွဲလက်တွေ ခိုင်မြဲပါ့မယ်ဆိုတဲ့စကားလေးနဲ့
အရှက် သိက္ခာတွေကိုစိတ်တိုင်းကျ အရောင်ဆိုးခဲ့ လေ သတဲ့လား။
အရှက်တရားတွေချနှင်းလို့ ကျေနပ်ခါမှ အခြားတစ်ပါးအတွက် သူရဲကောင်းဖြစ်လိုသူဟာ
အပြင်ပန်းလှ၍အတွင်းပုပ်သည့် ထုံးဖြူသုတ်သော အုတ်ရိုးဖြစ်တယ်။
ဖောက်ပြန်တတ်သူတို့ရဲ့သွားရာလမ်းဟာဘယ်သောခါမှ မအေးချမ်းလေဘူး သတဲ့လား။
သစ္စာတရားတွေ ခိုင်မြဲအောင် တင်းတင်းကျစ်ခဲ့ပီးခါမှ မခိုင်လုံတဲ့ ဆင်ခြေအမျိုမျိုးတွေနဲ့
ကိုယ်လွတ်ရုန်းတတ်သူရဲ့သစ္စာတရားဟာ အဆင်းသာရှိ၍အချင်းမရှိသော ပေါက်ပန်းကဲ့သို့ဖြစ်တယ်။
လွမ်းဆွတ်ပြရုံချစ်ပြရုံနဲ့ပစ္စုန်ပန်ကအမိုက်မှောင်ကိုဖုံးကွယ်လို့ရနိုင် လေသတဲ့လား။
ဇာတ်လမ်းသစ်ကိုစဖို့ခိုင်မာတဲ့ ကြိုးတစ်ချောင်းကို ဓားတုံးတုံးနဲ့ဖြတ်သလိုမျိုး
သံယောဇဉ်ဆိုတာကို မရမက ဖြစ်တောက်သွားပီးခါမှ တစ်ပါးသူရှေ့မှာ အကြင်နာ ယိုစီးနေသူဟာ
လူစကားပြောသော တိရစ္ဆန်သာ ဖြစ်တယ်။
ဂါထာတစ်ပုဒ်ကိုရွတ်ဆိုသကဲ့သို့မိမိကိုယ်ကို ယောကျာင်္းကောင်းဖြစ်သည်ဟုရွတ်ဆိုရင်း
ချစ်လှပါသည်ဆိုသောမိန်းမသားတစ်ဦးအပေါ်ရှိသမျှအပြစ်များကိုအံ့ မခန်းပုံချကာ
နောက်ကျောဓားထိုးတတ်သူဟာ ကြာကြာဝါးမှ ခါးမှန်းသိသောတမာခါးခါး သာဖြစ်တယ်။
မက်မောစရာ ပညာ၊ဂုဏ်မရှိပေမယ့်သနားစရာ သူ့အပြောတွေကြားမှာမျက်ကန်းတစ္ဆေမကြောက်သလိုပဲ
ဘ၀အမောတွေကိုစာနာ နားလည်းပေးရင်းဘ၀တစ်ခု လူမသိ သူမသိကျိုးပေါက်ခဲ့ တယ်။
ရိုးသားခြင်းကို ကျိုးပေါက်ဖို့ဘယ်သူ့အပေါ်မှ မချိုးဖောက်ခဲ့ရပါဘူး သတဲ့လား.။
သင်ချိုးဖျက်မှု့ကြောင့် ကျိုးပျက်ရသူအတွက် တိုင်တည်ရာ နေရာ
ကဗျာ ဖြစ်တယ်။
မုန်းလို့ပဲပစ်ပစ်မချစ်လို့ပဲပြေးပြေးအဝေးကြီးပဲရောက်ရောက်ပျောက်ရှမျက်ကွယ်ပုန်းရှောင်ဖယ်လဲ 
ရင်ဝယ်သစ္စာ တွယ်မေတ္တာဖြင့် ချစ်ဟာချစ်မြဲချစ်နေမယ်။
Friday, May 10, 2013
မွန်မြတ်သောအလှုနှင့်တိုင်တည်ခြင်း
2009ခုနှစ် ဇွန်လ မဲဆောက်မြို့ အဖွဲ့ အစည်းတခုမှ သွေးလိုနေလို့ သွေးလှုမည့်သူ များရှိပါသလား လိုအပ်နေလို့ ပါ ဟုအဖွဲ့ အစည်းတခုမှ တခုသို့ ချိတ်ဆက်၍ သွေးလှုရှင်ရှာနေသောအချိန်တွင် ကျမသည်လည်း ခင်ပွန်းဖြစ်သူနှင့်အတူ ရုံးခန်းတခုတွင်ရှိနေသောအချိန်ဖြစ်ပါသည်။ ထိုသို့ နှင့် ကျမရယ် ကျမအမျိုးသားရယ် ပြီးတော့ နောက်ထပ် လေးယောက်နှင့်အတူ မဲဆောက်ဆေးရုံကြီး သို့  သွေးလှုရန်အတွက် ချီတက်ခဲ့ကြပါသည်။ ကျမကတော့ အဖေါ်လိုက်ပါ လာခြင်းပါ။ တက်ကြွစွာ လျှောက်လှမ်းလာသောခြေလှမ်းတိုင်းတွင် အလှုတခု အတွက်ေ ကျနပ်ခြင်းတွေနှင့်ပါ။ သို့ နှင့်ဆေးရုံရောက်သောအခါ လူနာရှင်က လာစောင့်နေပြီး သွေး လေး ပုလင်း လိုကြောင်း သွေးလှု မည့်သူ များအား သွေးစစ် ရန်စောင့်နေကြကြောင်းတို့ ကို သိရှိ လိုက် ရပါ သည်။ သွေးလှု မည့် လေးယောက် ကိုသွေး စစ်သော အခါ တယောက်က ငှက်ဖျားဖြစ်ထား သည်မှာ တနှစ်မပြည့်သေးလို့ လှုလို့ မရပါတဲ့။ နောက်တယောက်က သွေးတိုးနေလို့ လှုလို့ မရပါတဲ့။ နှစ်ယောက် ကတော့အစဉ်ပြေသွားပါပြီ ။ သို့ သော် သွေးလို သည်က  လေးပုလင်းမို့  ကျမတို့ ဇနီးမောင်နှံသွေးစစ် ကြည့်ကြပါသည်။ လှုလို့ ရလျှင်လှုပါမည်။ ကံကောင်းထောက်မစွာနှင့် နှစ်ယောက်စလုံး လှုလို့ ရပါပြီ။ ကျမတခါမှသွေးမလှုခဲ့ဘူးပါ။ ကျမထိုအလှုအတွက် အလွန်တရာပျော်သည့်အပြင် ကျမတို့ ဇနီးမောင်နှံ မွန်မြတ်သောအလှုတခုကို အတူတကွ လှုဒါန်းရခြင်းကြောင့်လည်း ပို၍ ကျေနပ်ပိတိဖြစ်ခဲ့ ရပါသည်။ သွေးလှုသောအခါတွင်လည်း တယောက်လက်ကိုတယောက်ကိုင်၍ ကျေနပ်ခြင်းအပြည့် ကြည်နူးခြင်းအပြည့်တို့ ဖြင့်လှုဒါန်းခဲ့ကြပါသည်။ ကျမအတွက်တော့အလွန်တရာကို မွန်မြတ်သော အလှုအပြင် တသက်စာမေ့မရသော ပထမဦးဆုံးအကြိမ် မိမိကိုယ်မှဖြစ်တည်လာသော သွေးကို လှုဒါန်းခြင်းပါ။
ကမ့်ထဲမှာရှိသော ဆေးရုံကသွေးလှုလိုသူများလာရောက်လူဒါန်းနိုင်ကြောင်း အုန်းဖြန် ဆေးရုံကြီးမှ  လာရောက် အလှုခံကြောင်း ကို လော်စပီကာနှင့်အော်ပါသည်။ ကျမ၏ ဒုတိယအကြိမ်မြောက်လှုဒါန်းခြင်းပါ။ နောက်တခါ ကတော့ အရေးပေါ်သွေး လိုအပ်နေ ပါသောကြောင့် လာရောက်လှုဒါန်းကြပါရန်အော်ပြန်ပါသည်။ ကျမ အပြေးအလွှား ပင်သွားရောက်ခဲ့ပါသည်။ လူနာက ငှက်ဖျားတက်နေခြင်းကြောင့်သွေးလို အပ်နေ ပါသည်။ ချက်ခြင်းထုတ် ချက်ခြင်းသွင်းမည်ဖြစ်သောကြောင့် လှုရန်လာသောလူ များကို သွေးစစ်ခြင်း ငှက်ဖျားပိုးစစ်ခြင်း အိပ်ခ်ျအိုင်ဗွီ ပိုးစစ်ဆေးခြင်းတို့ ကို ပြုလုပ်ပါသည်။ ကျမတို့ ကိုလဲမေးပါသေးသည်။ သွေးလှုခြင်းသည် ဘာကိုမျှော်လင့်ပြီးလှုဒါန်းပါသလဲတဲ့ ။ ကျမက လူနာအား ပြန်လည်အင်အားပြည့် ၍ကောင်းမွန်စေရန် သာရည်ရွယ်ပါသည်လို့ ။ လူနာအားသိလို့ လှုခြင်းလားတဲ့။ မသိပါ။ ထိုသို့ အဆင့်ဆင့်စစ်ဆေးပြီး အဖြေများရရှိရန်ကို လေးနာရီလောက်ဆေးရုံမှာ ထိုင်စောင့်နေရပါသည်။ ကျမသွေးလှုခွင့်ရရှိခဲ့ပြန်ပါသည်။ ကျမ သွေးလှုနေစဉ်တွင်ပင် ပိတိတမျိုးခံစားရပါသည်။ ဒိအကြိမ်လှုဒါန်းခြင်းသည် လူနာအား တိုက်ရိုက်သွင်းပေးမည်ဖြစ်သောကြောင့် ပါ။ ထိုသို့ နှင့် သွေးအိတ်ပြည့်သွားပြီး ကျမ ခဏနား နေခိုင်းပါသည်။ ကျမ ရဲ့ သွေးကို တော့ လူနာအားသွင်းပေးနေပါပြီ။ ကျမလှုဒါန်းထားသော  သွေး လူနာ၏ ခန္ဒာကိုယ်ထဲသို့  တစက်စီ ဝင်နေခြင်းကို ကြည့်ပြီး ကျမခံစားခဲ့ရတဲ့ ပိတိက ဘယ်လိုမှကို ပြန်မပြောပြတတ်အောင်ပါ။ လူနာကိုလဲ မေးကြည့် မိပါသည်။ နေကောင်းလား လို့ ဆိုတော့ သွေးသွင်းလိုက်တော့ နေကောင်း လာပါသည်တဲ့။ ကျမရဲ့ မမေ့နိုင်စရာ မွန်မြတ်သောအလှု သုံးကြိမ်မြောက်ပါ။ စတုတ္ထအကြိမ် ကတော့ ဒုတိယ အကြိမ်ကကဲ့သို့ ပင် အုန်းဖြန်ဆေးရုံမှ လာရောက်အလှုခံခြင်းအား လှုဒါန်းခဲ့ပါသည်။ ကျမ၏ လေးကြိမ်မြောက် မွန်မြတ်သောအလှုဒါနကို ကျမနဲ့ ထပ်တူ ကုသိုလ်ယူနိုင်ကြပါစေရန်နှင့် ကျမ၏ အလှုအား ပြန်လည်အောက်မေ့ သတိရရန်ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်စွာဖြင့်.............
ထိုမှန်သောသစ္စာစကားကြောင့်ကျမနှင့်ဝေးနေသောကျမအမျိုးသားအမြန်ပြန်လည်နီးစပ်နိုင်ပါစေ
Saturday, April 27, 2013
ကျမနဲ့ ထပ်တူပျော်ပါစေ
ကျမဒီနေ့ အရမ်းပျော်နေတယ် သိလား ကျမရဲ့ ခံစားနေရတဲ့ ဝေဒနာတွေရော စိတ်ညစ်ညူးနေတာတွေရောအားလုံးကို ရေဆေးချလိုက်သလိုကို အကုန်ပြောက်သွားအောင်ကို စွမ်းဆောင်နိုင်တာပါ ရှင်လိင်ပြန် ထောင်ထွက် တွေထက်တောင်ပျော်ပါသေးတယ် ကျမတသက်မှာ အပျော်ဆုံးနေ့ တနေ့ လို့ တောင်မှတ်တမ်းတင်လို့ ရသွားပါပြီ ကျမရဲ့ သစ္စာတရားရယ် ကျမကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဲ့ အကျိုးကျေးဇူးတွေရယ်ကြောင့်ပါ ဘာဖြစ်လို့ လဲဆိုတော့ ကျမသူ့ ကို မေတ္တာပို့ တယ် ကျမမျက်စိထဲမှာသူ့ ကိုမြင်အောင်ကို ကြည့်ပြီးမှ မေတ္တာပို့ တာပါ ကျမရဲ့ ချစ်ခင်ပွန်း ကိုဇင်(နန်းရှင်)ကဖုန်းခေါ်လာပါတယ် သူ့ အသံကြားလိုက်ရတာနဲ့ ကျမခြေမကိုင်မိ လက်မကိုင်မိနဲ့ ခြေတုန် လက်တုန်တွေဖြစ်ပြီး Skype ဖွင့်ခိုင်းတာကိုဘဲတော်တော်နဲ့ ဖွင့်မရဖြစ်နေတာပါ ကျမဝမ်းသာလိုက်တာ သူနဲ့ စကားပြောရတာကိုက ကျမအတွက် အားဆေးပေါင်းများစွာထက် အစွမ်းထက်ပါတယ် ကျမဘဝအတွက် လိုအပ်ချက်က သူပါ ကျမဝန်ခံပါတယ် ကျမသူ့ ကို သိပ်ချစ်တာပါ ပြီးတော့.............အိပ်တော့မယ်တဲ့ ဖုန်းမခေါ်နဲ့ နော်တဲ့ အင်း လို့ ပြောပြီး ပိတ်သွားပေမဲ့  ပြည့်နှက်နေတဲ့ဝမ်းသာခြင်းတွေက နတ်သုဒ္ဒါ စားထားသလိုကို ပြည့်နေတာပါ ကျမရင်ထဲမှာ ဘာခံစားချက် ဘာဝမ်းနည်းခြင်းတွေမှမရှိတော့တာပါ ကျမ ကျေးဇူးတင်ပါတယ် ကျမအတွက်  အားဆေးပေါင်းများစွာထက် ပြီးပြည့်စုံတဲ့ သူ့ ရဲ့ အသံက အားအင်တွေပြန်လည်ပြည့်လာပါတယ် ကျမရဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံသွားတာပါ ကျမပျော်လိုက်တာ ဘယ်လိုပျော်နေမှန်းကိုမသိတော့ပါဘူး ကျမသိပ်ပျော်နေပါတယ် ကျမအပျော်ကြောင့်များ အနှောက်အရှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်
I love it, i m longing u so so much my beloved husband.
သူကိုဘယ်လောက်ချစ်လဲဆိုရင်....သူကိုလွမ်းလို့သူနာမည်လေးတိုးတိုးလေးခေါ်လိုက်ရင်တောင်ကျွန်မပျော်ရတဲ့အဖြစ်သူကို ဘယ်လောက်ချစ်လဲဆိုရင်.....သူကိုလွမ်းတိုင်း ကျခဲ့တဲ့ ကျွန်မမျက်ရည်တွေကိုတောင် မနှမြောတတ်တဲ့အဖြစ်သူကို ဘယ်လောက်ချစ်လဲဆိုရင်.......သူနဲ့အဆင်မပြေဖြစ်တိုင်း ကျွန်မတစ်ယောက်ထဲ သူနဲ့အပြန်အလှန်ပို့ခဲ့သမျှ စာလေးတွေဖတ်ပြီငိုနေတတ်တဲ့အဖြစ်  သူကိုဘယ်လောက်ချစ်လဲဆိုရင်..........သူကလွဲရင် တခြားသူဆိုတာ ကျွန်မစိတ်ကူးထဲမှာတောင် မတွေးမိအောင် သူတစ်ယောက်ကို ချစ်မိတဲ့အဖြစ်
 ကိုယ်တို့ဟာ အချစ်ဆိုတဲ့ အရာကိုဘယ်သူမှ မပေးဖူးတဲ့ တန်ဖိုးအကြီးကြီး တွေ ပေးပြီး ဝယ်ယူခဲ့ကြတာပဲ။ မောင့်အချစ်ကို ရဖို့ကိုယ့်မှာ ရှိပြီးသား ဂုဏ်သိက္ခာ ကိုယ့်မှာ ရှိပြီးသားမာန၊ ကိုယ့်ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အချိန်ကာလ၊ အားလုံးကို ကိုယ်စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ရလာခဲ့တာက မောင့်အချစ်မဟုတ်ဘူး။ ဆင်းရဲဒုက္ခတွေ၊ သောကတွေ၊ ရှက်ရွံ့နာကျည်းမှုတွေ...၊ နောက်ပြီးတော့ အရှုံးတွေ...။
Sunday, April 7, 2013
ကျမနဲ့ ကိုနန်းရှင်(ကိုဇင်)ရဲ့ လေးနှစ်မြောက်မင်္ဂလာနေ့ အမှတ်တရ
အချစ်နဲ့ စတဲ့လွန်ခဲ့တဲ့လေးနှစ်ကဒီနေ့ မှာ နန်းရှင်+ရီလင်းတို့ ဇနီးမောင်နှံ။
တယောက်နဲ့ တယောက်ချစ်ခြင်းများစွာနဲ့ အိမ်ထောင်တခုကို ပျော်ရွှင်ကြည်နူးစွာနဲ့ တည်ဆောက်ခဲ့ကြတယ်နော်
နောင်တမဲ့အချစ်
မောင်ရယ် . . .ကိုယ့်ရင်ထဲက စကားသံတွေကို နားလည်မယ်ဆိုရင်“ဝေးကွာခြင်း” ဆိုတာ နတ္ထိပါပဲ . . .။
မောင်ရယ် . . .ကိုယ့်ရင်ထဲက ဒါဏ်ရာတွေကို ကုစားပေးမယ်ဆိုရင်“လွမ်းဆွေးခြင်း” ဆိုတာ နတ္ထိပါပဲ .  .။
မောင်ရယ် . . .ကိုယ့်ရင်ထဲက အချစ်တွေကို ယုံကြည်မယ်ဆိုရင်“နောင်တ” ဆိုတာ နတ္ထိပါပဲ . . .။
ဝေးကွာခြင်းတွေရဲ့ နောက်ကွယ်ကလွမ်းဆွေးခြင်းတွေကိုအချစ်နဲ့ဖုံးကွယ်လိုက်မယ်ဆိုရင်“နောင်တ”ဆိုတာ ဟိုး . . . အဝေးကြီးမှာပါ . . . မောင်ရယ် . . .။
Monday, April 1, 2013
ကျမရဲ့ ခံစားချက်(တုန်လှုပ်ခြင်း)
Monday, April 1, 2013
ကျေးဇူးကမ္ဘာ မြတ်ရတနာ
ကျနော်သေသွားပြီလား။အသက်ရှင်နေသေးတာ တကယ်မှ ဟုတ်ရဲ့ လားလို့ ကိုယ့်အသားကို ကိုယ်ပြန် ကုတ်ဖဲ့ကြည့်မိတယ်။ လျှာကိုခပ်နာနာလေး ကိုက်ကြည့်လိုက်မိတယ် ။  သေခြာသွားပြီ။ ကျနော် မသေသေးဘူးဆိုတာ။နယူးယောက်ပြည်နယ်ရဲ့ ဟိုင်းဝေးတစ်ခုမှာ ကျနော့် ကားဆီကို တခြားကားကလူတွေ သုံးလေးယောက်ရောက်လာပြီး။ဘယ်လိုနေလဲ ။အခြေနေ ကောင်းလား စသည် ဝိုင်းမေးကြသည်။ကျနော် ကိုယ့်ကိုယ်ကို တစ်ကိုယ်လုံး ပြန်သတိထားမိလိုက်ပြီး ။ပြန်ဖြေလိုက်တယ်......အာလုံးအဆင်ပြေတယ် ဘာဆိုဘာမဖြစ်ဘူးဆိုတဲ့ အကြောင်း ။လူကသာ ဘာမှမဖြစ်တာ။မောင်းလာတဲ့ ကားလေးကတော့ ဒရိုက်ဘာဘက်အခြမ်းက ကျနော်ထိုင်မောင်းနေတဲ့ နေရာလေးကလွဲပြီး တခြမ်းလုံး ရစရာမရှိအောင် ကြေမွသွားတယ်။
ညဘက်အလုပ်လုပ်နေကတည်းက စိတ်ထဲမှာ ဘာကိုစိုးရိမ်မှန်းမသိ စိုးရိမ်နေမိတယ်။ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေတယ်။အဲ့သလို ဖြစ်တိုင်းလဲ ဂုဏ်တော်ကိုးပါး ဖြစ်ဖြစ် သမ္ဗုဒ္ဓေဂါထာကိုဖြစ်ဖြစ် တစ်ခုခုကို အာရုံပြု ရွတ်မိနေတတ်တယ်။ဘာရယ်မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက အမေသင်ပေးထားတာလေးတွေကို မမေ့ အောင်ရယ် ဘုရားတရား အာရုံပြုတာ စိတ်ငြိမ်တယ် အေးချမ်းတယ် ဆိုတဲ့ အသိတခုတည်းနဲ့ ရွတ်နေမိတာ။ ဒီနေ့ တော့ အဲ့ဒိ ကျေးဇူးတွေကို လက်တွေ့ ခံစားလိုက်ရတယ်လို့ လုံးဝယုံကြည်သွားပြီ။
ညဘက်အလုပ်လုပ်ပြီး မိုးလင်းလို့ အလုပ်သိမ်းပြီး အိမ်အပြန်လမ်းမှာ...ရုတ်တရက် ကားစတီယာရင် က လုံးဝထိန်းချုပ်လို့ မရတော့ပဲ ကားတစီးလုံး လည်ထွက်သွားတာ။တခါမှလဲ မဖြစ်ဖူးတော့ ကြောင်အန်းအန်းနဲ့ အံ့အားသင့် ဘာလုပ်ရမည်မသိဖြစ်သွားတယ်။ပြီးတော့ ဟိုင်းဝေး အလယ်ခေါင်က သံတိုင်ကြီးကို ဝင်တိုက်လိုက်တယ်။စပိ လစ်မစ် (၇၀) နဲ့တိုက်တာ။ပီးတော့ ကားလမ်းပေါ်မှာ သုံးပါတ်လောက်လည်ပြီး ကားဖင်နဲ့ အဲ့ဒိသံတိုင်ကိုပဲ ပြန်ဝင်တိုက်တယ်။ကားတစ်စီးလုံး သုံးမရတော့ပေမဲ့ လူကတော့ အပွန်းအပဲလေးနဲ့ ထိပ်လန့် မှုအနည်းငယ်လေးတောင် မဖြစ်လိုက်ဘူး။ ရတနာသုံးပါးရဲ့ ကျေးဇူးလို့ ပဲ ရိုးရိုးလေး ဝန်ခံလိုက်ပါတယ်။
နန်းရှင်
၎၊၁၊၂၀၁၃။
Friday, March 22, 2013
မလေးရှားမှ ကုသိုလ်
ကျမ မလေးရှားမှာနေစဉ်က နေ့ စဉ်နေ့ တိုင်း နံနက်ခြောက်နာရီထိုး အလုပ်သမားများအလုပ်သွားသည်နှင့် ဆန်လေးဘူးခန့် ကို အိမ်ရှေ့ တွင်ကြဲချထားလိုက်ပါသည်။ စာကလေးများကိုအစာကျွေးခြင်းပါ။ ဆန်ကီလို ငါးဆယ် ၀င်အိတ်ကြီးတအိတ်ကို တပတ်(သို့ )ခြောက်ရက်ခန့် သာကျွေးရပါသည်။ အလွန်တရာကြည်နူးဖွယ်ကောင်းသော မြင်ကွင်းလေးကို အစာကြဲပြီးချိန်တိုင်း အိမ်ထဲမှ ကြည့်နေမိပါသည်။ စာကလေးများဆူညံစွာနှင့် အစာကိုစားနေသောမြင်ကွင်းက ကျမအတွက် တသက်မမေ့နိုင်စရာပါ။ ဆန်ကုန်သွား၍ မချမိပါလျှင် ဆူညံစွာအော်နေတတ်ပါသည်။ ကုန်တိုင်းချပေးထားပြီး ညနေသူတို့ အိပ်တန်းတက်ချိန်နီးမှ မချတော့ပါ။ သူတို့ ကိုနေ့ တိုင်းကျွေးနေသောကြောင့် နေရောင်ထွက်ပြူစအချိန်ရောက်သည်နှင့် ကျမအိမ်ရှေ့ ဓါတ်ကြိုးတွင် တန်းစီစောင့်ဆိုင်းနေကြသည်။ ကျမ၏ ဘေးအိမ်တွင်နေသော တရုတ်မကပြောပါသည်။ သူတို့ အိမ်က အ၀တ်တွေပေါ်ချီးပါချပါသည်တဲ့။ သူမပြောသည်မှာမှန်ပါသည်။ ကျမအိမ်အစာလာစားလျှင် ကျမအိမ်၌ သာနားသည်မှ မဟုတ်တာ။ အိမ်နီးနားချင်းများအိမ်များ၌လည်းနားပါသည်။ ထို့ အတွက်ကြောင့် ကျမခြံ၏ အလယ်ကောင် တည့်တည့် တွင်သာဆန်ကိုချပေးထားပါသည်။
ကိုယ့်ကြောင့်သူများကိုမထိခိုက်စေချင်သောကြောင့်နှင့် ကျမ၏ကုသိုလ်သည် သူများအတွက် အကုသိုလ်ဖြစ်နေမှာစိုးသောကြောင့်ဆင်ခြင်လိုက်ခြင်းပါ။ သူတို့ ကတော့ဘာမှမသိရှာပါ။ အစာချလျှင်စားမည်။ အစာမရှိလျှင် အော်ပါမည်။ ထိုသို့ နှင့် မလေးရှားနေထိုင်စဉ် သက်တမ်းတလျှောက် နေ့ စဉ်ပြုမြဲ ဒါန ပြုလုပ်ခဲ့ပါသည်။
Wednesday, March 13, 2013
နန်းရှင်ဖြစ်တည်လာသောရပ်ဝန်း
https://www.facebook.com/pages/%E1%80%94%E1%80%94%E1%80%B9%E1%80%B8-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/564047433624843?ref=hl
နန်းရှင် · by နန်း ရှင် · August 16, 2011
ဘ၀ရဲ့နှောင်ကြိုး
သောက ရပ်ဝန်းထဲကချစ်ကြိုးတွေကို ဖြတ်တောက်လွတ်မြောက်ချင်ပေမယ့်ငါ့နှလုံးသားမှာသံယောဇဉ်တွေ တရစ်ပြီး တရစ်ရစ်ပတ်နှောင်ဖွဲ့ အို  ပြေးမထွက်ရဲပါ ။ ငါ့အတ္တဟာ ငါ့ရင်ကို ပြန်လောင်ကျွမ်းမိုးလိုရွာနေတဲ့ အနမ်းတွေလည်းသက်မဲ့တခုလိုရင်မှာခံစားလောင်ကျွမ်းသွားတဲ့ နှလုံးသားအစုံကိုကြေကွဲစွာ ငေးကြည့်နေမိတယ်  အထပ်ထပ် လွှမ်းခြုံခံထားရတဲ့သောကတွေကြားက  အတ္တတွေ တခုပြီး တခုမွေးဖွားသံယောဇဉ်တွေနဲ့  ယက်လုပ်ထားတဲ့ဒီ အတ္တတွေဟာခါးသက်တဲ့ဘ၀အတွက်ထွက်မပြေးရဲတဲ့ဘ၀ရဲ့ နှောင်ကြိုးတွေပါလေ  ။   ။
                      ၁၃ ၊ ၈ ၊ ၁၁
(၃၈)နှစ်ပြည့် အမှတ်တရ ရေးဖွဲ့ ခြင်း
ခိုင်လင်း(မေဃ၀တီ)
နန်း ရှင်
 နန်းရှင်၏ ဖခင်  မြသန်းလင်း (ကဗျာဆရာ)
နန်းရှင်၏မွေးသမိခင် 
Monday, March 11, 2013
ရယ်စေချင်လို့ပါ
  • နန်း ရှင်
    အကြံပြုတိုက်တွန်းချက်အား အလွန်လေးစားစွာ လက်ခံထားပြီးပါပြီ။မကြာခင် တင်ပြလိုက်ပါ့မယ်...ကျေးဇူးပါနော်....။
    ကြောက်လို့ လားလို့ မေးရမလိုဖြစ်နေပြီ။
    ဒီနေ့ ကမ္ဘာ့ကဗျာနေ့ ကျင်းပတယ်။၂၁ရက်နေ့ မှာ မအားလို့ ဒီနေ့ မှ ကျင်းပဖြစ်တယ်။တခြားလူတွေမအားကြလို့ ကျနော်နဲ့ ညိုထက်(လမ်းသစ်ဦး)
    နှစ်ယောက်ပဲ အခန်းနားကိုတက်ပြီး နှစ်ယောက်ထဲကျင်းပတယ်။လူမစည်ကား
    ပေမဲ့ အရမ်းကို ခမ်းနားတဲ့ ပွဲတစ်ခုပါ။
    တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဆိုတဲ့အတိုင်း အခုထိမရင့်ကျက်နိုင်သေးသလို မုန်တိုင်းတွေကလဲ ထန်သည်ထက် ထန်နေပါ့ပဲ။
     သတွါခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။ 
Tuesday, March 5, 2013
မလေးရှားမှ သံဝေဂ
က ပြန်လာတော့ သူမကို သိပ်ဂရုမစိုက်တော့ဘူး ကောင်လေးက အပြင်သွားရင်းနဲ့ ကောင်မလေးတယောက်နဲ့  ရှု့ပ်နေတယ် ပိုက်ဆံကလဲရေလို သုံးနေတော့ သူလုပ်သမျှဖြစ်နေတာပေါ့ အဲ့ဒါနဲ့ သူမတို့ လင်မယား တကျက်ကျက်ဖြစ်လာကြတယ် သူမက ဆေးတော်တော်စွဲနေလို့  ကောင်လေးက သူ့ မကို အခန်းထဲမှာပိတ်ပြီး ထားလိုက်တယ် ဆေးဖြတ်ခိုင်းတာတဲ့ သုံးရက်လောက်ကြာတော့ ယင်းမထတော့ဘူး အဲ့ဒီတော့မှ တံခါးဖွင့်ပေးပြီး သူမအလုပ်ကို ပေးမလုပ်တော့ဘဲ ခလေးဘဲထိမ်းခိုင်းထားတယ် သူမကလဲလွတ်ပြီဆိုတာနဲ့  ကောင်လေးကို ပစ္စည်းတွေနဲ့  (ဘိန်း) အတူ ရဲ ကိုဖမ်းခိုင်းလိုက်တယ် ကောင်လေး အဖမ်းခံလိုက်ရတယ် ထောင်ကျသွားတယ် သူမ ခလေးတယောက်နဲ့ ကျန်ခဲ့ပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ် ကောင်လေး က ဆယ်လဘဲကျတာ သူမပြန်လိုက်ပေးလို့ သက်သာသွားတယ် ကောင်လေး ထောင်ကထွက်လာတော့ သူ့ ခလေးကို တောင်းတယ် ပြီးတော့ သူ့ အမေဆီကို မြန်မာပြည်ကို ပို့ လိုက်တယ် ခလေးမှာလဲ HIV ရှိနေတယ် သူမကိုတော့ စီးပွားပြိုင်ဘက်လို သဘောထားပြီးတိုက်ခိုက်တော့တာတဲ့ သူမက ဆေးစွဲသမား ဆေးမရှိရင်မဖြစ်တော့ဘူး ကောင်လေး ကလုံးဝမသုံးဘဲ ရောင်းရုံရောင်းတော့ ကောင်လေးကအရမ်းအဆင်ပြေတယ် ကောင်လေးက သူ့ ပိုက်ဆံသူပိုက်ပြီး မြန်မာပြည်ပြန်သွားတယ် သူမတယောက်ထဲ ဆေးပေးရင်လုပ်ချင်တာလုပ်အနေအထားကိုရောက်သွားတယ် ပြီးတော့ သူမကို ဆေးအမြဲရှာပေးနိုင်တယ်ဆိုတဲ့ယောင်္ကျားတယောက်နဲ့ အတူနေနေတယ် အဲ့ဒီအချိန်မှာ တခါထပ်တွေ့ လိုက်တယ် သူမရဲ့ လက်တွေမှာ ရေယုံတွေပေါက်နေတယ် အကြီးကြီးတွေ အများကြီးဘဲ သူမယူထားတဲ့ယောင်္ကျားက ဆေးလဲရှာပေးတယ် ဆေးလဲကုပေးတယ်တဲ့ ကျမတတ်နိုင်သလောက်ပိုက်ဆံပေးခဲ့သေးတယ် တော်တော်အခြေအနေဆိုးနေပြီ ဒါနဲ့ မတွေ့ မိတော့ဘူး သတင်းကြားတာတော့ ရေယုံတွေပြောက်သွားပြီး ဘိန်း (ရေခဲ)ပြန်ရောင်းနေတယ်တဲ့  ဒါပေမဲ့ ပစ္စည်းချပေးတဲ့သူတွေကို ပိုက်ဆံပြန်မပေးနိုင်လို့ ပြေးသွားရတယ်တဲ့ ပြီးတော့ ရဲဖမ်းခံရပြီး ကမ့်ထဲမှာတင် သေသွားပါတယ်တဲ့
သူမရဲ့  မလေးစရောက်တုန်းကတွေ့ လိုက်ရတာကနေ သေဆုံးချိန်ထိ အကြောင်းအရာများကို သိလိုက်ရတဲ့ ကျမအတွက် သနားပါတယ်လို့ ပြောရမလား မိုက်လိုက်တာလို့ ပြောရမလားတောင် မဝေခွဲတတ်တော့ပါ။ သို့ သော် သူမ၏ဘ၀လမ်းကြောင်းကို ကြည့်၍ သံဝေဂ ရလိုက်မိပါသည်။
Saturday, March 2, 2013
မလေးရှားမှ ဖြစ်ရပ်မှန်
ကျမမလေးရှားရောက်တော့ ပွဲစား ပို့ ပေးသောအလုပ်ရှာပေးနိုင်သောလူအိမ်တွင်နေရပါသည်။ ကျမရောက်သောနေ့ တွင် ကျမရေချိုးရန်အတွက် ရေချိုးခန်းဝင်စဉ်တွင် ထို အလုပ်ရှာပေးသောလူက ဆပ်ပြာခြင်းတောင်းလာပေးပါသည်။ ခြင်းတောင်းဆိုသည်မှာ ခေါင်းလျှော်ရည်ဘူးစသောအစုံအလင် ထည့်ထားသောခြင်းကို                ဆိုလိုပါသည်။      ထိုသူက တံခါးအပေါ် ကပေးသော်လည်း  တံခါးချက်မှာမခိုင်သောကြောင့် တံခါးပွင့်သွားရာ ကျမလဲအလန့် တကြားနှင့် တံခါးကို ပြန်ပိတ်လိုက်ပြီး ဆပ်ပြာခြင်းကို လှမ်းယူလိုက်ပါသည်။ စစခြင်းဆောက်နှင့်ထွင်းခြင်း ဆိုတဲ့စကားကကျမအတွက်များလား။ ကျမ၏မလေးရှား စရောက်ရောက်ခြင်းအဖြစ်အပျက်တခုပါ။ ကျမက အမျိုးသား၏ စပန့် သားအကျီ င်္များကို ယူသွား၍ အောက်ခံအကျီ င်္ကျောအပြည့်နှင့်ဝတ်ပါသည်။ ထိုသို့ ဝတ်စားခြင်းကပင် ထိုသူ၏ မျက်စေ့ကျစရာဖြစ်နေပြန်ပါသည်။ ကျမသွားခြင်းသည် အလုပ်လုပ်ရန်အတွက်ဆိုသော်လည်း ကျမဘာမှ မည်မည်ရရမတတ်ပါ။ စက်လဲကျွမ်းကျွမ်းကျင်ကျင်မတတ်။ အချက်အပြုတ်ကလဲလူစဉ်မမှီ။ စားသောက်ဆိုင်လုပ်ရန်ကလဲ ရုပ်ရည်ကလဲမရှိ။ သို့ သော် ထိုအိမ်တွင် ဘိန်းစားများ ကိုချက်ပြုတ်ကျွေးရန် ကျမမီးဖိုဆောင်သို့ ဝင်ခဲ့ရပါသည်။ အလုပ်မရခင်စပ်ကြားဟုပြော၍ ၀င်ခိုင်းခြင်းပါ။ ဘိန်းစားများ ဆိုသည်မှာ အလုပ်ရှာပေးမည်ဆိုသောသူတယောက်သာလျှင် အလုပ်ရှိ၍ သူ့ သူငယ်ချင်းများအားလုံးမှာ သူ့ အားမှီ၍ စားနေကြသောသူများဖြစ်ပါသည်။ အလုပ်လုပ်လျှင်လည်း အိမ်လခရရန် သုံးရက်ခန့် အလုပ်ဆင်း၍ အိပ်နေကြသောဘိန်းစားနေကြသော သူများဖြစ်ပါသည်။ ကျမတခါတရံဘူးမျှမမြင်ဘူးခဲ့သော အဖြစ်အပျက်များကြား ရောက်ရှိလို့ နေရပါသည်။ တနေ့ ကျမကို ပို့ ပေးသောပွဲစား ပြန်ရောက်လာပါသည်။ ကျမကို သူနှင့်အတူတကွနေပါ။ သူအားလုံးတာဝန်ယူပါသည်။ သူက ထိုင်းနှင့်မလေးရှားသို့ လူပွဲစားဖြစ်ပါသည်။ ထိုင်းတွင်လည်း ထိုင်းမတယောက်ကို အတူတကွနေထိုင်ပါသည်။ ကျမကိုတော့ မလေးရှားတွင်သူနှင့်အတူနေရန်အတွက်ပါတဲ့။ ကျမနေသောအိမ်တွင် အိမ်ခန်းငှားခများပေးပြီး သူထိုင်းသို့ ပြန်သွားပါသည်။ ကျမကို ထိုအိမ်ရှိ ဘိန်းစားများက သူတာဝန်ယူပါမည် ငါတာဝန်ယူပါမည် နှင့် ဘိန်းရှုသောအခန်းတွင်လုနေကြသည်ဟု တဆင့်ပြန်ကြားမိသောအခါ ကျမကျောချမ်းနေရပါသည်။ ထိုအချိန်တွင်ပင် အလုပ်ရှာပေးမည့်သူက ကျမအားအလုပ်ရှာပေးရန် အလုပ်ရှိသောနေရာသို့  ခေါ်သွားသော်လည်း အလုပ်အစဉ်မပြေသဖြင့် ထိုအိမ်၌ ပင်ပြန်နေရပြန်ပါသည်။ ကျမဟင်းချက်နေရပါသည်။ ဟင်းချက်သည်ဆိုသည်မှာလည်း အထူးအထွေမဟုတ်ပါ။ ကြက်ဥဟင်း၊ ကြက်ဥကြော်၊ ပဲနီလေးဟင်း၊ ပဲဟင်း များသာလည်နေပါသည်။ သူတို့ အားလုံးကို ထိုဟင်းများမှသာတတ်နိုင်ပါမည်။ တခါတရံတွင် ထမင်းမစားရသောနေ့ ပင်ရှိပါသည်။ ကျမတော်တော်ကိုစိတ်ကုန်နေမိပါသည်။မလေးရှားလာမိသည်မှာမှားပြီဟုပင်ကောက်ချက်ချနေမိပါသည်။ ကျမရောက်ပြီး နှစ်ဆယ့်နှစ်ရက်မြောက်နေ့ တွင် ပဲကုလားဟင်းထဲ ဆီသတ်အိုးကို ထည့်ရန် မလိုက်စဉ် ခြေထောက်ပေါ်သို့ ဆီပူများအကုန်ကျကုန်ပါသည်။ ကျမလဲစီးထားသော ဖိနပ်ကို ချွတ်ပစ်လိုက်ရာ အရည်ပြားပင်ပါသွားပြီး အဖြူထည်အတိုင်းကျန်ခဲ့ပါသည်။ ကျမဆီပူလောင်နေပါသည်။ အလုပ်လုပ်ဘို့ မဆိုထားနှင့် လမ်းတောင်မလျှောက်နိုင်တော့ပါ။ ကျမကံကြမ္မာဆိုးလေစွ။ ဆေးခန်းပြဘို့ နေနေသာသာ ဆေးပြာပင်ဝယ်ရန်ပိုက်ဆံမရှိခဲ့ပါ။ ကျမထိုအတိုင်းပင်နေခဲ့ပါသည်။ ကျမအနာမှာ နှစ်လခန့် ကြာခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဘိန်းစားနေစဉ် ဘိန်းငွေ့ တွေက ကျမအနာသို့ ဝင်ခဲ့ပါသည်။ ရက်နဲနဲကြာလာသော် သူတို့ ဘိန်းရှုချိန်ရောက်လျှင် ကျမအနာကကိုက်လာပါသည်။ သူလဲ ဘိန်းငွေ့ ကိုရှုဘို့ တောင်းနေခြင်းပါ။ ဘိန်းငွေ့ လဲရရော ကိုက်တာလဲပြောက်သွားပါသည်။ တရက်နှစ်ရက်ခန့် သတိမထားမိပါ။ သုံးရက်မြောက်နေ့ တွင် သတိထားမိလိုက်ပါပြီ။ ကျမ ကို အိမ်ပြောင်းပေးပါရန် တောင်းဆိုမိပါသည်။ ကျမကို အလုပ်ရှာပေးမည့်သူက သူ့ သူငယ်ချင်းအိမ်တွင် အခန်းသွားငှားပေးပါသည်။ အကြွေးနှင့်ပါ။ ထိုအိမ်မှာနေသောသူများက အလုပ်ကိုကောင်းမွန်စွာလုပ်ပြီး မိဘများဆီသို့  ပိုက်ဆံပို့ နေသောသူများဖြစ်ပါသည်။ ကျမကိုလဲဂရုစိုက်ကြပါသည်။ ကျမထိုအိမ်တွင်သုံးလခန့် နေပြီးနောက်အလုပ်ရရာနေရာသို့ ပြောင်းရွေ့ နေထိုင်ခဲ့ပါသည်။ ကျမကို ပို့ သောပွဲစားကတော့ပေါ်မလာတော့ပါ။ ကျမကိုအလုပ်ရှာပေးမည့်သူကတော့ အမြဲတမ်းလာပါသည်။
ကျမကိုအမတယောက်ကဲ့သို့  လာရောက်စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်တဲ့။ ကျမထိုစက်ရုံ၌ အလုပ်လုပ်နေရင်း ချာတိတ်လေးတယောက်နှင့် ရင်းနှီးခြင်း တခုစတင်ဖြစ်ခဲ့ပါသည်။ ကျမတို့ ၏ရိုးရိုးသားသားရင်းနှီးခြင်းကို  အလုပ်ရှာပေးမည့်ပွဲစားကရေးကြီးခွင်ကျယ်လုပ်၍ ရောက်လာကာ ချာတိတ်ကလေးကို ကြိမ်းမောင်းပြီး ဒီစက်ရုံတွင်အလုပ်ဆက်မလုပ်ရန် မောင်းထုတ်လိုက်ပါသည်။ ချာတိတ်ကလေး တခြားနေရာတနေရာသို့ ပြောင်းသွားပါသည်။ ကျမကိုတော့ဖုန်းဆက်ပါသည်။ ကျမအလုပ်ပိတ်လျှင် ချာတိတ်ကလေးထံသို့ သွားတတ်ပါသည်။ တရက်ချာတိတ်ကလေး ထံသွားစဉ် နောက်ကျသွားပါသည်။ တော်တော်မိုးချုပ်မှ စက်ရုံသို့ ပြန်ရောက်လာသောကျမကို ပွဲစားက သူ့ စောင့်နေသည်မှာကြာလှပြီး ချာတိတ်ကလေး၏ အလုပ်သို့ ပင်ရောက်ခဲ့ကြောင်းပြောပါသည်။ နောက်ထပ်ထပ်သွားလျှင်ချာတိတ်ကို သတ်ပစ်မည်ဟုပင်ခြိမ်းခြောက်လာပါသည်။ ကျမကိုလည်း သူကြိုက်နေကြောင်း ပြောပါသည်။ ကျမကတော့ သူ့ စကားများကို အရေးတယူမလုပ်ခဲ့ပါ။ သွားမြဲသွားဖြစ်ခဲ့သည်။ တနေ့  ညနေခြောက်နာရီခန့် တွင် ချာတိတ်ကလေး၏ စက်ရုံမှ ဖုန်းဆက်လာပါသည်။ ချာတိတ် ဒါးထိုးခံရလို့ ဆေးရုံရောက်နေပါသည်တဲ့။ ညနေ သုံးနာရီ Tea Time အချိန်တွင် လူနှစ်ယောက်လာတွေ့ ပါသည်တဲ့။ ပြီးတော့ လည်ပင်းတွင် နှစ်ချက် လည်မြိုတွင်တချက်ထိုးသွားရာ သွေးများအလွန်ထွက်နေပါသည်တဲ့။ကျမတော်တော်တုန်လှုပ်သွားပါသည်။  မနက်မိုးလင်းစအချိန်တွင် ဖုန်းဆက်ကြည့်ရာ ချာတိတ်သေပါပြီတဲ့။ ကျမဆေးရုံသို့ လိုက်သွားကြည့်ခဲ့ပါသည်။ ကျမဘာဆိုဘာမှမတတ်နိုင်ခဲ့ပါ။ ကျမကြောင့် ချာတိတ်ကလေးဒုက္ခရောက်သွားခဲ့ပါပြီ။ ကျမဆီသို့ ပွဲစားရောက်လာပြီး နောက်ထပ်တနေရာတွင် အလုပ်သွင်းပေးခဲ့ပါသည်။ ချာတိတ်ကိစ္စအတွက် ကျမကိုပါ ခြေရာဖြောက်ခြင်းဖြစ်ပါသည်။ ကျမ ကိုလဲခြိမ်းခြောက်ပါသည်။ နောက်တခါထို အဖြစ်အပျက်မျိုးဖြစ်ခဲ့ရင် ကျမကိုသတ်ပါမည်တဲ့။ ကျမသူ့ လက်ကလွတ်ရန် မြန်မာပြည်ပြန်ရုံကလွဲလို့ တခြားနည်းမရှိတော့ပါ။ ထို့ အတွက်ကြောင့် ကျမမြန်မာပြည်ပြန်ပါတော့မည်။ 
ထို အကြောင်းအရာများသည် ကာယကံရှင်ကိုယ်တိုင် မြန်မာပြည်မပြန်ခင် ကျမဆီမှ အကူအညီတောင်းခံရင်း ပြောပြသွားသောဖြစ်ရပ်မှန် ဇါတ်လမ်းလေးကို ပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီး မှာ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ရင်တွင်းခံစားချက်များကို ပြောပြပြီး ကျမချိတ်ပေးသောပွဲစား နှင့် နောက်ရက်တွင် မြန်မာပြည်သို့ ပြန်သွားပါတော့သည်။
တစ္ဆေခြောက်ခံရခြင်း
ကျမအိမ်ထောင်ကျသောအခါ ကျမအဒေါ် ဖေဖေ့အကို၏မိန်းမ က မင်္ဂလာ ကိစ္စများကို လိုက်ပါဆောင်ရွက်ပေးပါသည်။ ကျမဖေဖေက ၀န်ထမ်း ဖြစ်၍ ထားဝယ်တွင် တာဝန်ကျနေပြီး မေမေက မော်လမြိုင် ရေပေါ်ဈေးထဲတွင် လ္ဘက်ရည်ဆိုင်ဖွင့်ထားပါသည်။ ကျမဖေဖေနှင့်မေမေ က ပိုက်ဆံသာပေး၍ လစ်လျှူ ရှုထားခဲ့ပါသည်။ သို့ သော် ကျမအတွက်မေမေက တလလျှင် လခ သဘောမျိုးပေးပါသည်။ ကျမအမျိုးသား က သူ့ သူငယ်ချင်း ရထားသောလိုင်းခန်းတွင် နေထိုင်ရန် အစစအရာရာ စီစဉ်ထားပြီးသား ဖြစ်ပါသည်။ ထိုသို့ နှင့် ကျမ ကိုယ်ဝန်ရရှိခဲ့ပါသည်။ ကျမကိုယ်ဝန်ရထားမှန်းသိသော မေမေက စားစရိတ်အပြင် ဆေးခန်းသွားပြဘို့ အတွက်ပါ ထောက်ပံ့ပေးခဲ့ပါသည်။ ကျမမွေးဖွားရန်အတွက် မေမေရှိရာမော်လမြိုင်သို့  သွားရောက်ခဲ့ပါသည်။ ကျမသွားသောနေ့ က စနေနေ့ ဖြစ်ပါသည်။ မော်လမြိုင် သို့ ရောက်သောအခါ မေမေက ဖေဖေရှိရာ ထားဝယ်သို့  သွားနေသောကြောင့် ဆိုင်က အလုပ်သမား များက အိမ်သော့ပေး၍ နေစေခဲ့ပါသည်။ တနင်္ဂနွေနေ့  နံနက် နှစ်နာရီခွဲ ခန့် တွင် ကျမ ခါးထဲမှ မျက်ကနဲ ခံစားလိုက်ရပါသည်။  သို့ သော် ကျမပြန် အိပ်ဘို့ ကြိုးစားပါသည်။ ဘယ်လိုမှ အိပ်လို့ မရတော့ပါ။ ခါးထဲမှ တော်တော်ကို ကိုက်ခဲနေပါသည်။ ကျမအမျိုးသား က ရုံးကခွင့်ယူ၍ လိုက်ပို့ ပြီး ပြန်ရန်ဖြစ်ပါသည်။ ထိုသို့ ဝေဒနာကို ခံစားနေရသောကြောင့် အမျိုးသားက နံနက် ငါးနာရီတွင် မော်လမြိုင်မြို့ ရှိ ပေါ်ပြူလာသားဖွားအထူးကု ဆးခန်း သို့ ပို့ ပေးခဲ့ပါသည်။ သူလဲအတူတူ ကျမနှင့် ရှိနေပါသည်။ ကျမတို့ ၏ သားဦးလေး ကို နံနက် ခြောက်နာရီ ဆယ့်ခုနစ်မိနစ်တွင် အောင်မြင်စွာမွေးဖွားခဲ့ပါသည်။ ဆေးခန်းတွင် အခန်းပေးထားပါသည်။ အခန်းထဲတွင် ကုတင်နှစ်လုံးထည့်ထားပြီး အလည်တွင်စားပွဲတလုံးရှိပါသည်။ အခန်းပေါက် ကိုတော့လိုက်ကာနှင့်ကာထားပါသည်။ တံခါးမရှိပါ။ ကျမနှင့် သား က ကုတင်တလုံး ကျမအမျိုးသားက ကုတင်တလုံး နှင့်အခန်းထဲတွင် အဆင်ပြေစွာ နေထိုင်နိုင်ပါသည်။ စားရေးသောက်ရေးကိုတော့ ဆိုင်က ချက်ပြီး လာပို့ ပါသည်။ ထိုသို့ နှင့် သုံးရက်မြောက်သောညတွင်ဖြစ်ပါသည်။ ကျမ ဖြတ်ကနဲ နိုးလာသောကြောင့် မျက်စိဖွင့်ကြည့်လိုက်ရာ အခန်းဝမှ ဆံပင်ရှည်ကိုဖားလျှားချထားသော ကိုယ်ဝန်နှင့်အမျိုးသမီး လိုက်ကာကို မ၍ ၀င်လာသည်ကို အတိုင်းသားမြင်နေရပါသည်။ မျက်နှာကိုတော့မမြင်ရပါ။ ကျမရင်တွေတဒိန်းဒိန်းခုန်နေသည်ကို ပြန်ကြားနေရပြီး ကြောင်၍ ကြည့်နေမိ ပါသည်။ ပြီးတော့မှ ကျမအမျိုးသားကို သတိရသွားသောကြောင့် အမျိုးသား၏အမည်ကို အော်ခေါ်မိပါသည်။ သို့ သော် အသံလုံးဝမထွက်ပါ။ ကျမကသာ အားယူ၍အော်နေသော်လည်း ဘာသံမှကိုမထွက်လာပါ။ ထိုအမျိုးသမီး  တဖြည်းဖြည်းနှင့် ကုတင်နားရောက်ခါနီးမှ ကြောက်လွန်း၍ အသားကုန်အော်လိုက်မိပါသည်။ ထိုအချိန်တွင်မှ အသံထွက်သွားပြီး ကျမအမျိုးသားက ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဟုအလန့် တကြားနှင့်ထလာပါသည်။ ကျမဘေးဘီကို ပြန်ကြည့်လိုက်သောအခါ ထို အမျိုးသမီး ၏ အရိပ်အယောင်ကို လုံးဝမမြင်ရတော့ပါ။ ကျမလဲဘာမှမပြောဆိုနိုင်တော့ပါ။ တော်တော်ကို ဆို့ နင့်နေပါသည်။ ကျမအမျိုးသားက ရေကို မန်းပြီး တိုက်ပါသည်။ ကျမအမျိုးသားကို ဟိုဘက်ကုတင်မသွားပါနဲ့  ကျမနားမှာ နေရန်သာခေါ်ထားမိပါသည်။
Friday, March 1, 2013
၂၀၁၃ ထမနဲပွဲ(Rensselaer in USA)
ကိုနန်းရှင်(ခ) ကိုဇင် http://www.myshmm.com/